ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် နှာခေါင်းစီးနှင့် လက်ဆေးဂျယ်များ အခမဲ့ပေးဝေမည်

လာမည့် သြဂုတ် ၂၀ ရက်နေ့ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲတွင် လာရောက်ကြည့်ရှုကြမည့် လက်ဝှေ့ ၀ါသနာရှင်ပရိသတ်များအား နှာခေါင်းစီးနှင့် လက်ဆေးဂျယ်များကို အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်းများအဖြစ် ၅၄ ကီလိုတန်းတွင် ဒေါင်းဖြူလေး (မြန်မာ) နှင့် စိုးဝင်းသန်း (မြန်မာ)၊ ၅၇ ကီလိုတန်းတွင် ရဲသွေးနီ (မြန်မာ) နှင့် ဂွန်ထယ် (ထိုင်း)၊ ၆၀ ကီလိုတန်းတွင် ထွန်းလွင်မိုး (မြန်မာ)နှင့် အယ်လက်ဇီဆာရီပီစို့စ် (နယူးဇီလန်) တို့တွဲဆိုင်း၊ ၆၅ ကီလိုတန်းတွင် သားသည်းတစ်ပွင့် (မြန်မာ)နှင့် ဗစ်တာဟူဂိုနူးစ် (ဘရာဇီး)၊ ၆၈ ကီလိုတန်းတွင် ဖျံသွေး (မြန်မာ)နှင့် စီဘတ်စ်တီယန်ဘီလော့ဒ် (ပြင်သစ်)၊ ၇၁ကီလိုတန်းအဖြစ် စောဂေါ်မူဒို(မြန်မာ)နှင့် နျူကလီယားဒီ(အီရန်)၊ ၈၀ ကီလိုတန်းအဖြစ် ဒေ့ဗ်လက်ဒက်(မြန်မာ)နှင့် ဆိုင်းရပ်စ်ဝါရှင်တန်(အမေရိကန်) စသည့်တွဲဆိုင်းများ ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ပလက်ဝှေ့ကျော်အားလုံးသည် နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့်ချန်ပီယံဆုများရရှိထားသူများဖြစ်ကြသည်။

ထို့ပြင် အမျိုးသမီး ကီလို ၆၀ တန်းပြိုင်ပွဲဖြစ်သော ဘရာနီကာ (မြန်မာ)နှင့် မောနီကာဘားနီး(စ်)မီနာ (ကော်စတာရီကာ)တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး ထူးခြားချက်နေဖြင့် ဒေ့ဗ်မှာ မြန်မာအလံအောက်တွင် ၀င်ရောက်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

Category: 

Share