မိကျောင်းငယ်တစ်ကောင်အား အတင်းအဓမ္မ ဘီယာသောက်စေခဲ့သော လူငယ်နှစ်ဦး အရေးယူခံရ

မိကျောင်းငယ်တစ်ကောင်၏ ပါးစပ်အတွင်းသို့ ဘီယာများ လောင်းချနေသည့် ဓာတ်ပုံများ Snapchat တွင် တက်လာပြီးနောက် ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူ လူငယ်နှစ်ဦးကို အရေးယူခဲ့သည်။ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်၊ ရစ်ခ်ျလန်းမှ အသက် ၂၀အရွယ် လူငယ်နှစ်ဦးတို့သည် ဟားဒ်ဗီလီမှ တစ်လ်မန်းသို့သွားရာ လမ်းခရီးတစ်ဝက်တွင် မိကျောင်းတစ်ကောင် လမ်းဖြတ်ကူးနေသည်ကို တွေ့ရှိခဲ့သည်။ ၄င်းတို့နှစ်ဦးသည် ကားကိုရပ်ပြီး မိကျောင်းပါးစပ်အတွင်းသို့ ဘီယာများ လောင်းချနေသည့်ပုံများကို ဓာတ်ပုံရိုက်ကာ မိကျောင်းကို အနီးရှိ ရေကန်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိများထံတွင် ၀န်ခံထွက်ဆိုခဲ့သည်။ ဖလွိုက်ဒ်နှင့် ဗီလီတို့ကို တိရစ္ဆာန် ညှဉ်းပမ်းမှုဖြင့် အရေးယူခဲ့ကြောင်း တောင်ကာ ရိုလိုင်းနား သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန (SCDNR) က ထုတ်ပြန်ခဲ့သည်။ ပြစ်မှုကျူးလွန်သူ လူငယ်နှစ်ဦး အနေဖြင့် ဒဏ်ငွေအမေရိကန်ဒေါ်လာ ၃၀၀ သို့မဟုတ် ထောင်ဒဏ်ကျမှတ်ခံရနိုင်ဖွယ်ရှိနေပြီး တရားသူကြီးက မည်သို့ချမှတ်မည်ကိုမူ မသိရှိရသေးပေ။

 

Category: 

Share