အင်္ဂလန်သံအမတ်ကြီး အင်ဒရူးပက်ထရစ် မြန်မာအမျိုးသမီးနှင့် စေ့စပ်ကြောင်းလမ်း

              မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန် သံအမတ်ကြီး အင်ဒရူးပက်ထရစ်သည် ၂၀၁၈ ဇန်န၀ါရီ ၂၀ ရက်က ပြုလုပ်သော သံအမတ်ကြီး နေအိမ်ပါတီပွဲ၌ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ နိုင်ငံတကာသံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များရှေ့မှောက်တွင် မြန်မာအမျိုးသမီး ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ မစန္ဒာဝင်းနှင့် စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့ရာ ဧည့်သည်တော်များ အနေဖြင့် အံ့အားသင့်ခဲ့ရသည်။

       အင်္ဂလန်သံအမတ်ကြီး အင်ဒရူး ပက်ထရစ်သည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် နှစ်နှစ်ကျော် ထမ်းဆောင်ပြီးသည့်အချိန်တွင် ယခုလို ဖူးစာဖက်ကို စုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားဝတ်စုံကို နှစ်နှစ် ခြိုက်ခြိုက် ၀တ်ဆင်လေ့  ရှိသော အင်္ဂလန်သံအမတ်ကြီး ပက်ထရစ်သည် အသက် ၅၁ နှစ်ခန့်ရှိပြီး လူပျိုကြီး တစ်ဦးလည်း ဖြစ်သည်။

      သံအမတ်ကြီး အင်ဒရူးပက်ထရစ်ကဲ့သို့ပင် ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မစ္စဗစ်ကီဘိုးမန်းသည်လည်း မြန်မာအမျိုးသားတစ်ဦး ဖြစ်သော ပန်းချီ ထိန်လင်းနှင့် ၂၀၀၆ ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ ထူးခြားချက်မှာ ယခင် အင်္ဂလန်အမျိုးသမီးသံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း နှင့် လက်ရှိ အင်္ဂလန်သံအမတ်ကြီး ပက်ထရစ်အင်ဒရူးတို့မှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာန  Foreign Office  သို့ တစ်နေ့တစ်ရက်တည်း ၀င်ရောက်တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။

         လက်ရှိ မြန်မာနိုင်ငံ၏ လက်ထပ်ထိမ်းမြှားခြင်း ဥပဒေအရ မစ္စတာပက်ထရစ်အင်ဒရူးသည် ပန်းချီထိန်လင်းနှင့် ဗစ်ကီဘိုးမန်းတို့ကဲ့သို့ပင် နိုင်ငံတော်တရားရုံးချုပ်တွင် လက်ထပ်ထိမ်မြား၍ရမည်မဟုတ်သဖြင့် အင်္ဂလန်နိုင်ငံတွင်သာ လက်ထပ်ပွဲ အခမ်းအနားကို ကျင်းပရဖွယ်ရှိကြောင်း သိရသည်။   

Photo ; Htein Lin ( FB)

Category: 

Share