နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များလက်ထဲကိုသာအပ်ရန် အရေးကြီးဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းပြော

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ လက်ထဲကိုသာ အပ်ရန် အရေးကြီးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

“နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရက စီးပွားရေးလုပ်စရာအကြောင်းကိုမရှိဘူးလို့ မြင်တယ်။ အစိုးရက နိုင်ငံဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းဖို့၊ အဲ့စည်းမျဉ်းစည်း ကမ်းတွေကို တရားဥပဒေနဲ့အညီ လိုအပ်သလို ပံ့ပိုးကူညီပေးဖို့ လိုတယ်။ စီးပွားရေး မလုပ်တတ်တဲ့အစိုးရက လုပ်စရာမလိုဘဲနဲ့ လုပ်တတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲပဲအပ်ရဖို့ အရေးကြီးပါတယ်၊ ပြည့်ဝမ်းပိုင်းလို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲမှာပဲရှိစေရမယ်”ဟု ယခုလ ၁၈ ရက် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည့်  မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်နှင့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်းလုင်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ၀န်ကြီးက ပြောကြားခဲ့သည်။

မလိုလားအပ်ဘဲ နိုင်ငံတော် က ပိုင်ဆိုင်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို အစိုးရလက်ထဲတွင် ကိုင်ထားစရာအကြောင်းမရှိကြောင်း၊ Business Management နှင့် စီးပွားရေးသဘောတရားများ နားမလည်ဘဲ အုပ်ချုပ်မှုom နားလည်သည့် ၄င်းတို့ အစိုးရသည် ၄င်းတို့ သိသည့် အသိလောက်နှင့် စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်နေပါက  စီးပွားရေးဆုတ်ယုတ်ရန်သာရှိပြီး မတိုးတက်နိုင်တော့ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

“မြန်မာက ပိုင်ဆိုင်ထားတဲ့ SOEA SEFA တွေမှာလည်း လွန်ခဲ့တဲ့ ၆ နှစ်ထဲက  financial report ကို ကြည့်ရင် အရှုံးတွေချည်းပဲ။ ဒါဟာ ဘာကိုပြသလဲဆိုတော့ မနိုင်မနင်းတွေ မကျွမ်းကျင်တာတွေကို လုပ်စရာမလိုဘူး၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုံခြုံရေးကိစ္စ၊ မလွဲမသွေထိန်းသိမ်းရမယ့်ကိစ္စကလွဲလို့ ကျန်တာတွေကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေ လက်ထဲမှာပဲ ရှိစေရမယ်။ ဒါ ကျွန်တော်တို့ရဲ့ အခြေခံသဘောထားပါပဲ”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။  

ရွှေရင်ငြိမ်းအေး

 

Category: 

Share