ယာဉ်တိုက်မှုဖြစ်ရာမှ ဘင်္ဂါလီ ၁၂ ဦးအား တစ်ဦးလျှင် ကျပ် ၁၈ သိန်းဖြင့် ခိုးသွင်းလာမှုပေါ်ပေါက်

               မင်းဘူးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ပွတ်ချောင်းတံတားထိပ်တွင် ဇန်န၀ါရီ ၁၇ ရက် နံနက် ၄ နာရီ အချိန်ခန့်က မကွေးမှ မင်းတုန်းသို့ မောင်းနှင်လာသည့် ခရီးသည်တင် အားမာန်သစ်ယာဉ်နှင့် မင်းဘူးမှ မကွေး၊ ရန်ကုန်သို့သွားမည့်   ဟွန်ဒါဖစ်ကားတို့ တိုက်မိရာ ဟွန်ဒါဖစ်ကားဖြင့် ပါလာသည့် ဘင်္ဂါလီ ၁၂ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်းကို သိရသည်။

        အဆိုပါ ယာဉ်တိုက်မှုသည် မင်းဘူးမြို့မှ မကွေး၊ ရန်ကုန်သို့ သက်နိုင်(ခ)ဟာလီယာမောင်းနှင်လာသည့် ဟွန်ဒါဖစ်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ လာနေသည့် မကွေးမှ မင်းဘူးဘက်သို့ အောင်နိုင်လင်း မောင်းလာ သည့် အားမာန်သစ် ခရီးသည်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းနှင့်  ထိုသို့ တိုက်မိခြင်းကြောင့် ဟွန်ဒါဖစ်ယာဉ်မောင်း သက်နိုင်သည် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

      “ယာဉ်တိုက်မှုဖြစ်တာက တော့ နံနက် ၄ နာရီလောက်က ဖြစ်တာပါ။ ကျွန်တော်တို့ ၄ နာရီ ခွဲလောက်မှာ ရောက်သွားတယ်။ ကားရှေ့ဘီးတွေ ပြုတ်နေတယ်။ ကားပေါ်မှာ လူတွေတော့ မတွေ့ ရဘူး။ ယာဉ်ထိန်းရဲ တွေလည်း ရောက်နေ တယ်။ အဲဒီစစ်ဆေး နေတဲ့အချိန်မှာ တံတားအောက်မှာ လူခြောက်ယောက်တွေ့တယ်။ သိပ်မသင်္ကာဘူးဖြစ်တယ်။ ပြီးတော့ တိုက်ထားတဲ့ကားတွေကို ဆွဲသွားတယ်။ ကျွန်တော်တို့ ကြားထားတဲ့ သတင်းကတော့ အတိုက်ခံရတဲ့ကားပေါ်မှာ ဘင်္ဂါ လီ တွေ ပါလာတယ်လို့ကြားတယ်။ ဆားပွက်ချောင်းတံတား ဘက်ကို ရှာတာလည်း မတွေ့ဘူး။ အနီး အနား ပတ်ဝန်းကျင်ရပ်ကွက်တွေ ကိုတော့ ရှာထားဖို့ ပြောရတယ်။ ဇန်န၀ါရီ ၁၈ ရက်၊ နံနက်မှာတော့ မသင်္ကာဖွယ်ရာလူတွေ တွေ့ရှိလို့ ရပ်ကွက်လူထုနဲ့ နောက်ယောင်ခံလိုက် ကြည့်တာ ဆားပွက်ချောင်း ထဲက ကိုင်းတောထဲမှာ ပုန်းနေတဲ့ ဘင်္ဂါလီလို့ ထင်ရတဲ့သူ ၁၁ ဦးကို ဖမ်းဆီးမိ တယ်။ သူတို့ကို တိုက်တဲ့ ကားက တစ်ဦးကို ငွေကျပ် ၁၈ သိန်းနဲ့ ခေါ်လာတယ်လို့ ပြောပါ တယ် “ ဟု ဘင်္ဂါလီများအား ၀ိုင်းဝန်း ဖမ်းဆီးပေးခဲ့သူတစ်ဦးက ပြောသည်။

        အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ မင်းဘူးမြို့မရဲစခန်း မှ တာဝန် ရှိသူတစ်ဦးက ၂၀၁၈  ခုနှစ် ဇန် န၀ါရီ ၁၈ ရက်က မင်းဘူးမြို့၊ အ မှတ်(၁)ရပ်ကွက်၊ ဆားပွက်ချောင်း တံတားအောက်တွင် မသင်္ကာဖွယ်ရာ လူတစ်စု ရောက်နေကြောင်း      သတင်းရရှိ၍အမှတ်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၊ရာအိမ် မှူးများနှင့် ရပ်ကွက်ပြည်သူများ တောနင်းရှာဖွေခဲ့ရာ ဘင်္ဂါလီလူမျိုးဟု ယူဆရသူ ၁၁ ဦးနှင့် အ မှတ် ၃ ရပ်ကွက်၊ ကားကြီးကွင်းထဲတွင် တစ်ဦး ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၄င်းတို့အား  သက်သေများရှေ့တွင် စစ်ဆေးရာ ၁၂ ဦး ထဲမှ ရခိုင်ပြည်နယ် ကျောက်တော် မြို့ဝကင်းကျေးရွာနေ မြန်မာစကားပြောတတ်သူ ဂျော်လန် (ဘ) ဦးလှလူးက ဟွန်ဒါဖစ် ခဲရောင် ယာဉ်မောင်း သက်နိုင်(ခ) တာလီယာ၊ လှိုင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးမှ အခကြေးငွေယူ ၍ ပို့ဆောင်သူ မြင့်ရွှေ၊ ကျောက်ဖြူ၊ ရခိုင်မြို့နယ်တို့နှင့်အတူလိုက်ပါလာကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

     ထို့ကြောင့် ယာဉ်မောင်း သက်နိုင်နှင့် မြင့်ရွှေတို့နှစ်ဦးအား ဒုရဲအုပ်နိုင်နိုင်ထွန်းမှ တရားလိုပြု လုပ်တိုင်တန်း ၍ မင်းဘူးမြို့မှ ရဲစခန်း (ပ) ၁၃၅/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အရေးယူပြီး အမှုစစ်ဒုရဲအုပ်ကျော်ကျော် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း နှင့် ဘင်္ဂါလီလူမျိုး ၁၂ ဦးအား အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဦးစီးဌာနမှ ဒု- လ၀ကမှူးဦးအောင်ကျော်စိုးမှ တရားလိုပြုလုပ်၍ မင်းဘူးမြို့နယ် တရားရုံး တွင်၂၀၁၈ခုနှစ် ဇန်န၀ါရီ ၁၉ ရက်က တရားစွဲဆိုခဲ့ရာ မင်းဘူးမြို့နယ်တရားရုံးမှ ပြစ်မှု ကြီး အမှတ် ၁၄၁/၂၀၁၈ ဖြင့် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက် ဥပဒေပုဒ်မ(၂)/၆(၃)ဖြင့် ဘင်္ဂါလီ လူမျိုး ၁၂ ဦးအား မြို့နယ် တရားသူကြီး ဒေါ်သိမ့်သိမ့်အေးမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြင့်ဝေ(မင်းဘူး)

Category: 

Share