သရုပ်ဆောင်မြင့်မြတ် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ ဇူလိုင်လအတွင်း စတင်ရိုက်ကူးမည်

သရုပ်ဆောင်မြင့်မြတ်သည် လာမည့်ဇူလိုင်လအတွင်း ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်း ၄င်းကပြောသည်။

“ဗိုလ်အောင်ဒင်ဇာတ်ကားမှာက အသံအနေအထားအရ ပရိသတ်တွေလက်မခံမှာကိုတော့ စိုးရိမ်ခဲ့ရတာတွေရှိခဲ့တယ်။ ဇာတ်လမ်းတွဲကိုလည်း ရင်ခုန်မိတယ်။ ဒါက ကိုယ့်အတွက် ပထမဆုံး ဇာတ်လမ်းတွဲပါ။ ခုနောက်ပိုင်းမှာက ဗီဒီယိုဈေးကွက်က အခြေအနေသိပ်မကောင်းဘူးလေ။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားမှာလည်း စိုးရိမ်တာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။ နောက်လထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အချစ်ဟာသလို့တော့ ပြောလို့ရပါတယ်”ဟု မြင့်မြတ်က ပြောသည်။

သရုပ်ဆောင်မြင့်မြတ်သည် Media 7 မှ စီစဉ်ပြီး ဒါရိုက်တာသြရသ ရိုက်ကူးသည့် “မင်္ဂလာရှိတဲ့အရပ်” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ ၄င်းပါဝင်သရုပ်ဆောင် Original Gangster ကို ယခုလကုန်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် သရုပ်ဆောင်မြင့်မြတ်သည် အောင်တိုင်းကျော် ဗီဒီယိုရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့် ဗရမ်းဗတာတွေ ဇာတ်ကားတွင် သရုပ်ဆောင်သဉ္ဇာဝင့်ကျော်၊ ကျော်ကျော်ဗိုတို့နှင့် ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။   

ဇင်မင်း

 

Category: 

Share