ဘုရားကျောင်းဟူ၍ မှတ်ပုံတင်ထားသော်လည်း အတွင်း၌ လိင်ဖျော်ဖြေရေးကလပ် ဖွင့်ထားကြောင်း တွေ့ရှိ

အမေရိကန်နိုင်ငံ တန်နန်စီးပြည်နယ် နက်ရှ်ဗီလီမြို့၌ စုံစမ်းစစ်ဆေးရေးအရာရှိများသည် ရုပ်ဖျက်ပြီး ဘုရားကျောင်းဟု မှတ်ပုံတင်ထားသော အဆောက်အဦးအတွင်း ၀င်ရောက်စစ်ဆေးရာ ဘုရားကျောင်း မဟုတ်ဘဲ အတွင်း၌ လိင်ဖျော်ဖြေရေးကလပ် ဖွင့်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါကလပ်သည် ၂၀၁၅ ခုနှစ်တွင် မက်ဒီဆင်ရပ်ကွက်ရှိ ရုံးဟောင်းတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပြီး ရုံးဟောင်း၏နောက်တွင် ဂွတ်ဒ်ပက်စ်ချာ ခရစ်ယာန်ဘာသာရေးကျောင်း ရှိနေသဖြင့် သက်ဆိုင်ရာအာဏာပိုင်များထံသို့ ကလပ်ဟု မှတ်ပုံမတင်ဘဲ ဘုရားကျောင်းဟု လိမ်လည်တင်ခဲ့သည်။ တန်နန်စီးပြည်နယ်တွင် စာသင်ကျောင်းများမှ မီတာ ၁၀၀၀ အတွင်း မည်သည့်ကလပ်မှ ဖွင့်ခွင့်မပြုသည့်ဥပဒေကို ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တာဝန်ရှိသူများသည် ကလပ်ပိုင်ရှင်ကို ပြည်နယ်ဥပဒေ ချိုးဖောက်မှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အဆိုပါ လိင်ဖျော်ဖြေရေးကလပ်သို့ ၀င်ကြေး ဒေါ်လာ ၁၄၀ ပေးပြီး ၀င်ရောက် ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။

 

Category: 

Share