R2P အန္တရာယ်နှင့် သွေးစည်းသင့်ပြီဖြစ်တဲ့ လော်ဘီများ - လက်စောင်းထက်

မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မြန်မာဘက်က ထောက်ခံ မဲ ၁၀ မဲသာရခဲ့ပါတယ်။ ဒီအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် အလွန် အရေးကြီးလာတဲ့အချိန်လည်းဖြစ်နေပါပြီ။ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းကိုယ်တိုင်က R2P (Responsibility to Protect) အန္တရာယ်ကို တရားဝင်ထုတ်ဖော် သတိပေးလိုက်ပြီလည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ စိတ်မကောင်းစရာက တိုင်းပြည်အချုပ် အခြာအာဏာအပေါ် ကျရောက်လာမယ့် ဘေးကို မမြင်နိုင်တဲ့ လော်ဘီအုပ်စုအသီးသီးဟာ အခု အချိန်အထိ တစ်ဖက်နဲ့တစ်ဖက်ပုတ်ခတ် စောင်းမြောင်း ပြောဆို ကောင်းတုန်း ဖြစ်နေတာပါပဲ။ ဒီအချိန်မှာ ဒီမိုအုပ်စု၊ တပ်မတော် အုပ်စု၊ ကြံ့ခိုင်ရေးအုပ်စု၊ မျိုးချစ်အုပ်စု စသဖြင့်ကွဲပြားမနေတော့ဘဲ ကျောချင်းကပ်ရမယ့်အချိန် ဖြစ်နေပါပြီ။

R2P (Responsibility to Protect) ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုကျူးလွန်မှုတွေနဲ့ကြုံတွေ့နေရပြီဆိုရင် ကုလအဖွဲ့ဝင်နိုင်ငံတွေက ၀ိုင်းဝန်းကာ ကွယ်ပေးဖို့အတွက် ၂၀၀၅ ခုနှစ် မှာ ချမှတ်ခဲ့တဲ့ နိုင်ငံရေး ကတိ က၀တ်တစ်ခုR2P (Responsibility to Protect)  က အန္တရာယ်ကြီးပါတယ်။

နိုင်ငံ့ ခေါင်းဆောင် တွေကိုယ်တိုင် ဒီအန္တရာယ် မကျရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်ပြီး မဟာဗျူဟာအခင်း အကျင်းတွေလုပ်နေချိန်မှာ လော်ဘီ ဆိုတဲ့သူတွေအနေနဲ့ နိုင်ငံ့အရေးအတွက် National Flag အောက်မှာ စုစည်းကြရမယ့် အရေးအကြီးဆုံးအချိန် ဖြစ်နေပါပြီ။ ကုန်းဘောင်ခေတ် သီပေါမင်း လက်ထက်မှာ ၀ါးအစည်းပြေသလို ပြေနေတဲ့ နန်းတွင်းရေးကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်က ကိုယ့်ဘုရင် ကိုယ့်အရှင်ကို ကြက်ကလေး ငှက်ကလေး ဖမ်းခေါ်သွားတာမျိုးနဲ့ အလားသဏ္ဌာန်တူတဲ့ ကိုယ့်အချုပ်အခြာပိုင်နက်ကို ကုလသမဂ္ဂအမည်ခံ စစ်တပ်က ၀င်ရောက်သိမ်းပိုက်မယ့်အရေး ရင်ဆိုင်နေရပါပြီ။ ဒီလိုသာဖြစ်ခဲ့ရင် ပထမအဆင့် အနေနဲ့ မြန်မာ့ပိုင်နက်ကနေ မောင်တော နဲ့ ဘူးသီးတောင် နယ်မြေနှစ်ခုပဲ ထွက်သွားတော့မှာပါ။ အဲဒီအရှိန်အဟုန်နဲ့ နောက်ဆယ်စုနှစ်လောက်အတွင်း ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီနိုင်ငံ ရယ်လို့ ဖြစ်ပေါ်လာပါလိမ့်မယ်။

အခုတော့ လော်ဘီတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို အပုပ်ချဖို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်သားတွေကိုအပုပ်ချ ဖို့၊ ကြံ့ခိုင်ရေးပါတီနဲ့ အရင်အစိုးရ ကို အပုပ်ချဖို့၊ ကိုယ့်ဘာသာ သာသနာကို အပုပ်ချဖို့၊ မျိုးချစ်တွေကို မျိုးညစ်တွေ ဆိုပြီး အပုပ်ချဖို့ပဲ နေ့စဉ် လုံးပန်းနေကြပါတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီဝတ္ထုထဲမှာ ရတနာပုံ နေပြည်တ်ာကြီးကတော့ မကြာခင်ကျရောက်တော့မယ့် ဘေးဆိုးကြီးကို မသိရှာဘူးဆိုတဲ့စကားလို လော်ဘီတွေဟာ တိုင်းပြည်အပေါ် ကျရောက်တော့မယ့် အန္တရာယ်ဆိုးကြီး  မမြင်ဘဲ  အချင်းချင်း အမုန်းမီးတွေ တောက်လောင်နေ ကြဆဲဖြစ်နေတာ တိုင်းပြည်အနာ ဂတ်အတွက် အလွန်ရင်လေးစရာ ဖြစ်ပါတယ်။ ပြည်တွင်းက လော်ဘီတွေက အချင်းချင်းအမုန်းပွား နေချိန်မှာ ပြည်ပရောက် အဖွဲ့အစည်းမျိုးစုံရဲ့ အထောက်အပံ့ယူထားတဲ့ ပုဆိန်ရိုးတွေက မီးလောင်ရာလေပင့် လုပ်နေကြပြန်တယ်။

တကယ်တော့ အနောက်အုပ်စုဟာ ဘင်္ဂါလီတွေကို အမှန်သနားတာမဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ကို ၀ိုင်းပတ်ပိတ်ဆို့ရေး မဟာဗျူဟာအရ ရခိုင်ဒေသဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နိုင်ငံရေးကစားကွက်ထဲကို ကျရောက်သွားတာ ဖြစ်တယ်။ ဒီတော့ လောလောဆယ်မှာ တရုတ် နဲ့ မြန်မာဟာ နှစ်နိုင်ငံအကျိုးစီးပွားအရ ကျောချင်းကပ်နေရပါပြီ။ တစ်ခုရှိတာက တရုတ်ကို ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက မြန်မာနိုင်ငံမှာရနေတဲ့ တရုတ်ရဲ့ အကျိုး စီးပွားထက် သာလွန်တဲ့အရာနဲ့ မက်လုံးပေးလိုက်ရင် တရုတ်က ရော မြန်မာကို ဆက်ထောက်ခံပါ ဦးမလား ဆိုတာပါပဲ။ အနောက် အုပ်စုဟာ မြန်မာနိုင်ငံအပေါ်ကို သမိုင်းတစ်လျှောက် ကောင်းခဲ့တာ တစ်ကွက်မှမရှိပါဘူး။ တရုတ်ဖြူ အရေးအခင်းတုန်းကလည်း အမေရိကန်က လေယာဉ်တွေအ သုံးပြုပြီး တရုတ်ဖြူကို အထောက် အပံ့ပေးခဲ့တာဖြစ်တယ်။

ဒီလိုပါပဲ အင်္ဂလိပ်ကလည်း မြန်မာနိုင်ငံအတွက် ကောင်းရာ ကောင်းကျိုး ဘာများလုပ်ပေးခဲ့ တာရှိသလဲ။ အခုဆိုရင် မျက်နှာဖုံးတွေ  ကွာကျပြီး  မြန်မာနိုင်ငံကို သူ့လက်အောက်ခံနိုင်ငံလို အမိန့်တွေ တစ်ခုပြီးတစ်ခု ပေးနေတယ်။ဘယ်လောက်တောင် အောက် တန်းကျတဲ့စိတ်ကို ဖုံးဖိမရ ဖြစ်သလဲဆိုရင် ဒေါ်အောင်ဆန်းစု ကြည်ကို ပေးထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုပါ တစ်ခုပြီးတစ်ခု ရုပ်သိမ်း၊ မြန်မာစစ်ဘက်အရာရှိတွေ သင်တန်းတက်နေတာကို ချက်ချင်းပြန်လွှတ်ဆိုတဲ့ ကလေး ကလား အလုပ်တွေကို နိုင်ငံကြီး ပါလားဆိုတဲ့ ဂုဏ်သိက္ခာမှ မထောက်ဘဲ လုပ်လာတယ်။

မြန်မာနိုင်ငံက အကြောင်း အမျိုးမျိုးနဲ့ ထွက်သွားတဲ့သူတွေ ကလည်း အမေရိကန်နဲ့ အင်္ဂလန် မှာ အခြေစိုက်နေထိုင်ကြတာများ တော့ အဲဒီလူတွေကို စည်းရုံးပြီး ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့လူမျိုးကို တွင်တွင်ထောက်ခံခိုင်းတယ်။ ဒီတော့ကာ တိုင်းပြည်အခြေအနေက ၀ါးအစည်းပြေသလို ဖြစ်နေတယ်။ စာရေးသူ တိုက်တွန်းလိုတာက ဒီအချိန်ဟာ နိုင်ငံ့အရေး၊ အမျိုးသားအရေးအတွက် သွေး စည်းရမယ့်အချိန်ပါ။ ဒီအချိန်မှာ အာဏာရပါတီ၊ အတိုက်အခံပါတီ၊ တပ်မတော်ဆိုတာ ခွဲခြား မြင်စရာမလိုတော့ပါဘူး။ လွတ် လပ်ရေးရကတည်းက တည်တံ့ခဲ့ တဲ့ အချုပ်အခြာအာဏာပိုင်နက် မြေ ကိုယ့်လက်ထက်မှ မဆုံးရှုံးဖို့ သွေးစည်းရမယ့်အချိန် ရောက် နေပါပြီ။

တချို့ လော်ဘီတွေဆိုရင် အစိုးရနဲ့ တပ်မတော် သွေးစည်းသွားမှာကို မရှုဆိတ်ဘဲ အတင်း သွေးခွဲနေတာတွေလည်း တွေရတယ်။ တော်လောက်ပါပြီ။ ဆက်ပြီးသွေးခွဲမနေကြပါနဲ့တော့။ ဒီအစိုးရ၊ ဒီတပ်မတော်နဲ့ ဒီပြည်သူတွေ သွေးစည်းမှသာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင် မှာဖြစ်ပါတယ်။ တစ်ချိန်ရောက်မှ ငါတို့ကြောင့် ဒီလိုဖြစ် သွားပါလားဆိုတဲ့ နောင်တရခဲ့ ရင်လည်း အဲဒီအချိန်ဟာ အလွန်နှောင်းသွားတော့မှာဖြစ်ပါတယ်။ ရုရှားအပေါ် အနောက်အုပ်စုက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ကိုဖယ်ရှားပေးမယ်ဆိုရင် တရုတ် ကို အထူးကုန်သွယ်ဖက်နိုင်ငံအ ဖြစ် အထူးအခွင့်အရေးတွေပေး ခဲ့မယ်ဆိုရင် အဲဒီနှစ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဘက်က အရင်ကလို ပြတ်ပြတ်သားသား ရပ်တည်ပေး ဦးမှာလား ဆိုတာကလည်း မေးစရာဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ သူ့နိုင်ငံ အကျိုးစီးပွားပဲ ကြည့် တာဖြစ်တယ်။ ဒါဆိုရင် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုကရော ဘာလို့ ဘင်္ဂါလီတွေကို ထောက်ခံနေသလဲဆိုရင် အဲဒီ ဘင်္ဂါလီတွေ နောက်က ကြွယ်ဝချမ်းသာတဲ့ OIC က ငွေကြေးတွေ ကို မျှော်ကိုးနေလို့ပဲ ဖြစ်တယ်လို့ ဒီနေရာကနေ တိတိလင်းလင်း ရေးလိုက်ပါတယ်။ အရှေ့အလယ် ပိုင်းမှာ မူဆလင်တွေကို အစွန်း ရောက်တွေဆိုပြီး ရက်ရက်စက်စက် နှိမ်နင်းနေပေမယ့် မူဆလင်တွေကို ငါတို့က သနားကရုဏာ သက်ပါတယ်ဆိုတာကို ရခိုင်က ဘင်္ဂါလီတွေအပေါ် ပြန်ပြနေတာလည်း ဖြစ်တယ်။

ပြည့်အင်အားဟာ ပြည်တွင်း မှာပဲရှိပါတယ်။ အကြောင်းကြောင်း ကြောင့် ပြည်ပကို အားကိုးရရင် လည်း တာရှည်ခံမှာမဟုတ်သလို သူတို့လည်း သူတို့အကျိုးစီးပွား ပါမှသာ ကူညီမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ စည်းလုံးညီညွတ်မှု ရေ ချိန်ဟာ အနိမ့်ဆုံးဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဆွဲမယ့်ကျားတွေ က ၀ိုင်းနေတာဖြစ်တယ်။ ဒီတော့ လော်ဘီတွေအနေနဲ့ ဒီအချိန်မှာ တိုင်းပြည် စည်းလုံးညီညွတ်ရေးကိုသာ ဇောက်ချပြီး လော်ရမယ့် အချိန် ဖြစ်နေပြီဆိုတာ အချုပ်အခြာ ပိုင်နက်မြေ ပဲ့မထွက်ခင် သတိပေးလိုက်ရပါတယ်။

Category: 

Share