အဆိုတော်ရဲရင့်အောင်နှင့် သတင်းထွက်နေသည့် သရုပ်ဆောင် ဧငြိမ်းဖြူက အချစ်ရေးအား အချိန်တန်မှ ဖွင့်ပြောမည်ဟုဆို

ဧငြိမ်းဖြူသည် လတ်တလော အွန်လိုင်းပေါ်တွင် ပြောဆိုနေကြသည့် အချစ်ရေးသတင်းများ ထွက်ပေါ်မှုကို မေးမြန်းရာ၌ မိဘများ၏ သဘောထားမှာ ရည်းစားမထားစေချင်သော စိတ်ဆန္ဒရှိနေပြီး အချစ်ရေးကို အသိပေးသင့်သည့် အချိန်ရောက်မှသာလျှင် အသိပေးမည်ဟု ၄င်းကပြောသည်။

“ဒီကိစ္စကို မပြောသေးတာကလည်း အနုပညာလုပ်ငန်း စတင်လုပ်နေချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။ သူ့ရဲ့အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့လည်း သိထားပါတယ်။ သူဖြစ်သွားတဲ့ အချိန်တုန်းကလည်း ဖြေသိမ့်ပေးခဲ့တာမျိုးတော့ ရှိပါတယ်။ လက်ရှိအချစ်ရေးကိုတော့ အသိပေးသင့်တဲ့ အချိန်ကျရင်တော့ အားလုံးကို အသိပေးမှာပါ”ဟု ဧငြိမ်းဖြူက ပြောသည်။

ထို့အပြင် ရဲရင့်အောင်နှင့် ဧငြိမ်းဖြူတို့၏ ခင်မင်မှုသည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက သူငယ်ချင်း ခင်မင်မှုအဆင့်သာဖြစ်သည်ဟု ကယကံရှင်ဧငြိမ်းဖြူကိုယ်တိုင် ဖြေကြားထားမှုရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ချစ်သူများနေ့က ရဲရင့်အောင်နှင့်အတူ အင်္ကျီဆင်တူ ၀တ်ခဲ့ကြောင်း ဓာတ်ပုံနှင့် သတင်းများ ထွက်ပေါ်မှုလည်း ရှိခဲ့သည်။

ထို့နောက် Laurel Art အကယ်ဒမီကျောင်းမှ သရုပ်ဆောင်တစ်ဦးဖြစ်သော ဧငြိမ်းဖြူသည် ဒါရိုက်တာဝိုင်း ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီး၌ ပါဝင်သရုပ်ဆောင်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

၎င်းသည် ရေဒီယိုကက်ဆက်ဇာတ်လမ်းတွဲများ၌ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးဖြစ်သည်။

ဇင်မင်း

 

Category: 

Share