အမေ…. ကျွန်တော့်ကို စိတ်မပျက်ဘူးလား - ဇော်သက်ထွေး

အမေ ။ ပြည်သူ့အစိုးရတက်လာတာ နှစ်နှစ်ရှိသွားပါပြီ။ ပုံပြင်တွေကတော့ အများကြီးပဲ။ တစ်ခုချင်းပြောရရင် စိတ်ပျက်စရာတွေအများကြီးပါ။ လူတကာပြောပြောနေတဲ့NLD အစိုးရဟာ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်ပေမယ့် မြန်မာ့စီးပွားရေး မျှော်မှန်းသလောက် မတိုးတက်တာ ၊ NLD အစိုးရအဖွဲ့ အတွင်းကပုဂိ္ဂုလ် တွေ အုပ်ချုပ်ရေးစွမ်းရည်မရှိတာ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ လုံးချာလည်လိုက်နေတာ၊ အမျိုးသားရင်ကြား စေ့ရေးလို့ ပြောပေမယ့် ရခိုင်နဲ့ရော၊ ပလောင်နဲ့ရော၊ ၀နဲ့ရော အဆင်မပြေသေးတာ၊ တပ်မတော်နဲ့ ယုံကြည်မှု မတည်ဆောက်နိုင်သေးတာ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်နိုင်သေးတာတွေ အသာထားလိုက်ပါတော့။

မျက်လုံးထဲမှာ အမြှီးအမှောက်မတည့်တဲ့ ပြဿနာ အသေးလေးတွေကတော့ မွစိတက်နေတော့တာပါပဲ။ အုပ်စု တစ်ခု၊ အဖွဲ့အစည်းတစ်ခုကိုထိရင် အဖြေမရှာဘဲ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ ဆွမ်းကြီးလောင်းလေ့ရှိတဲ့ ဉာဏ်ကြီးရှင် လော်ဘီအုပ်စု     တွေကြားကပဲ ဒီအဖြစ်အပျက်လေးတွေကို ပြောပြချင်ပါတယ်။ ပထမတစ်ခုကတော့ ခြောက် ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရန့်ဖြစ်ပါတယ်။ ဒီကွန်ဖရန့်က ပြန်ကြားရေးဝန် ကြီးဌာနရယ်၊ ကုလသမဂ္ဂယူနက်စကိုအဖွဲ့ရယ်၊ မီဒီယာဖွံ့ ဖြိုးတိုး တက်ရေး အထောက်အကူပြု အဖွဲ့တွေ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ မီဒီယာညီလာခံလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအ သင်း၊ မြန်မာဂျာ   နယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာ ဆရာသမဂ္ဂနဲ့ တိုင်းရင်းသား မီဒီယာ (BNI)တို့ ပူးပေါင်း အားဖြည့်ပြီးတော့ ချက်ထရီရမ်ဟိုတယ်မှာ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်က ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားအစီအစဉ်ထဲမှာ ညီလာခံအဖွင့်အမှာစကား ပြောကြား မယ့် ပုဂိ္ဂုလ်များအဖြစ် သမ္မတ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်လို့ ပါရှိပါတယ်။ ဒုတိယပြောကြားမယ့် ပုဂိ္ဂုလ်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ပါ တယ်။ ဒါပေမဲ့ ပွဲကျင်းပတဲ့နေ့မှာတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ သမ္မတမပြောနဲ့ ပြန် ကြားရေးဝန်ကြီးတောင် ရောက် လာခဲ့ခြင်းမရှိပါဘူး။ ဒုတိယနေ့ အစီအစဉ် အခမ်းအနားပိတ်ပွဲ မှာလည်း အမှာစကားပြောကြား မယ့် ပြန်ကြားရေးဝန်ကြီး ရောက်လာခဲ့ခြင်း မရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး        သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦးက အစိုးရအနေ နဲ့ ဒီလောက်တောင် ပစ်ပစ် ခါခါ လုပ်ရသလား ဆိုပြီး ၀မ်းနည်းပက်လက် မျက်ရည်ကျပြီး ထုတ်ဖော်ပြောရတဲ့အထိဖြစ်ခဲ့ပါ တယ်။ ဒီအခြေ အနေကို ကြည့်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလက ဒီမိုကရေစီဘက်တော်သားတွေ ထောင်ထဲက ပြန်လွတ်တဲ့ အခါ မီဒီယာသမားတွေနဲ့ နှစ်ကိုယ့် တစ်စိတ်ဖြစ်ခဲ့တာကို ပြန်မြင်ယောင်မိပါတယ်။ ငါးနှစ်အတွင်း ဒီလောက် ဝေးကွာသွားခဲ့တာ စဉ်းစားလို့တောင်မရပါဘူး။

ဒုတိယအဖြစ်အပျက်ကလည်း ရယ်ရမလို ငိုရမလိုပါပဲ။ မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့ တင်စားခဲ့တဲ့ (လက်ရှိပြည်သူ့ အစိုးရကတော့ လက်ခံ မခံ မသိ ပါဘူး) စာနယ်ဇင်းသမားတွေက ဒီဇင်ဘာ ၁၂ ရက်နေ့မှာစာပေညီလာခံကျင်းပသွားမှာဖြစ်ပါတယ်။ စာပေညီလာခံကို လွတ်လပ်သောစာပေ၊ လွတ်လပ်သောအသံ၊ စာပေညီလာခံလို့ အမည်ပေးထားပြီး မြန်မာနိုင်ငံ စာရေး ဆရာအသင်း၊ မြန်မာနိုင်ငံစာ ရေးဆရာသမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများ       အသင်း၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံဘာသာပြန် စာပေ ကွန်ရက်၊ မြန်မာနိုင်ငံ ကာတွန်း ဆရာများအသင်းနဲ့ Pen Myanmarစတဲ့အဖွဲ့ ၁၁ ဖွဲ့က စာရေး ဆရာ ၂၀၀ နဲ့ လေးရက်တိုင်တိုင် ကျင်းပသွားမှာလို့ သိရပါတယ်။  သို့သော်လည်း ထုံးစံ အတိုင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကတော့ စာပေညီလာခံ ကို တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းထုတ် ပြန်ထားပါတယ်။ အကြောင်းအရင်းကတော့ ညီလာခံစီစဉ်တဲ့ သူတွေဘက် ကလည်း ဘာမှ ဆက်သွယ် အကြောင်းကြားတာ မရှိသလို တချို့က စာပေလောကကို ဦး ဆောင်နေတဲ့သူတွေ မဟုတ်လို့ နိုင်ငံတော်အဆင့်ဟု သတ်မှတ်ရန် သံသယရှိမိတဲ့ အတွက် မတက်ရောက်ဖို့ ဆုံးဖြတ်လိုက် တယ်လို့ အထွေ အထွေအတွင်း ရေးမှူး ဦးကျော်စွာမင်းက ပြောဆိုခဲ့ပါတယ်။ ဒီတော့ စတုတ္ထမဏ္ဍိုင်ဆိုတာ ရှိရှိ မရှိရှိ သတင်း သမားနဲ့ စာပေသမား နှစ်ခြမ်းကွဲမှာကတော့ သေချာသလောက် ရှိနေပါပြီ အမေ။

ဒီလိုပါပဲ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး စဖြစ်တဲ့အခါ ကျွန်တော်တို့လည်း အကြွေး တောင်းဖို့ အချိန်တန်ပြီဆိုပြီး “ကျောင်းသားသမဂ္ဂရရှိရေး ဒို့ အရေး” လို့ အကြိမ်ကြိမ်အခါခါ ဟစ်ကြွေးဆန္ဒပြခဲ့ရပါတယ်။ နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ နိုင်ငံရေးအခြေအနေတွေ ပြောင်း၊ အစိုးရတွေပြောင်းပြီး ရန်ကုန် တက်္ကသိုလ် သမဂ္ဂ အဆောက်အအုံဟောင်းမြေနေရာမှာ အဆောက်အအုံသစ်ပြန်ဆောက်ဖို့ လက်ရှိအစိုးရက ဘတ်ဂျက်သိန်းငါးသောင်းချပေးခဲ့ပါတယ်။ ငွေ လည်း အသင့်၊ မြေလည်းအသင့် လက်ထဲ ရောက်တဲ့ အချိန် ရောက်မှ သမိုင်း အဆက်ဆက် ကျောင်းသား သမဂ္ဂနှင့်ပတ်သက် ခဲ့သူများ သမဂ္ဂ ကြောင့် ထောင်နှင့် တော ထဲ ရောက်ရှိသွားခဲ့သူများ၊ ဒီမိုက ရေစီဘက် တော်သား အချင်းချင်း မာန်မာနအတ္တ၊ နိုင်ငံရေးအယူ အဆ၊ သမ္ဘာ၊ ဘုန်းတန်ခိုးများပြပြီး သမဂ္ဂအဆောက် အအုံဆောက် မယ်မဆောက်ဘူး၊ ဒီနေရာမှာ ဆောက်မယ်၊ ဟိုနေရာမှာ ဆောက်မယ်၊ ဥပဒေကို အရင်လုပ်မယ်၊ အဖွဲ့တွေကိုနောက်မှ ဖွဲ့မယ်စသဖြင့် အယူအဆကာ လာမျိုးစုံ ပွတ်တိုက်ပြီး မီးတောက် တွေအများကြီး ပွင့်ထွက်လာပါ တယ်။ သက်တော်ရှည် ကျောင်း သားသမဂ္ဂခေါင်း ဆောင်ကြီးများက မလျှော့သလို မျိုးဆက်အသီးသီးနဲ့လက်ရှိ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များကလည်း ခွန်းတုံ့မခံတွန်းလှန်ကြပါတယ်။ သမဂ္ဂ   အဆောက် အအုံအမြန်ပေါ် ထွန်းလာဖို့အစိုး ရကိုယ်စား ကြိုး စားပေး မယ့် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒီမိုကရေစီနိုင်ငံရေး သမားများကြားမှာလည်း ပြောင်မြောက်တဲ့စကားလုံး တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါ တယ်။ ပွဲကတော့      အတော်ကြည့် ကောင်းနေပါပြီ။

          ဒီကြားထဲမှာ ၈၈ မျိုးဆက်ခေါင်းဆောင်များကြားမှာလည်း သွေးသောက်ရဲဘော်ရဲဘက် ဘ၀ကနေ မိတ်ဆွေသူငယ်ချင်းအဆင့်ကို တဖြည်းဖြည်းလျော့ကျသက်ဆင်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ် အလာအရ ဘယ်အဖွဲ့အစည်း   မဆို နှစ်ပိုင်းကွဲရင်ကွဲ၊ ကွဲတဲ့အပိုင်းမှာလည်း အစိတ်စိတ်အမြွာမြွာဖြစ်တယ်ဆို တာက မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးတွေပာာ တိုင်းပြည်ရဲ့ ဂုဏ်ယူစရာအဖြစ်အပျက်တွေ ကိုတော့ လက်ဆင့်ကမ်းမသယ်ဆောင်နိုင်ဘဲ စိတ်ပျက်စရာတွေကိုတော့  အားလုံးဒီဘက်ခေတ်အထိ သယ်ဆောင်လာပါတယ်။ ဥပမာအားဖြင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းပာာ အတိတ်မှာ အာရှချန်ပီယံနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒီလိုကောင်းတဲ့အစဉ်အလာကျတော့ ဒီဘက်ခေတ်ကို မယူလာပါဘူး။ မကောင်းတဲ့ အစဉ်အလာကျတော့ အကုန်ယူလာပါတယ်။ အတိတ်မှာ ဒို့ဗမာအစည်းအရုံးပဲဖြစ်ဖြစ်၊ ဖဆပလပဲဖြစ်ဖြစ်၊ နှစ်ခြမ်းကွဲခဲ့တဲ့ အစဉ်အလာကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ခံယူလိုပုံရပါတယ်။ အရေးတော်ပုံကာလက ဗကသနဲ့ မကသ ကွဲခဲ့သလို  အခုလည်း ပါတီထောင်သူနဲ့ လူမူရေးလုပ်ငန်းများပဲ ဆောင်ရွက်ချင်သူ အုပ်စု နှစ်စုကွဲသွားခဲ့သလို  အုပ်စုတစ်စုချင်းမှာလည်း  စည်းလုံးညီညွတ်မူ လျော့ရဲနေပါတယ်။

   ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အခက်အခဲတွေအကြောင်း ပြောမယ်ဆိုရင်လည်း စာမျက်နှာလောက်မှာ မပာုတ်ပါဘူး အမေ။ ပြည်တွင်းစီးပွားရေးတွေကျဆင်းနေပြီး ပြည်သူလူထုတွေ ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့ အကြောင်း ရေးမယ်ဆိုရင်    ဂျာနယ်တစ်စောင်လုံးက စာမျက်တွေကို တောင်းရပါလိမ့်မယ်။ တကယ်အရေးကြီး တာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဓိကဘဏ္ဏာငွေရှာပေးနေတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မူပာာ  ၂၀၁၉ မှာ ကျဆင်းသွားတော့မှာပါ။ အခုကိုပဲ        ပြည်ပကရင်းနှီးမြှပ်နှံနေတဲ့ ကုမ္မဏီတွေ တစ်စတစ်စ ဆုတ်ခွာနေ ပါပြီ။ တစ်နေ့ကပဲ နော်ဝေအစိုးရပိုင် Statoil ကုမ္မဏီပာာ  AD10 လုပ်ကွက်ကို ပြန်လည်အပ်နှံခဲ့ပါပြီ။ ယခုနှစ် ထဲမှာ သြစတြေးလျ Woodside ကုမ္မဏီက သဘာဝဓာတ်ငွေ့    ရှာဖွေရေး လုပ်ငန်းအစီအစဉ်တွေ ရွှေ့ဆိုင်းလိုက် သလို အိန္ဒိယရေနံကုမ္မဏီ Reliance ကလည်း ကမ်းလွန်ရေနံလုပ်ကွက်နှစ်ခုကို ပြန်လည်အပ်နှံဖို့ စီစဉ်ခဲ့ပါ တယ်။

  ပြည်သူ့အစိုးရလက်ထက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့်  သစ်ထုတ်လုပ်မူနဲ့ ကျောက်မျက်သယံဇ တ တူးဖော်မူတွေကို ထိန်းချုပ်လိုက်တဲ့အတွက်ဘဏ္ဏာငွေရရှိဖို့ ဘယ်လိုရှာကြမလဲဆိုတာ ရန်ဖြစ်နေသူအားလုံး အမျိုးသားရေးအဆင့်အနေနဲ့ အရေးတယူစဉ်းစားဖို့ကောင်းနေပါပြီ။ အထူးသဖြင့် တိုင်းပြည်ရဲ့ အားနည်းချို့ ယွင်းချက်တွေ၊ စိတ်ပျက်စရာတွေ၊ စိတ်ကုန်စရာတွေကို စာမျက်နှာပေါ်တင်မိတဲ့ ကျွန်တော့်ကိုရော…. စိတ်မပျက်ဘူးလား အမေ။      

Category: 

Share