မြောက်ဦးအုပ်ချုပ်ရေးမှုးဟောင်း ဦဘိုဘိုမင်း ဒဏ်ရာများဖြင့် သေဆုံး

ယခင်ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့သူ ဦးဘိုဘိုမင်းသည် ဇန်နဝါရီ ၃၀ရက် ညနေပိုင်းတွင် ပုဏ္ဏာကျွန်းမြို့နယ်အနီး၌ ဒဏ်ရာမျာဖြင့် သေဆုံးနေကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ထိုအပြင် ဦးဘိုဘိုမင်း စီနင်းလာသည့် မော်တော်ယာဉ်သည်လည်း ရန်ကုန်-စစ်တွေကားလမ်းမ မိုင်တိုင်အမှတ် ၁၆၉-၁၇၉ အနီး သရက်ချိုကျေးရွာလမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားနေသည်ကိုတွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဝန်ရှိသူများက ကရိန်းကားဖြင့် လမ်းပေါ်သို့ပြန်လည်တင်ဆောင်ထားစဉ် ည ၈နာရီခန့်၌ မီးရို့ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါမြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်က ကျင်းပပြုလုပ်သည့် ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း အခမ်းအနားကို ခွင့်ပြုမိန့်မရှိဘဲဆောင်ရွက်သည်ဟုဆိုကာ သက်ဆိုင်ရာကတားဆီးပိတ်ပင်မှုများပြုလုပ်ခဲ့သည့် အတွက် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် လူသေဆုံးမှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထိုသို့ ပဋိပက္ခဖြစ်ပွားပြီးနောက် ယခုသေဆုံးသူ ဦးဘိုဘိုမင်းအား မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရခိုင်ပြည် နယ်အုပ်ချုပ်ရေးမှူးရုံးသို့  ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်တွင်ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

ဦးဘိုဘိုမင်း သေဆုံးမှုကြောင့် လက်ရှိတွင်ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 လူသစ်

Category: 

Share