လက်သန်းဖြတ်မည့်အစား လက်ကောက်ဝတ်ကနေဖြတ်လိုက်ပါဟု ပြောခြင်းအပေါ် တိုင်ကြားပါက ဖြေရှင်းရန်အသင့်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆို

မဲပေးခဲ့သည့်လက်သန်းအား ဖြတ်မည်ဟုဆိုသော ပြောကြားမှုနှင့်ပတ်သက်၍ လက်သန်းဖြတ်မည့်အစား လက်ကောက်ဝတ်က နေ ဖြတ်လိုက်ပါဟု ပြောကြားခဲ့ခြင်း အပေါ် တိုင်ကြားပါက ဖြေရှင်း ရန်အသင့်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့်က ပြောသည်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တိုင်မယ်ဆိုရင်လည်းတိုင်ပါ။ ကျွန်တော်ဘက်က သဘောရိုးနဲ့ ပြောတာဖြစ်တဲ့အတွက် ဖြေရှင်းဖို့ အသင့်ပါပဲ။ ပါတီကလည်း အခုလို ပြောကြားခဲ့တဲ့ အပေါ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ရင်လည်း အဲ့ဒီ အပြစ်ကိုခံယူဖို့ အသင့်ရှိပါတယ်”ဟု ဒေါက်တာဇော်ဝင်းမြင့်က ပြောသည်။

စဥ့်ကူးမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် နေအိမ် များ ပျက်စီးဆုံးရှုံးခဲ့သည့်အပေါ် ရွှေတူးဖော်သည့် ကုမ္မဏီများက နိုဝင်ဘာ ၁၁ ရက်တွင် ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ပြီး  ယင်းအခမ်းအနားတွင် စဥ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဇော်ဝင်းမြင့်က လက်သန်းဖြတ်မည့်အစား လက်ကောက်ဝတ် ဖြတ်ချင်ဖြတ်ဟု ပြောကြားခဲ့ခြင်းအပေါ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းစကားသည် ပြည်သူလူထုကို ပြောကြားခြင်းမဟုတ်ကြောင်း ဒေါက်တာဇော်ဝင်းမြင့်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြည်သူတွေ ရဲ့ လိုအပ်ချက်ကို နားလည်ပါ တယ်။ လုပ်လည်း လုပ်ပေးချင်ပါ တယ်။ သို့သော်လည်းပဲ ဥပဒေ ဘောင်အတွင်းထဲကပဲ လုပ်ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေလို အပ်တဲ့အချိန်မှာ လိုအပ်တာကို မှီချင်မှမှီမယ်။ မမှီနိုင်တာတွေလည်း ရှိပါတယ်။ ဒါကို ပြည်သူ အမည်ခံလူတစ်စုက ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ဘာမှမလုပ်ပေးဘူး။  မဲပေးခဲ့တဲ့ လက်သန်းတွေကို ဖြတ်ပစ်ချင်တယ်ဆိုတဲ့ စကားတွေကို ပြောကြတယ်။ လက်သန်းဖြတ်ပစ်ချင်တယ်ဆိုတဲ့ စကားတွေ ထွက်လာတဲ့အတွက် ကျွန်တော်က ပြောလိုက်တာပါ။ပြည်သူတွေကို မရည်ညွှန်းပါဘူး။ ပြည်သူနဲ့ ကိုယ်စားလှယ်တွေကြား ရန်တိုက်ပေးနေတဲ့သူတွေကို ရည်ညွှန်းပြီး ခင်ဗျားတို့ မဲပေးခဲ့တဲ့ လက်သန်းတွေကို ဖြတ်မယ့်အစား ကိုယ့်ကိုကိုယ် မသနားရင် လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ပါလို့ကျွန်တော်ပြောခဲ့ပါတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က  ပြော သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၏ ယင်းသို့ပြောကြားခဲ့သည့် စကားအပေါ် အခမ်းအနားတက် ရောက်လာသည့် ပြည်သူတချို့မှ မကျေနပ်သဖြင့် လွှတ်တော်ကိုယ် စားလှယ် ဖြုတ်ချရေးနှင့် ပါတီမှ အရေးယူပေးရန် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟုသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပိုင်လေး

Category: 

Share