မန္တလေးတောင်ပေါ်ရှိ မြွေကြီးနှစ်ကောင်မှ ဘုရားဖူးပြည်သူများအား မကြာခဏဝင်ပူးလေ့ရှိနေကာ နိုင်ငံခြားသားများလည်း ဝင်ပူးခံနေရဟုဆို

photo-phyo lynn htet FB

''ကျွန်တော်တို့ မန္တလေးတောင်ပေါ်မှာ ဆိုင်းတောင်အတီးမခံပါဘူး။ အခုလိုဖြစ်စဉ်မျိုးတွေ ဖြစ်မှာစိုးလို့ပါ''

-------  မန္တလေးတောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်း ----------

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မန္တလေးတောင်ပေါ်တွင် မြွေကြီး နှစ်ကောင်မှ ဘုရားဖူးပြည်သူများ အား ဝင်ပူးသည့်ဖြစ်စဉ်များ မကြာခဏဖြစ်လေ့ရှိသည့်အပြင် ယင်းသို့ ပူးကပ်ရာတွင် မြန်မာလူမျိုးများ သာမက နိုင်ငံခြားသားများပါ ဝင် ပူးလေ့ရှိကြောင်း မန္တလေးတောင် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌဦးသိန်းထွန်း က ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် မန္တလေးတောင်တော်တက် မြွေကြီး နှစ်ကောင်အနက်မှ မြွေမကြီး တစ်ကောင်က ဘုရားဖူးလာသည့် အမျိုးသမီးတစ်ဦးအား ဝင်ပူးနေ ပြီး ပျော်မြူးနေသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရပြီး လုပ်ကြံဖန်တီးမှုတစ်ခုဟု ဝေဖန်မှုများရှိသလို အမှန်တကယ်ပင်ဖြစ်ကြောင်း ယုံကြည်သူများလည်း ရှိနေသည်။

ယင်းသတင်းဖြစ်စဉ်များမှာအဖြစ်မှန် ဟုတ်မဟုတ်နှင့် ပတ်သက်၍ တူမောရိုးဂျာနယ်က မန္တလေးတောင် ဂေါပကအဖွဲ့ အား ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီလိုဝင်ပူးမှုတွေက မကြာခဏ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့  ပဋ္ဌာန်း ဆက်တွေလို့ ပြောလို့ရပါတယ်။ တကယ်ကို ဝင်ပူးတာပါ။ ဒီလို ဝင်ပူးမှုတွေကလည်း ဒီတစ်ခုတင် မကပါဘူး။ အများကြီးရှိပါတယ်။ နိုင်ငံခြားသား ဘုရားဖူးတွေကို လည်း ဝင်ပူးတာတွေ ရှိခဲ့ဖူးပါ တယ်။ ဒါလေးတွေက အစွဲအ လမ်းကြီးတဲ့သူတွေ ဖြစ်တာများ ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယုံ ရခက်၊ မယုံရခက်ပါ။ ဒါပေမဲ့ လက်တွေ့  မြင်တာတော့ မှန်ပါတယ်။ ကျွန်တော့်ဆီကိုလည်း  ဖုန်းဆက်ပြီး သတင်းပို့တာတွေလည်း ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ မြွေနဂါးတွေဝင်ပူးပြီး တော့ ပျော်မြူးနေတာပါ။ သူတို့ ပျော်မြူးနေတဲ့ အချိန်မှာလည်း ကြိုက်သလောက် ပျော်မြူးလို့ရပါတယ်။ လှမ်းတားလို့မရပါ ဘူး။ လှမ်းတားလိုက်ရင် သူတို့မှာ အန္တရာယ်ရှိတယ်။ ဒါကြောင့် သူတို့ ဆန္ဒအလျောက် ပျော်မြူး ပြီးသွားရင်တော့ အန္တရာယ်မရှိ ပါဘူး။ စိတ်ကြိုက် မပျော်မြူးရ ဘူးဆိုရင် သူတို့မှာ နေမကောင်း တာတွေဖြစ်ပြီး နောက်နေ့မှာ ကန်တော့ပွဲ လာထိုးရတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ ဒါတွေကို မယုံကြည်ဘူးလို့လည်း ပြောလို့မရပါဘူး။ ယုံကြည်လား ဆိုရင်တော့လည်း ပြောရခက်ပါတယ်။ ဖြစ်တာက တကယ်ဖြစ်နေတာကိုး။ အခုကိစ္စကတော့ လူမှုကွန်ရက်စာမျက်နှာ ကို ရောက်သွားကြလို့ သိတဲ့လူများ သွားတာပါ။ ဒီလိုဖြစ်စဉ်တွေက မကြာခဏဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မန္တလေး တောင်ပေါ်မှာ ဆိုင်းတောင်အတီးမခံပါဘူး။ အခုလိုဖြစ်စဉ်မျိုးတွေ ဖြစ်မှာစိုးလို့ပါ။ အခုဖြစ်နေတာ ကတော့ သာမန်ဘုရားဖူးလာတဲ့ သူတွေပဲ ဖြစ်နေကြတာပါ”ဟု မန္တလေးတောင်ဂေါပကအဖွဲ့   ဥက္ကဋ္ဌ   ဦးသိန်းထွန်းက ပြောသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိန်းကလေးခုနစ်ဦးကို လည်း ယခုလိုဝင်ပူးပြီး ပျော်မြူးခဲ့ သည့်ဖြစ်စဉ်များရှိခဲ့ကြောင်း၊ ဝင် ပူးသည့်အချိန်တွင်လည်း ဘုရား ဖူးများအား အနှောင့်အယှက်ပေး ခြင်းမရှိကြောင်း၊ မန္တလေးတောင် မှာလည်း ဘုရားတောင်ဖြစ်သည့် အတွက် တောင်ပေါ်တွင် နတ်ကနားပေးခြင်းများကို ဂေါပက အဖွဲ့ မှလက်မခံကြောင်း၊ မန္တလေး တောင်ပေါ်တွင် ဘုရားဖူးပြည်သူ များအနေဖြင့် မြွေအကြောင်း မကောင်းကြောင်း မပြောရခြင်း၊ မြွေသားမစားရခြင်း၊ မြွေ မရိုက်ရခြင်း များကိုလည်း စည်းကမ်းချက် ထုတ်ပြန်ထားကြောင်း၊ မန္တလေးတောင်သည် ရှေးဟောင်းသမိုင်း ဝင်တောင် ဖြစ်သည့်အတွက် တောင်ထူးတောင်မြတ်လည်း ဖြစ်ကြောင်း  ယင်းကထပ်မံရှင်းပြခဲ့သည်။               

ပိုင်လေး

Category: 

Share