ဘင်္ဂါလီအရေးကိစ္စ တည်ဆဲအစိုးရ အခက်တွေ့နေဟု အစိုးရအကြံပေးဟောင်း ဦးကိုကိုလှိုင်ပြောကြား

ဘင်္ဂါလီအရေးကိစ္စ တည်ဆဲအစိုးရ အခက်တွေ့နေပြီဖြစ်ကြောင်း ယခင်အစိုးရ၏ နိုင်ငံတော် သမ္မတနိုင်ငံရေးအကြံပေးဖြစ်သူဦးကိုကိုလှိုင်က တူမောရိုးဂျာနယ်သို့ သြဂုတ် ၁၂ ရက်က ပြောသည်။

“ရခိုင်အရေးနဲ့ ပတ်သက်လို့ကတော့ အရင်နိုင်ငံတော်သမ္မတကြီး ဘယ်လိုရပ်တည်ခဲ့လဲအားလုံး အသိပဲလေ။ နံပတ်တစ် ဘင်္ဂါလီကို ဘင်္ဂါလီလို့ပြောပြီး ရပ်တည်ခဲ့တယ်။ အခုအစိုးရမှာ နိုင်ငံတကာဖိအားကို သတိထားတာတွေ့ရတယ်။ အခေါ်အဝေါ်ကအစ စဉ်းစားလာတယ်။ ကျွန်တော်တို့လက်ထက်တုန်းက နိုင်ငံတကာဖိအားကို စဉ်းစားပေမယ့် ပြည်တွင်းက ရေရှည်အခြေအနေကို ကြည့်ပါတယ်။ ဒီအစိုးရတက်ခါစက ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်။ အကြပ်အတည်းသုံးခု အခုအစိုးရ ကြုံတွေ့မယ်ဆိုပြီး။ အခုသူတို့ ပြည်တွင်းက ဖိအားနဲ့ နိုင်ငံတကာက ဖိအား၊ ဒါရင်ဆိုင်ကြုံတွေ့နေရပြီလို့ ပြောလို့ရပါတယ်”ဟု ဦးကိုကိုလှိုင်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြေတိုင်ကန်ကျေးရွာရှိ ကျေးလက်စကားဝိုင်းတွင် ရခိုင်အရေးအား အစိုးရအနေဖြင့် အလေးထားကြောင်း ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်က သာမန်ကိစ္စမဟုတ်သလို အကြမ်းဖက်အဖွဲ့အစည်းတွေက ပါဝင်ပတ်သက်နေတယ်။ နောက်ပြီး နှစ်နိုင်ငံကြားသွားလာနေတဲ့အတွက် တစ်ဖက်နိုင်ငံနဲ့ သံတမန်နည်းလမ်းအရ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ရခိုင်ကွန်ရက်အသင်းဥက္ကဋ္ဌ ကိုတင်ထူးအောင်ကပြောသည်။            
မင်းသီဟန်

Category: 

Share