အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသည့် HD ဗီဒီယိုဖိုင် သူမဟုတ်ကြောင်း ပတ်ထရစ်ရှာ ပြန်လည်ရှင်းလင်း

လတ်တလော အွန်လိုင်းစာမျက်နှာ၌ ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တစ်ခုကို ပက်ထရစ်ရှာ  HD ဟု ရေးသားမှုများရှိနေခြင်းကြောင့် သရုပ်ဆောင် ပက်ထရစ်ရှာအပေါ် ပရိသတ်များ၏ စွပ်စွဲဝေဖန်မှုများရှိခဲ့ပြီး အဆိုပါကိစ္စရပ်သည် မိဘအမြဲပါရှိနေခြင်းကြောင့် ဖြစ်နိုင်စရာမရှိကြောင်း ၄င်းဘက်မှ ပြန်လည် ဖြေရှင်းခဲ့သည်။

“ရည်စားလည်းရပြီး နောက်မှာ ကိုယ့်ကိုနာမည် ဖျက်ချင်တဲ့ပုံစံနဲ့ အွန်လိုင်းမှာ ပက်ထရစ်ရှာ HD ဆိုပြီးတင်တယ်။ ယုတ်မာကြပြီဆိုတာ သိတယ်။ ကိုယ့်ရဲ့ Fan တွေ ကိုယ့်အတွက်မခံနိုင်တာနဲ့ မက်ဆေ့ခ်ျကနေတစ်ဆင့် လာပို့တော့ ကိုယ်မဟုတ်ဘူးလို့တော့ ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ တချို့ယောက်ျားလေးတွေက ယုံနေကြတာတွေရှိတယ်။ ပက်ထရစ်ရှာ HD ဆိုပြီး Status ရေးတာတွေလည်း ရှိတယ်။  ဒီလိုကိစ္စကို ကိုယ့်မိဘလည်း အမြဲပါနေတာကြောင့် ဖြစ်စရာအကြောင်းလည်းမရှိဘူး”ဟု ၄င်းကပြောသည်။
အဆိုပါဗီဒီယိုထွက်ရှိပြီးနောက် ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာအတွင်း၌ တင်ထားသည့် ဓာတ်ပုံများကို ယောက်ျားလေးအချို့၏ စော်ကားရေးသားမှုများရှိခဲ့ခြင်းကြောင့် ပရိသတ်များ ထင်မြင်မှုမမှားစေရန်အတွက် ပြန်လည်ရှင်းလင်းပေးရခြင်းဖြစ်ပြီး ပက်ထရစ်ရှာဟု ပရိသတ်များ ထင်မှတ်စေရန်အတွက် ဗီဒီယို၏နောက်ခံ၌ မြန်မာတေးသီချင်းကို ထည့်သွင်းထားကြောင်း သိရသည်။

လတ်တလောတွင် သရုပ်ဆောင်ပက်ထရစ်ရှာသည် သူငယ်ချင်းချစ်သူ ဇာတ်ကားထွက်ရှိမည်ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရာဇ၀င်ရိုင်းကြသူများ ရုပ်ရှင်ဇာတ်ကားကြီး၌ ပါဝင်သရုပ်ဆောင်ထားမှုအပေါ် ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့သူဖြစ်သည်။                         
ဇင်မင်း

 

Category: 

Share