UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်ထိပ်ဆုံးမှ ရပ်တည်

UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်သည် ပေါင် ၁၃၁ သန်းဖြင့် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သည်။ ဟာလ်မီတန်သည် ဖော်မြူလာဝမ်းပြိုင်ပွဲများတွင် ချန်ပီယံဆု အမြောက်အမြား ရရှိခဲ့သည့်အပြင် စပွန်ဆာကြေးများမှလည်း ၀င်ငွေ ရရှိခဲ့သည်။ ဟာမီလ်တန်၏ ၀င်ငွေသည် တစ်နှစ်အတွင်း ပေါင် ၂၅ သန်းထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဟာလ်မီတန်၏ နောက်တွင် မန်ယူအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပေါင်သန်း ၁၁၀ဖြင့် ရပ်တည်နိုင်ခဲ့သလို မန်ယူအသင်း၏ နောက်ထပ်ကစားသမားဖြစ်သည့် ၀ိန်းရူနီက ပေါင်  ၉၃သန်းဖြင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်းတို့နောက်တွင် ဖော်မြူလာဝမ်း နောက်ထပ် ကားမောင်းသမားတစ်ဦးဖြစ်သည့် ဂျေဆန်ဘက်တန်က ပေါင် ၈၆သန်း၊ အိုင်ယာလန် တင်းနစ်အကျော်အမော် မက်အီရွိုင်းက ပေါင် ၈၂သန်း၊ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ပေါင် ၇၇သန်းတို့နဲ့ အသီးသီး ရပ်တည်နေခဲ့သည်။ ယခုစာရင်းတွင် မန်ယူနည်းပြ မော်ရင်ဟိုလည်း ပါဝင်လာခဲ့ပြီး ပေါင် ၆၁သန်း၊ ရီးရဲယ်တောင်ပံကစားသမား ဂါရက်ဘေးလ်က ပေါင် ၅၄ သန်း၊ အဲလ်အေလိတ်ကာ ဘတ်စကတ်ဘောကစားသမား လူဒန်နှင့် မန်းစီးတီးနည်းပြ ပက်ဂွာဒီယိုလာတို့ ပေါင်း ၅၀ စီဖြင့် အစဉ်လိုက် ရပ်တည်နေခဲ့သည်။

 

Category: 

Share