မုန့်ပာင်းခါးဆိုင်နှင့် လေကြောင်းလိုင်း သီအိုရီ - မာဂျေ

မြန်မာ့စီးပွားရေးအခြေအနေမကောင်းဘူးလို့ လူရိုသေရှင် ရိုသေစီးပွားရေးပညာရှင်ဆရာ ကြီးဦးမြင့်ပြောလိုက်တဲ့နောက် တိုင်းပြည်မှာ အသံတွေလှုပ်ခတ် လာတယ်။ ၀န်ကြီး  ချုပ်တွေပဲ နေ့ချင်း ညချင်းပြောင်းတော့မလိုလို၊ ၀န်ကြီးတွေပဲ အနားပေးတော့ မလိုလိုအသံတွေလည်း ကြားရတယ်။ ဘာပဲပြောပြော တိုင်းပြည် စီးပွားရေးကို အစိုးရက ပြန်သတိမူမိလာတာကတော့ အလွန်ကောင်း တဲ့လက္ခဏာပဲဖြစ်ပါတယ်။ မြန်မာဆိုတဲ့လူမျိုးမှာ ထူးခြားတဲ့ပင်ကို စရိုက်တွေရှိပါတယ်။ အချင်းချင်း တစ်ယောက်ကသာသွားရင် မနာလိုဖြစ်တာတွေ၊ သူများတစ်ခုခုလုပ်လို့ အဆင်ပြေတယ်ကြားရင် အဲဒီအထဲ အကုန်ဒိုင်ဗင်ဝင်ထိုးကြ တာတွေ၊ အချင်းချင်းခြေတွန်း ကြတာတွေကတော့ မြန်မာ့စီး ပွားရေးလောကရဲ့ ပင်ကိုစရိုက် လက္ခဏာတွေပေါ့ဗျာ။

ဆရာကြီးဦးမြင့်လို ပညာရှင် စကားမပြောတတ်ပေမယ့် မြန် မာ့စီးပွားရေးဆိုတာ မုန့်ဟင်းခါး ဆိုင်သီအိုရီလိုဖြစ်နေတယ်။ ရပ်ကွက်ထဲမှာ စွန့်ဦးအကြံရသူက  မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ဖွင့်လို့ အောင်မြင်ရင် တစ်ရပ်ကွပ်လုံး တခြားဘာရောင်းမလဲစဉ်းစာ မနေတော့ဘူး။ သူက မုန့်ဟင်း ခါးဆိုင်ဆိုရင် သူနဲ့မတူအောင် ငါက ဘိန်းမုန့်ဆိုင်ဖွင့်မယ်၊ ငါက    အကြော်ဆိုင်ဖွင့်မယ်လို့ မစဉ်းစားတော့ဘူး။ အကုန်မုန့်ဟင်းခါး ဆိုင်လိုက်ဖွင့်တာမျိုးပဲ ကျွန်တော်တို့ မြန်မာတွေ လုပ်နေကြတယ်။ မြန်မာနိုင်ငံမှာနေတဲ့ လူမျိုးခြား စီးပွားရေးသမားတွေကို ကြည့်ရင် သူတို့မှာအကြံတစ်ခု၊ အလုပ်တစ်ခုရတာနဲ့ နီးစပ်သူတွေကို လက်တို့ပြီး အစုရှယ်ယာ ၀ိုင်းထည့်ခိုင်းတယ်။ ဒီတော့ ပြိုင်ဘက်လည်း နည်းသွားသလို  လုပ်ငန်းကိုလည်း ငွေရင်းများများနဲ့ လည်ပတ်နိုင်သွားတယ်။ သူများဝင်ပြိုင်ဖို့ ခက်သွားတာပေါ့။ စီးပွားရေးသဘော သဘာဝအရ တကယ်လို့ ရှုံးခဲ့ရင် လည်း လူအများစုလုပ်တာမို့ အရှုံးကိုခံနိုင်တယ်။ ဘယ်သူမှ စီး ပွားပျက်မသွားကြဘူး။ ဒီတော့ တဖြည်းဖြည်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကုန်ထုတ်လုပ်ငန်း တွေကအစ နောက်ပိုင်းဖွင့်တဲ့ လက်ဖက်ရည်ဆိုင်အဆုံး ပြည် တွင်းဖြစ် လူမျိုးခြားတွေ လက်ထဲ မှာချည်း ရောက်ကုန်ကြတယ်။ ကိုယ့်လူမျိုးစစ်စစ်တွေက ဘာလုပ် နေကြလည်းဆိုရင် ယောက်ျားလေး ဆို စားပွဲထိုးလုပ်မယ်။ လုံခြုံရေး ၀န်ထမ်းလုပ်မယ်။ ဆိုင်ကယ် ကယ်ရီဆွဲမယ်။ မိန်းကလေးဆို ရင် အနှိပ်ခန်းနဲ့ ကာရာအိုကေ ရောက်ကုန်ကြတာပေါ့။

မြန်မာသူဌေးတွေကို ကြည့်ရင်လည်း သူဌေးကြီးအင်္ဂါဆိုတာ ဘဏ်ပိုင်ရမယ်၊ လေကြောင်းလိုင်းထောင်ရမယ်၊ ဘောလုံးအသင်းရှိရမယ်လို့ ပြောစမှတ်ပြု လောက်အောင်ထောင်လိုက်ကြ တဲ့ လေကြောင်းလိုင်းတွေ၊ လေ ကြောင်းလိုင်းဆိုတာ တော်ရုံငွေရှိရုံ၊ တော်ရုံလူသားအရင်းအမြစ် ရှိရုံနဲ့ လုပ်မရမှန်းသိပေမယ့် အကုန် ၀င်တိုးလိုက်ကြတာ။ ပြည်    တွင်းမှာနည်းတဲ့လေကြောင်း လိုင်းတွေမှတ်လို့။ အခုတော့ လည်း စီးပွားရေး ရေစစ်ချိန်ကျ လာတော့ တဖြည်းဖြည်းပြုတ် ကုန်ပြန်ရော။ အဲဒီအစား သူဌေး တွေစုပြီး လေယာဉ်တစ်စင်းစီ ဖြစ်ဖြစ်၊ နှစ်စင်းစီဖြစ်ဖြစ် ထည့်ပြီး လေကြောင်းလိုင်းတစ်ခုပဲထောင် လိုက်ကြရင် ကုန်ကျစရိတ်တွေ လျော့မသွားပေဘူးလားဗျာ။ နယ်တွေမှာ လေကြောင်းလိုင်းတွေ အလိုက်ဖွင့်ရမယ့်ရုံးတွေ၊ လေယာဉ်ကွင်းက ကောင်တာတွေ၊ ၀န်ထမ်းတွေ လျော့မသွားပေလား။ အိုဗာဟက်ကော့စ်လို့ခေါ် တဲ့စရိတ်တွေ သက်သာမသွား ပေဘူးလား။ မဟုတ်တဲ့နေရာမှာ တော့ မြန်မာတွေက သိပ်မာနကြီး ကြတာ။ တကယ်လို့ ပြည်တွင်း ဖြစ် လူမျိုးခြားတွေသာ လေ ကြောင်းလိုင်းထောင်ဖို့ စိတ်ဝင် စားရင် သူတို့တွေစုပြီး      တစ်ခုပဲထောင်မှာ သေချာတယ်။ အခုတော့ သူဌေးတွေချည်းရှုံးတာ မဟုတ်ဘူး။ တိုင်းပြည်ပါရှုံးတာ။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင် တွေဘက်ကမှားတဲ့အပိုင်းတွေ။

အခုအစိုးရအပိုင်းဘက် ပြောချင်တယ်။ တိုင်းပြည်တိုးတက်အောင်လုပ်ပြီး ချမ်းသာလာတဲ့သူတွေဆီ အခွန်အတုပ်တွေကောက်။ ပြည်သူပြည်သားတွေ အတွက် ပညာရေး၊ ကျန်းမာရေး စတဲ့ ၀န်ဆောင်မှုတွေ မြှင့်တင် ပေးတာက အရင်လုပ်ရမှာလား။ လက်ရှိစီးပွားရေးကောင်းမ ကောင်း အစိုးရနဲ့မဆိုင်ဘူးဆိုပြီး အခွန်ကို ရသမျှ ညှစ်ထုတ်တာက အရင်လုပ်ရမှာလားဆိုတာ တော် ရုံစီးပွားရေးပညာသင်ဖူးတဲ့သူ တိုင်း သိပါတယ်။ အခုတော့ အခွန်ကို မရမက ညှစ်တောင်း နေတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က  သ    မင်သေတစ် ကောင်ကို ခြင်္သေ့တွေ ၀ိုင်းဆွဲနေ သလိုပဲဗျာဆိုပြီး ညည်းတယ်။ ခွေးသေကောင်ကို လင်းတဆွဲတာမျိုး ပေါ့လို့ ပြန်မေးမိတော့ အဲလိုဆို ကျွန်တော်က ခွေးဖြစ်သွားမှာတဲ့။ အစိုးရ တက်တက်ချင်းစကိုင်တာက ဆောက်လုပ်ရေးလုပ်ငန်း၊ ဒါပေမယ့် ဘာပြည်ပထုတ်ကုန်မှ မည်မည်ရရမရှိတဲ့ မြန်မာ့စီးပွား ရေးဟာ ဆောက်လုပ်ရေးနဲ့ အိမ်  ယာမြေဈေးကွက်ပေါ်မှာ တည်မှီနေရတယ်ဆိုတာ မသိတာ လား၊ မသိချင်ယောင်ဆောင်ပြီး ခရိုနီဆိုတာ နှိပ်ကွပ်ရပြီးရောတွေး တာလားမသိဘူး။ ဆောက်လုပ် ရေးလုပ်        ငန်းတွေကို အကုန်ရပ်၊ စစ်မယ်ဆေးမယ်တွေဖြစ်ကုန် တော့ အဲဒီလုပ်ငန်းတွေမှာ လုပ် နေတဲ့လုပ်သားတစ်သိန်းခွဲ လောက် အလုပ်လက်မဲ့ဖြစ်သွား တယ်။ သူတို့ကို မှီခိုနေတဲ့  အိမ် ထောင်စုဝင်တွေကလေးတွေ ငါးသိန်းလောက် ထမင်းစားဖို့ ခက်သွားတယ်။ အဲဒီက ၀င်ငွေ မရှိတော့ မ၀ယ်နိုင်မစားနိုင်တွေ ဖြစ်ပြီး ဒိုမီနိုသီအိုရီအရ တစ်ခု လဲတာနဲ့  အကုန်လိုက်လဲသွားတာ အခုဆိုရင် နှစ်နှစ်ရှိနေပြီ။ တိုင်း ပြည်မှာလည်း စီးပွားရေးမ ကောင်းရင်ထိုးတဲ့အချက်ပေး ခေါင်းလောင်းသံတွေဖြစ်တဲ့ ရာဇ၀တ်မှုထူပြောလာတာတွေ၊ လူ ငယ်လေးတွေ အစုလိုက်အပြုံ လိုက်ပြည်ပထွက်ခွာနေတာတွေ၊ ကျန်းမာရေးတွေ ချို့ယွင်းနေ ကြတာတွေ မြင်နေရပြီဖြစ်ပါ တယ်။ ဒီတော့ အစိုးရအနေနဲ့ အချိန်မနှောင်း        ခင်ပြုပြင်ပြောင်း လဲသင့်တာတွေအမြန်ဆုံးလုပ် ဆောင်သင့်ပါပြီလို့ ပြောပြန်ရင် မင်းက ဘယ်လောက်တတ်လို့လဲ အမေးခံရဦးမယ်။ ဘယ်တတ် မလဲဗျာ။ မတတ်လို့ စာရေး၊  ဂျာနယ်ထုတ်၊ လက်ဝှေ့ပွဲသွင်းပြီး စီးပွားရှာနေရတာပေါ့။ ဒါပေမဲ့ စာရေးဖို့အတွက်တော့ တတ် ကျွမ်းသူတွေကို မေးတာ၊ စီးပွား ရေးသမားတွေ ပြောတာ၊ အခြေ ခံလူတန်း  စားတွေ ဖြစ်ပျက်နေ တာကြည့်ရ၊ နားထောင်ရတာ ပေါ့။

အခုအစိုးရအဖွဲ့ဝင်တွေမှာ လောဘသက္ကာ ယမရှိတာယုံကြည် ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်း မှာပဲ အလုပ်လုပ်ချင်စိတ်လည်း ရှိကြပုံမပေါ်ဘူး။ မလုပ်မရှုပ် မပြုတ်ဆိုတဲ့ ဆို   ရှယ်လစ်ခေတ် အတွေးတွေဝင်နေသလိုပဲ။ ဆို ရှယ်လစ်ခေတ်တုန်းကလည်း ပြည်သူပြည်သားတွေ အလုပ် ဖြစ်ဖို့ ချမ်းသာဖို့ထက် နိုင်ငံတော်ရဲ့ အရင်းအမြစ်အားလုံး နိုင်ငံ တော်က ပိုင်ရမည်ဆိုပြီး နိုင်ငံကို ချမ်းသာအောင်လုပ်ရင်း နိုင်ငံ တော်ရောလူတွေရော မွဲသွား ကြတာပဲလေ။ အခုကြားနေရ တာတော့ ထုတ်လိုက်သမျှ ဥပဒေတွေက အလုပ်လွယ်  အောင်လုပ်ဖို့ထက် လက်ရှိလုပ် နေတာကို ခက်သွားအောင် လုပ်တယ်ချည်းကြားနေရတယ်။ အထူးသဖြင့် ဗဟိုဘဏ်က ထုတ်ထုတ်နေတဲ့ ဥပဒေတွေက အရမ်းဆိုးတယ်လို့ သူဌေးတွေက ပြောကြတယ်။ ဒီကြားထဲ အစိုးရ ၀န်လေးတစ်ပါးက ကုန်ဈေးနှုန်း တက်တာ အစိုးရနဲ့မဆိုင်ဘူး ပြောသေးတယ်။ ဒါဆိုကုန်သည် ကြီးများအသင်းကို အစိုးရဖွဲ့ခိုင်းလိုက်ပေါ့။

တကယ်တမ်းပြောရရင် တိုင်းပြည်စီးပွားတိုးတက်အောင် လုပ်ဖို့ အချိန်မနှောင်းသေးပါ ဘူး။ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေ လုပ်ရဲကိုင်ရဲရှိတဲ့သူတွေ ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်သာ ပေးလိုက်ပါ။ လုပ်ကိုင်ရင်း သဘောရိုးနဲ့ တော်ရုံမှားလည်း ခွင့်လွှတ်ပေါ့။ အလုပ်လုပ်သူက တော့ အမှားရှိမှာပဲလေ။ မဟုတ် တာလုပ်ရင် ထိန်းကျောင်းမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရှိနေတာပဲ။ သူတို့ မဟုတ်တာ လုပ်ရင် ဖြုတ်ပစ်ပေါ့။ အဲ့လိုလူတွေက မလုပ်မရှုပ်မပြုတ် တွေထက်စာရင် တိုင်းပြည် စီးပွားရေးတိုး    တက်အောင် စွမ်း ဆောင်နိုင်လိမ့်မယ်လို့ထင်မိတာပဲဗျာ။

Category: 

Share