ဖောက်ပြန်နေသော ဇနီးနှင့် လင်ငယ်အား လင်ကြီးက ပစ်သတ်

ကိုလံဘီယာနိုင်ငံ၊ အက်တလန်တီကိုမြို့တွင် အသက် ၄၂ နှစ် အရွယ် ဂျူဗန်ကားလို့စ်ဂရာစီရာသည် အသက် ၃၉ နှစ်အရွယ် သူ၏မိန်းမ စန်ထရာကတ်စ်ထရီရာနိုနှင့် သူမ၏တိတ်တိတ်ပုန်းချစ်သူ အသက် ၃၅ နှစ်အရွယ်အမျိုးသားတို့ကို အိပ်ရာထဲတွင် ချစ်တင်းနှောနေစဉ် ပက်ပင်းမိပြီး သေနတ်ဖြင့် ပစ်သတ် ခဲ့သည်။ ညဘက် လုံခြုံရေးဝန်ထမ်းဖြစ်သူ ခင်ပွန်းဖြစ်သူမှာ မိမိအလုပ်သွားချိန် ညဘက်တွင် ဇနီးဖြစ်သူ ဖောက်ပြန်နေကြောင်း အိမ်နီးချင်းများထံမှ အသိပေးချက်အရ အလုပ်သွားချင်ယောင်ဆောင်ပြီး စောင့် ဆိုင်းဖမ်းဆီးခြင်း ဖြစ်သည်။ သြဂုတ်လ ၉ ရက် ည ၉ နာရီတွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ကလေးသုံးဦးမှာ ထိုအချိန်က အခြားအခန်းတွင် အိပ်နေခဲ့ကြသည်။ ခင်ပွန်းသည် ဇနီးနှင့်လင်ငယ်ကို သေနတ်ဖြင့် တစ်ချက်စီ အသေပစ်သတ်ပြီး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့သည်။ ဖောက်ပြန်သော မိန်းမကို သတ်လိုက်ရသဖြင့် နောင်တရစရာမရှိကြောင်း ခင်ပွန်းဖြစ်သူက ရဲကိုထွက်ချက်ပေးခဲ့သည်။

Category: 

Share