၂၀၁၈ ခုနှစ်အတွင်း ဘန်ကောက်တွင် လိင်အင်္ဂါပြောင်းလဲတော့မည့် မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

အလှဖန်တီးရှင်ဖြစ်သူ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)သည် ယခုနှစ်အတွင်း လိင်အင်္ဂါခွဲစိတ်ရန် စီစဉ်ထားသော်လည်း မွေးရာပါနှလုံးအားနည်းရောဂါကြောင့် မခွဲစိတ်ဖြစ်ဘဲ လာမည့်နှစ်အတွင်းတွင် ဘန်ကောက်မြို့၌ ခွဲစိတ်၍ ပြောင်းလဲတော့မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါရှိတော့ ဆေးထိုးဆေးသောက်လုပ်နေရတယ်။ နောက်နှစ် လေးလပိုင်းလောက်တော့ လုပ်ဖြစ်မယ်။ ခုကျမှလုပ်ဖြစ်တယ်ဆိုတာကလည်း ကိုယ်ဖြစ်ချင်တာကို စုဆောင်းမိလို့ပါ။ ဒီလိုလုပ်တာ အချစ်ရေးနဲ့တော့ မဆိုင်ပါဘူး။ မိသားစုအသိုက်အမြုံလေးနဲ့ နေချင်တဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ကိုယ်က Sex ပြောင်းလဲမှုကို တအားစိတ်ထက်သန်ပြီးတော့ အစကတည်းက လုပ်ချင်ခဲ့တယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ပြောင်းလဲရာတွင် ငွေကြေးအားဖြင့် ကျပ်သိန်းတစ်ရာ့ခြောက်ဆယ် အကုန်ကျခံ ပြုလုပ်မည်ဖြစ်ပြီး ဘန်ကောက်မြို့ရှိ့ Yan Hee Hospital ဆေးရုံကြီး၌ ခွဲစိတ်မှုပြုလုပ်မည်ဖြစ်သည်။ လက်ရှိတွင် မိတ်ကပ်ညီညီမောင် (စမ်းချောင်း)သည် ခန္ဓာကိုယ်ဝိတ်ချသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လိင်အင်္ဂါပြောင်းလဲမှုတွင် မိတ်ကပ်အလှဖန်တီးရှင်များထဲမှ မထက်  (Pop Soul) ၏ လိင်အင်္ဂါပြောင်းလဲထားမှုမှာ အောင်မြင်ခဲ့ကြောင်း သိရသည်။                                                         

ဇင်မင်း

 

Category: 

Share