တာတေကြီးရုပ်ရှင်ကားမှာ Copy ဇာတ်ကားဖြစ်ဟု ဒါရိုက်တာဝိုင်းဝန်ခံ

“Copy ကား မကြည့်ချင်တဲ့သူတွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတာရှိတယ်။ ဒီဇာတ်ကားမူရင်းဇာတ်ရဲ့ ကျောရိုးကိုမဖျက်ဘူး”

ရုံမတင်မီမှာ ပင်အွန်လိုင်း၌ ဇာတ်ကားနမူနာကြည့်ရှုသူ အများအပြားရှိခဲ့သော တာတေကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံတကာမှ ဇာတ်ကားတစ် ကားကိုကျောရိုးယူကာ မှီငြမ်းရိုက်ထားခြင်း ဖြစ်ကြောင်း အဆိုပါ ဇာတ်ကားကိုပုံဖော် ရိုက်ကူးခဲ့သည့် ဒါရိုက်တာဝိုင်းက ၀န်ခံပြောကြားခဲ့သည်။

“အဓိက ဒီဇာတ်ကားကို Copyလို့ ၀န်ခံတယ်ဆိုတာကလည်း တချို့ရုံထဲဝင်ပြီး ဒီဇာတ်ကားက ကြည့်ပြီးသားကားကြီး ဟင်ဆိုတာမျိုး ဖြစ်သွားတယ်။ ဒါကြောင့် Copyကား မကြည့်ချင်တဲ့သူတွေ အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိတယ်။ ဒီဇာတ်ကားမူရင်း ဇာတ်ရဲ့ ကျောရိုးကိုမဖျက်ဘူး။ ဒါကလည်း ရှေ့ကဖန်တီးထားတဲ့ အနုပညာကို ဖျက်ဆီးသလိုလည်း ဖြစ်တယ်။ အနုပညာတစ်ခုကိုတင် ဆက်တဲ့နေရာမှာ တစ်ခုနဲ့တစ်ခု မတူအောင်တော့ တင်ဆက်ရတာပါပဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာလေး တချို့တော့ ထည့်သွင်းထားပါတယ်” ဟု ၄င်းက ပြောသည်။ အဆိုပါဇာတ်ကားတွင် အကယ်ဒမီနေတိုး အပါအ၀င် ရွှေသမီးနှင့် အခြားသော အနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားကာ ယင်းရုပ်ရှင်ဇာတ်ကားကို ယခုနှစ်မကုန်မီ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။             

ဇင်မင်း

Category: 

Share