“အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ” စာအုပ်မိတ်ဆက်ပွဲ နိုဝင်ဘာ ၁၂ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်

ဂန္ထ၀င်လူမိုက်ကြီးများထဲမှ သက်ရှိထင်ရှားကျန်နေသူများ၊ တစ်ချိန်က စကော်ပီယံအဖြစ် ထောင်ကျခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်မည်

ထောင်ကျ နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ဇော်သက်ထွေးရေးသားသည့် အင်းစိန်ထာင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် လာမည့်နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစာအုပ်မိတ်ဆက်ပွဲတွင် စာအုပ်၌ပါရှိသည့် ဂန္ထ၀င်လူမိုက်ကြီးများထဲမှ သက်ရှိထင်ရှား ကျန်နေသူများ၊ တစ်ချိန်က စကော်ပီယံအဖြစ် ထောင်ကျခဲ့သူများ၊ နိုင်ငံရေး အကျဉ်းသား ခေါင်းဆောင်များ၊ အနုပညာရှင်များမှ အမှတ်တရစကား ပြောကြားပေးမည်ဖြစ်ပြီး ယင်းဝတ္တုစာအုပ်ကို အထူးဈေးနှုန်း ၃၀၀၀ ကျပ် ဖြင့် ထိုအခမ်းအနားတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Category: 

Share