ပရိသတ် ကြားရင်ကြားတဲ့အတိုင်း ၀ါဆိုရဲ့အချစ်ရေးပါဟု သရုပ်ဆောင် ၀ါဆိုမိုးဦးပြော

Snare အဖွဲ့မှ ဖြိုးလေး၏ချစ်သူဟု လူသိများနေသော သရုပ်ဆောင် ၀ါဆိုမိုးဦးသည် အချစ်ရေးကို သီးသန့် ဦးစားပေး စဉ်းစားတာမျိုး မရှိဘဲ ပရိသတ်များ ကြားနေသည့်အတိုင်း ၀ါဆိုရဲ့အချစ်ရေးပါဟု ၄င်းက တူမောရိုးသို့ ပြောကြားခဲ့သည်။

“အချစ်ရေးနဲ့ပတ်သက်လို့ ဘယ်သူကိုမှ ဖွင့်ဟပြောလေ့ မရှိဘူး။ ပရိသတ် ကြားရင်ကြားတဲ့အတိုင်း၊ မြင်ရင်မြင်တဲ့အတိုင်း ၀ါဆိုရဲ့အချစ်ရေးပါပဲ။ အချစ်ရေးကို သီးသန့် စဉ်းစားတာမျိုး မရှိသေးပါဘူး။ ဖြိုးလေးနဲ့ ၀ါဆိုတို့ကို ပရိသတ်တွေ ထင်မြင်ယူဆကြတဲ့အပေါ် ဖြေရှင်းချက် မပေးချင်ပါ ဘူး။ ကောလာဟလ ထွက်နေတဲ့အပေါ် အခုထိ ငြင်းခဲ့တာ မရှိသေးပါဘူး။ လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အသက်ကလည်း ငယ်သေးတော့ လုပ်စရာအလုပ်တွေ အများကြီး ရှိနေသေးတာမို့လို့ အချစ်ရေးကို ထုတ်ဖော် ပြောရမယ့်အချိန် မဟုတ်သေးတဲ့အတွက် အထွေအထူး ပြောစရာတော့ မရှိသေးပါဘူး”ဟု ၄င်းက ပြောသည်။

သရုပ်ဆောင် ၀ါဆိုမိုးဦးသည်  ယခုနောက်ပိုင်းတွင် သရုပ်ဆောင်ခြင်း လုပ်ငန်းများအပြင် အဆိုလုပ်ငန်း များကိုလည်း ပူးတွဲ လုပ်ကိုင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် လာမည့်နှစ်တွင် မိမိစိတ်တိုင်းကျ ရုပ်ရှင်ကားကြီး တစ်ကား ထုတ်လုပ် ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ လက်ရှိတွင် သူမ၏ တစ်ကိုယ်တော် တေးစီးရီးဖြစ်သည့် “မိုက်လားပြောကြည့်” ခွေကိုလည်း ထွက်ရှိထားသူဖြစ်ပြီး ဖြိုးလေး ရေးစပ်ပေးထားသည့် တေးစီးရီးခေါင်းစဉ်ဖြစ်သည့် မိုက်လားပြောကြည့် တေးသီချင်းနှင့် မင်းကြိုက်တာလုပ် တေးသီချင်း ပါဝင်သည့် စာသားများသည် လတ်တလောတွင် ပရိသတ်များအကြား  ရေပန်းစားလျက်ရှိသည်။                

ဇင်မင်း

 

Category: 

Share