ဆိုရှယ်ဝဲဂယက်ကြား နစ်ခဲ့ရသော ဖရဲသည်တစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်

    

      “ သူက ဆိုင်ကိုလာရင် ဖရဲသီးကျွေးတယ်။ ပိုက်ဆံပေးရင်လည်း မယူဘူး”

        “ ၀က်ကြီး သေတာကို ဘယ် လိုမှ မယုံနိုင်ဘူး။ သူမသေခင်က ပဲ ဆိုင်ကိုလာပြီး ငိုသေးတယ်။ မေးတာလည်းမဖြေဘူး။ နောက် နာရီဝက်လောက်နေတော့ ရဲတွေ၊ နာရေးကားတွေ ရောက်လာတော့ တာပဲ”

   “ အခုသူဆုံးသွားတော့ ကျွန်မ တို့ မိသားစုမှာ လက်မောင်းနှစ်ခု လုံးကို ပြုတ်ထွက်သွားတာ”

           ဒါတွေကတော့ ယခုရက်ပိုင်းအတွင်းမှာပဲ လူမှုကွန်ရက် စာမျက်နှာများပေါ် နာမည်ကြီးနေသော ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့သည့် အသက် ၂၂ နှစ် အရွယ် ဖရဲသီးသည်၏ ဇနီးနှင့် မိတ်ဆွေတို့၏ အသံများပင် ဖြစ်သည်။

        သန်လျင်၊ ဆေးရုံကွက်ရှိ ဟိုတစ်စု ဒီတစ်စု ဆောက်လုပ်ထားသည့် တဲအိမ်လေးများနှင့် ကွင်း ပြင်အတွင်းတွင် ၀ါးတိုင်များအ ပေါ်၌ မီးခိုးရောင်မိုးကာ ပလတ်စတစ်များနှင့် ကြော်ငြာဗီနိုင်းများသုံးကာ တည်ဆောက်ထားသည့် နာရေးရွက်ဖျင်တဲတစ်ခုအတွင်း လူများစွာအလုပ်များလို့နေသည်။အဲဒီနေရာကတော့  သေဆုံးသူ မောင်မျိုးမင်း(ခ)၀က်ကြီး၏ နာရေးမြင်ကွင်းပင် ဖြစ်ပါသည်။

       သူ၏နေအိမ်မှာ ဓနိမိုး၊ ထရံ ကာ၊ ၀ါးခင်း၊ မျောတိုင်တို့ဖြင့် တည်ဆောက်ထားပြီး နေအိမ်တစ်ခုလုံးတွင် မီးဖိုချောင်တစ်နေရာသာ လူနှစ်ယောက်ရပ်ရန် ကျယ်ဝန်းပြီး တစ်အိမ်လုံး၏ အကျယ်အ၀န်းမှာ လူလေး ယောက်ခန့် လှဲအိပ်လို့ရသည့် အတိုင်းအတာခန့်သာ ကျယ်ဝန်းသည်။ သူ၏နေအိမ် အနီးနားတစ်ဝိုက်မှာတော့ သူ့အိမ်လိုမျိုး အိမ်ခြေ ၅၀ ခန့် ရှိနေသည်။

        သေဆုံးသွားသော မောင်မျိုး မင်းဦး(ခ)၀က်ကြီး ဆိုသူကို နာ မည်အရင်းထက် ၀က်ကြီးဆိုလျှင် သန်လျင်မြို့ အေးမေတ္တာရပ်ကွက်၊ ဘုရားကုန်း၊ ညောင်ပင်ကုန်း၊ ဆေးရုံကွက်၊ သန်လျင်ဈေးစသည့် နေရာ များတွင် မသိသူမရှိအောင် သူ၏နာမည်က ထင်ရှားသည်။သူသည် မွေးရာပါ သူငယ်နာ အကြောတင်းရောဂါ (သို့မဟုတ်) ယင်းရပ်ကွက်များ အခေါ်အရ ပိုလီယိုရောဂါကို ခံစားနေရသူ ဖြစ်ပြီး မည်သည့်သာရေးနာရေး ကိစ္စတွင်မဆို ပါဝင်ကူညီတတ်သလို မသန်စွမ်းဖြစ်သော်ဘည်း စိတ်သဘောထားပြည့်ဝ၍ သက်ကြီးရွယ်အို များသည် ၄င်းကို အလွန်ပင် ချစ်ခင်ကြသည်ဟုလည်း  သိရသည်။

          မသန်စွမ်းသူများ၏ အရေးအား လိုက်ပါဆောင်ရွက်နေသူများ၏ပြောပြချက်အရ ၄င်းကဲ့သို့ ဝေဒနာရှင်များသည် ပစ္စည်းတစ်ခု အား ကိုင်တွယ်ရာ၌ ခက်ခဲပြီး လွတ်ကျမှုများ ဖြစ်တတ်ကြောင်း၊ သေဆုံး သူ၏ အနီးနားတစ်ဝိုက်တွင် စုံစမ်းချက်အရ ၄င်းသည် ဖရဲသီးကို ရောင်းသည်မှာ ကြာ မြင့်ပြီဖြစ် သည့်အတွက် ဖရဲသီးဗန်းနှင့် ဖရဲသီးများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သော်လည်း တစ်ခါတလေ ဝေဒနာအားခံစားရပါက လွတ်ကျတတ်သည့်ဖြစ်ရပ်မျိုးလည်းရှိကြောင်း သိရသည်။

         သူ မသေဆုံးခင် တစ်နာရီ ခန့်အလိုတွင် မောင်မျိုးမင်းဦး(ခ) ၀က်ကြီးက သူ၏ဖခင်ဖြစ်သူထံ ဖုန်းဆက်ခဲ့သေးကြောင်းလည်း သိရသည်။

       “ အဲ့ဒီနေ့က ကျွန်တော့်သား က ကျွန်တော့်ကို ဖုန်းဆက်သေး တယ်။ သူမသေခင် တစ်နာရီ လောက်အလိုလို့ ထင်ပါတယ်။သူ့အနေနဲ့ ဘုရားပွဲ ပွဲဈေးမှာ ဖရဲသီးရောင်းချင်တယ်လို့ လှမ်းပြောတယ်။ ပြောနေရင်း ဖုန်းက ပြတ်တောက်သွားတယ်။ နောက် အဲ့ဒီဖုန်းကျပြီး တစ်နာရီလောက် အကြာမှာ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ဖုန်းလှမ်းဆက် တယ်။ ဒီမှာ ခင်ဗျားသားဝက်ကြီး အသည်းအသန်ဖြစ်လို့ အမြန်လာ ခဲ့ဆိုပြီး ပြောတယ်။ ကျွန်တော်ရောက်တော့ သူတို့အိမ်မှာလူတွေ အုံနေပြီ။ ရဲတွေလည်းရောက်နေပြီ။ အရှေ့က ၀င်မရလို့ နောက် ဖေးကနေ ၀င်ကြည့်တော့ ကျွန် တော့်သား ကြိုးတန်းလန်းကြီးနဲ့ သေဆုံးနေတာကိုတွေ့ရတာ ရင် ထဲ မှာဆို့သွားတာပါပဲ “ ဟု သေဆုံးသူ ၀က်ကြီး၏ဖခင်က ပြောပြ ခဲ့သည်။

          သေဆုံးသူ၏ ဖခင်မှာ သားဖြစ်သူမည်သည့်အတွက် ယခုလို သေဆုံးခဲ့ရသလဲဆိုသည်ကို လုံးဝ မသိခဲ့ကြောင်းနှင့် နာရေးပို့ဆောင် သည့်နေ့မှပင် ပတ်ဝန်းကျင်မှ ပြောပြခဲ့၍ သိခဲ့ရကြောင်းလည်း ပြောပြခဲ့သည်။လည်ပင်းတွင် ကြိုးချည် လျက် တန်းလန်းဖြင့် သေဆုံးနေ သည့် မောင်မျိုးမင်းဦး(ခ)၀က်ကြီး အား သူ၏အိမ်နားတွင်လာရောက် ဆော့ကစားနေသော ကလေး များမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ကလေးများမှတစ်ဆင့် အနီးရှိ လူကြီးများ သိခဲ့ရပြီး ခဏအကြာတွင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ရဲများရောက်ရှိလာခဲ့ကြောင်း လည်း သိရသည်။

   “ ကျွန်တော်တို့အပေါ်တော့ အရမ်းကောင်းတဲ့သား ... ဗျ။ ကျွန်တော်က ပန်းရန်လုပ်စား တော့ အလုပ်က မမှန်ဘူး။ ကျွန်တော့်မှာလည်း အသက် ၁၆ နှစ် အရွယ် ဆယ်တန်းသမီးလေးလည်း ရှိတယ်။ အဲဒီသမီးလေးရဲ့ ကျူရှင်ခ၊ မုန့်ဖိုး၊ အ၀တ်အစားကအစ သူတစ်ယောက်တည်း ပံ့ပိုးပေးတာ။ ပြီးတော့ သူက ဈေးရောင်းလို့ ပြန်လာရင်လည်း ကျန်တဲ့ဟာကို ကလေးတွေကို ကျွေးတယ်။အင်မတန်သဘောကောင်းတာ “ ဟု မောင်မျိုးမင်းဦး (ခ) ၀က်ကြီး ဆိုသူ၏ဖခင် ဦးမျိုးညွန့်က နှမြောတသဖြင့် ပြောပြခဲ့သည်။

       မောင်မျိုးမင်းဦး(ခ) ၀က်ကြီး မှာ သူ့မိသားစုကိုယ်ပိုင် ပိုက်ဆံဖြင့်သာ ရပ်တည်စားသောက်နိုင် ရေးအတွက် မြေစာ၊ ကညွတ် (လယ်ကွင်းများတွင် အလေ့ကျ ပေါက်သော အပင်တစ်မျိုး) များ ကို ခူးယူ ရောင်းချခြင်းများနှင့် ပန်းမျိုးစုံ၊ ဖရဲသီး၊ စသည့် ရာသီ ပေါ် သီးနှံများကို ရောင်းချကာ မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးသူဖြစ်ပြီး သူ့တွင် အသက် ၂၅ နှစ်ကျော်အရွယ်ဇနီးကျန်ရစ် ခဲ့ကြောင်း သိရသည်။

  “ ကျွန်မယောက်ျားက ထမင်း စားရင်တောင် သူ့ပါးစပ်ထဲထမင်း ထည့်ရင် လက်ကလွဲတတ်လွန်းလို့ ကိုယ်တိုင်ပဲ ခွံ့ကျွေးရတာ” ဟု ကိုဝက်ကြီး၏ အမျိုးသမီးဖြစ်သူ မမိုးမိုးက ပြောပြခဲ့သည်။

     မောင်မျိုးမင်းဦး(ခ)၀က်ကြီး ဆိုသူသည် ငယ်စဉ်ကတည်းက ပင် ယင်းသို့ ဝေဒနာခံစားရခြင်း ကြောင့် အတန်းပညာသင်ယူရာ၌ အခက်အခဲရှိခဲ့ပြီး ဒုတိယတန်း အထိသာ သင်ယူခဲ့ရကြောင်း၊  ယခုကဲ့သို့ သတ်သေခြင်းမှာလည်း ရောဂါအခြေ အနေအရ တွေးတောနိုင်မှု အားနည်းသည့်အတွက် ယင်းဖြစ်ရပ်ပေါ်တွင် ခံစားစိတ်ပြင်းကာ သေကြောင်းကြံစည်ခဲ့သည်ဟု မြင်မိကြောင်း အနီးရှိ အသိုင်းအ၀ိုင်းနှင့် ၄င်းတို့မိသားစု ၀င်များက သုံးသပ်ကြသည်။

      “ ဒီကလေးကို သိတာ ဟိုး ငယ်ငယ်လေးကတည်းကသိတာ။ အဲဒီအရွယ်တကည်းက ဖရဲသီးကို ရောင်းစားနေတာ”  ဟု ကိုမျိုးကြီး ကွမ်းယာဆိုင်မှ ကိုမျိုးကြီးက ၄င်းနှင့်ပတ်သက်၍ မှတ်ချက်ပြု  ပြောပြခဲ့သည်။

       မောင်မျိုးမင်းဦး(ခ)၀က်ကြီး သည် သူရောင်းချသောပစ်္စည်း များကို ခင်မင်သူများအား မကြာ ခဏဆိုသလို အလကား ကျွေးတတ်သလို နီးစပ်ရာလူကြီးများကို လည်း အခါအခွင့်သင့်တိုင်းတွင် ကန်တော့တတ်သည့် အလေ့အကျင့်ကောင်းတစ်ခုရှိကြောင်း သိရသည်။သူသည် မသေဆုံးမီအချိန် အနည်းငယ်အတွင်းမှာပင် လူမှု ကွန်ရက်တွင်ပျံ့နှံ့နေသော သူ၏ဖရဲသီးဗန်းမှောက် သတင်းနှင့် ပတ်သက်၍ သူနှင့်ခင်မင်သူများ အား အကူ အညီတောင်းကာ သူ့ အကြောင်းအား ရှာဖွေ၍ ကြည့် ခိုင်းခဲ့ကြောင်းနှင့် သူသေကြောင်း မကြံစည်ခင်မှာပင် သူ့တွင် သူ့ ကိုယ်သူသတ်သေရန် အစီအစဉ်ရှိ နေသလားဆိုသည့်အပေါ်လည်း ဝေဖန်မှုများစွာရှိလို့နေသည်။

     “ မသေဆုံးခင် မနက်က အစ်မကို ဖရဲသီးစိတ်ပေးတယ်။ အရင်တုန်းကတော့ ဖရဲသီးတစ် လုံးခွဲကိုပဲ စိတ်ပေးတယ်။ အဲဒီ နေ့က သုံးလုံးလောက်စိတ်ပေးပြီး တော့ မကုန်မချင်း ပြန်မလာနဲ့ ဆိုပြီးတော့ ပြောတယ်။ တစ်ခါမှ အဲဒီလို လုပ်တယ်ဆိုတာမရှိဘူး။ အဲဒီနေ့က အစ်မရှိရင် အဲဒီလို ဖြစ်မှာ မဟုတ်ဘူး “ ဟု သေဆုံးသူ၏ ဇနီးမမိုးမိုးက ပြောသည်။ယခုတော့ ကြေးစည်သံနှင့် အတူ အားလုံးပြီးဆုံးသွားပြီဖြစ် သလို သူရောင်းနေကျ ဖရဲသီးဗန်း နှင့်အတူ သူဖွင့်ထားသော ဖရဲ သီး ၁၅ လုံးခန့်သာ သူ့အမျိုးသမီး အတွက် ကျန်ရစ်ခဲ့သည်။

    “ ဘာမှ မဟုတ်ပေမယ့် လူ့ အသက်တစ်ချောင်း ငယ်ငယ် လေး အဆုံးသတ်သွားရပါပြီ။ လူ ဖြစ်ဖို့ အများကြီးကျန်သေးသူ တစ်ယောက်ဆုံးရှုံးသွားပါပြီ။ ဖြစ် နိုင်ရင် လူတစ်ယောက်အကြောင်း ဘာမှမသိဘဲနဲ့ အဲ့ဒီလိုတွေမရေး စေချင်တော့ပါဘူး။ သူ့လိုအဖြစ် မျိုး ထပ်ပြီး မဖြစ်စေချင်ဘူး။အခြားသူထိခိုက်တာမျိုးတွေ ထပ် ပြီး မဖြစ်စေချင်တော့ပါဘူး “ ဟု  ကိုဝက်ကြီး၏ဇနီးက မျက်ရည်များစွာကျရင်း ပြောပြခဲ့သည်။

        အရာရာအားလုံး ပြီးဆုံး သွားသော်လည်း ယခုထိမပြီးဆုံး နိုင်သည်မှာ လူအများ၏ဝေဖန် ပြောဆိုမှုများစွာဖြစ်ပြီး ကိုဝက်ကြီး သေဆုံးမှုနှင့် ပတ်သက်၍ သူ၏အကြောင်းအား လူမှုကွန်ရက် ပေါ်တွင် ဝေဖန်ရေးသားခဲ့သော သူအား အမှုဖွင့်သင့်ကြောင်း စသဖြင့် တိုက်ခိုက်ရေးသားမှုများ စွာလည်း ရှိလို့နေသည်။

   “ သူ့ကို တရားစွဲလိုက်လို့ ကျွန်တော့်သား အသက်ပြန်ရှင် လာမှာလား၊ အသက်ပြန်ရှင်မယ် ဆိုရင်တော့ သူ့ကို သတ်ဆိုလည်း သတ်ရဲတယ်။ ကျွန်တော်တို့ကဗုဒ်္ဓ ဘာသာတွေပါဗျာ။ ကိုယ့်အတွက် ရော၊ သူ့အတွက်ပါ မကောင်းမယ့် ကိစ်္စမျိုး ဘာလို့လုပ်မလဲ “

 နိုင်းနိုင်း ရေးသားသည်

Category: 

Share