Lethwei Nation Fight ပြိုင်ပွဲများတွင် ပရိသတ်အကြိုက် ပွဲကောင်းများပါဝင်

Modern Myanmar Synergy Company နှင့်H&S Group မှ စီစဉ်သောLethwei Nation Fight ရိုးရာလက်ဝှေ့ပွဲများကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်က သိမ်ဖြူရုံတွင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ခြိုက်သော ပွဲကောင်းများပါဝင်ခဲ့သည်။
ပြိုင်ပွဲ ပွဲစဉ်များတွင် သပြေအောင်(သုံးပန်လှ)နှင့် သိန်းစိုး (အဖြူရောင်သွေးသစ်)တို့ပွဲ၊ စိုးဝင်းသန်း(ရန်စစ်ငြိမ်း)နှင့် ခွန်အာကာ (မန္တလေး ၁၈၈၆) တို့ပွဲများမှာ ပရိသတ်အကြိုက် ထိုးသတ်ရင်း သရေကျခဲ့သည်။
သွေးသစ်အောင်(မြန်မာ)နှင့် ဒွန်ဆန်ပေါင်(ထိုင်း)တို့ပွဲ၊ စောဂေါ် မူဒို(မြန်မာ)နှင့် ဆစ်မန်းနီး(ထိုင်း)တို့ ပွဲများလည်း သရေကျသည်။စောဖိုးခွား (မြန်မာ)က ပက်မွန်ချွန်း(လာအို)ကို သူတစ်ပြန် ကိုယ် တစ်ပြန် ထိုးသတ်သော်လည်း ငါးချီတွင် ဒဏ်ရာရသဖြင့် ဆေးရှုံးသည်။ ပရိသတ်အကြိုက်တွေ့သော ရန်နိုင်ထွန်း(သုံးပန်လှ)နှင့် မင်းထက်ကျော် (တိုက်ဂါး) ပွဲတွင် ရန်နိုင်ထွန်းက တတိယအချီတွင် အလဲထိုးပြီးနိုင် သည်။ အမျိုးသမီးအထူးပွဲတွင် နော်ဥမ္မာစိုး (ထွန်းသွင်)နှင့် စုလှိုင်ဦး (တောင်ဇလပ်) တို့ပွဲမှာ ပရိသတ်ကြိုက်ပြီး ပူးတွဲသရေ ကျသွားကြောင်း သိရသည်။

 

Category: 

Share