ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲရေးသားနေသူများကို တရားစွဲဆိုမည့် ရွှေပိုးအိမ်

Photo-Original Credit

နိုင်ငံပိုင်သတင်းစာတွင် နိုဝင်ဘာလ ၂၄ ရက်က  အဆိုတော်ချမ်းချမ်းနှင့် သရုပ်ဆောင်ဘုဏ်းသိုက်တို့၏ ကွာရှင်းပြတ်စဲကြောင်း သတင်းပါရှိခဲ့ပြီးနောက် ကောလာဟလများထွက်ပေါ်လာမှုအပေါ် သရုပ်ဆောင်ရွှေပိုးအိမ်က မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပြီး ဂုဏ် သိက္ခာကျဆင်းအောင် စွပ်စွဲရေးသားနေသူများကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း ၄င်းက တူမောရိုးသို့ ပြောကြား လိုက်သည်။

“ဒီကိစ္စကို ကိုယ့်နာမည် တိုက်ရိုက်တက်လာရင်တော့ ဖြေ ရှင်းသွားမှာပါ။ ဒီကိစ္စက ကော လာဟလတွေပါ။ ဘယ်လိုကြောင့် ပြောတယ်ဆိုတာ ကိုယ်တိုင် တောင် မသိပါဘူး။ ညီမမဟုတ် တဲ့အတွက်  ဒါမျိုးတွေရေးသားမှု အပေါ် ဖြေရှင်းသွားမှာပါ။ ဒီကိစ္စကို ရပ်တန်းကမရပ်ဘဲ ရှေ့ဆက်တိုးလာတဲ့သူတွေကိုတော့ တရားစွဲဆို ဖို့ရှိပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ယင်းသို့ စွပ်စွဲနေမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၅ ရက်တွင် ရွှေပိုးအိမ်က ၄င်း၏ ဖေ့စ်ဘွတ်ခ်၌ “ငါဟိုဘဝက သူများတွေကို မတရားပြောခဲ့လို့နဲ့ တူပါတယ်။ ဝဋ်ကြွေးရှိလည်း ကျေပါစေတော့”ဟု ရေးသားထားခဲ့သည်။

လက်ရှိတွင် သရုပ်ဆောင် ရွှေပိုးအိမ်သည် ပုဂံ၌ ဓာတ်ပုံရိုက် ကူးမှုများပြုလုပ်နေပြီး ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားရန် စီစဉ်နေကြောင်း သိရသည်။

 

ဇင်မင်း

Category: 

Share