ထူးသထက်ထူးတဲ့ ဝှေးစေ့နှင့် ကြွက် - မာဂျေ

တစ်ပတ်ထက် တစ်ပတ် မရိုး ရအောင် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေ သူ့ ထက်ငါထူး အောင်တင်နေကြတာ အားရစရာကြီး ပြောရမလား။ အမြင်ကတ်စရာကြီး ပြောရမလားပဲ။ တိုင်းပြည်ရဲ့ ထုတ်ကုန်စွမ်းအားသာ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတင်ဖို့ စိုက်ထုတ်တာရဲ့ တစ်ဝက်လောက်သာသုံးခဲ့ရင် မြန်မာ့စီးပွားရေးဟာ ဂျက်လေယာဉ်ထက် သာလွန်ပြီး အာကာ သယာဉ်လို အရှိန်အဟုန်ကောင်းကောင်းကြီးနဲ့ မြေကြီးက ကြွရုံ တင်မဟုတ်ဘူး စကြ၀ဠာအထိ ပျံတက်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ သတင်းဆန်းတွေကလည်း အများသား။ ပထမဆုံးသတင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သန်လျင်က ဖရဲသီးသည်လေး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သတင်း ပဲ။ ဒီမှာလည်းထုံးစံအတိုင်း ဖရဲသီးမှောက်ချတာကိုသတင်းတင် တဲ့သူ မှားတယ်၊ မှန်တယ်တွေနဲ့ ငြင်းကြခုံကြဖြစ်ကြရော။ ဥပဒေ သမားတချို့ကတော့ သူ့ဟာ သူ ဖရဲသီးဗန်းမှောက်ချတာဟာ ပြစ်မှုမမြောက်ဘူးလို့တွေ ၀င်ရေးကြနဲ့ ပွဲက အတော်ဆူသွားပေမယ့် ဖရဲသီးသည်လေးကတော့ လူ့လောကမှာ  မရှိရှာတော့ဘူး။ ဟော နောက်တစ်နေ့ တနင်္လာနေ့ မှာတော့ သရုပ်ဆောင် ရဲတိုက် ဒိုင်ယာဇီပင် အလုံး ၄၀သောက်တဲ့ သတင်းပဲ။ မြန်မာတွေရဲ့ထုံးစံအတိုင်း အယူဝါဒ     နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက ဒိုင်ယာဇီပင်သောက်တယ်။ နောက်တစ် ခြမ်းက စိတ်ဆရာဝန်ပေးတဲ့ ဆေးသောက်ပြီး အရက်သောက်မိလို့ အစာအဆိပ်ဖြစ်တာလို့ လိုင်းပေါ်တင်ကြတယ်။ သူမှန်တယ်၊ ကိုယ်မှန်တယ် ငြင်းကြခုံ ကြရင်း လိုင်းပေါ်ကို ရဲက ရေးတဲ့ ဆေးစာတွေ တက်လာတယ်။ ရဲတိုက်သတင်းမပြီးခင် အင်္ဂါနေ့မှာ တက်လာတာက သမ္မတကြီး စင်ကာပူကိုဆေးသွားကုတဲ့ သတင်း။ အဲဒီသတင်းမှာတော့ ဂျာနယ်တိုက်က သမ္မတရုံးဝက်ဘ်ဆိုက်က ပုံတစ်ပုံ ယူတင်ရာက ပုံအဟောင်း ကြီးနဲ့ သတင်းအတုတင်တယ်ဆိုပြီး ငြင်းကြခုံကြသလို သမ္မတ ရုံးကလည်း အဲဒီသတင်းကို ပြန်ဖြုတ်ပေးဖို့ ညှိနှိုင်းလာတယ်။ နောက်ဆုံးမှာ သတင်းက မှန်နေ တော့ သမ္မတရုံးက ပုံပြန်ပြောင်းပေးဖို့ တောင်းဆိုတာနဲ့ပဲ ပြီးသွား တယ်။ ဒီတော့ အကြံပေးချင်တာက သမ္မတရုံးဝက်ဘ်ဆိုက်မှာ ဘယ်ပုံကတော့ သုံးခွင့်ရှိတယ်။ ဘယ်ပုံကတော့ ယူမသုံးနဲ့ဆိုတဲ့ စာလေးတွေ ထိုးထားရင် အဆင်ပြေမလားတွေးမိပါရဲ့။

တနင်္လာနေ့မှာပဲ ထပ်ထွက်လာတဲ့ သတင်းဆန်းကြီးတစ်ခုက တော့ တရုတ်နိုင်ငံမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ သုတေသနပြုချက်အရ ယောက်ျားဝှေးစေ့တစ်လုံးကို တစ်နှစ်တစ်ခါ စားသုံး ခြင်းဖြင့် ကျန်းမာရေး ကောင်းတဲ့အတွက် ဝှေးစေ့တစ် လုံးကို ငွေကျပ် ၁၇ သိန်းကနေ သိန်း ၃၀ အထိ အရောင်းအ၀ယ် ဖြစ်နေတယ်ဆိုတဲ့သတင်းပါပဲ။ ထုံးစံအတိုင်း ဦးရင်ပြီးရောဆိုသူတွေက အဲဒီသတင်းကို ကူးကြ၊ ဖွကြ၊ ဆွေးနွေးကြပေါ့။ လူတွေ သတိမထားမိတာက အဲဒီသတင်းရဲ့အရင်းအမြစ်က စောက်တောသား တီဗီချန်နယ်လို့ ပါနေတာ ပဲ။ ပြောရရင် သက်သက် အပြောင် အပျက် ဖွတဲ့ သတင်းအတု ကြီးဖြစ်တယ်။ ဒါပေသိ မကူးရမနေနိုင်သူတွေက ၀ိုင်းဖွလိုက်တာအဲဒီသတင်းဟာ အင်္ဂါနေ့ ညနေခင်း လူကြည့်အများဆုံး သတင်းဖြစ်သွားတယ်။ အဲဒီ  သတင်း က ဘာနဲတူလဲဆိုတော့ လွန်ခဲ့တဲ့နှစ်က ကောင်းကင်ပျံ တက်နိုင်တဲ့ ကျောပိုးဂျက်အင်ဂျင်ထွင် နိုင်တဲ့ ကလေးကို အဲဇလုံက သိန်းငါးရာဆုချတယ်ဆိုတဲ့ သတင်းမျိုးပဲ။ အဲပုဂံရှိတာကို နောက်ချင် သူတွေက ဆင်တူယိုးမှား အဲဇလုံ ဆိုပြီးလုပ်လိုက်တဲ့ သတင်းအတုကြီး။ ဒါပေသိ ဖြစ်နိုင်သည် မဖြစ်နိုင်သည် မစဉ်းစားဘဲ ရှယ်ကြ၊ ကော်ပီလုပ်ကြနဲ့ အတော်လေး ဆူညံသွားတဲ့ သတင်းမှား တစ်ခုပေါ့။ အင်္ဂါနေ့ မှာပဲ သတင်းအစစ်ဆိုပေမယ့် မတင်သင့်တာတင်လိုက်တော့ ဆိုရှယ် မီဒီယာပေါ်မှာ ၀ိုင်းအဖွ ခံလိုက်ရတာကတော့ ပြန်ကြား ရေးဝန်ကြီးဌာနက ကြွက်ကင်သတင်းပဲ။ ဒီရာသီမှာ လယ်ကြွက်တွေ ဖမ်းပြီး ရောင်းကောင်းလို့ လူတစ်ယောက် တစ်နေ့ ၀င်ငွေ ကျပ် ငါးထောင်နဲ့ တစ်သောင်း ကြားရတယ်ဆိုတဲ့ သတင်းကို “ စပါးဈေး မကောင်းပေမယ့်လယ် ကြွက်ဈေးတက်တော့ တော်သေး တယ်။ ဘယ်အစိုးရ လက်ထက် မှာမှ NLDအစိုးရ ခေတ် လောက် လယ်ကြွက်ဈေး မတက်ခဲ့ဖူးဘူး။ မနာလိုသူတွေ ဘာပြောပြော လယ်သမားတွေ လက်သန်းမင် စွန်းရတာ တန်တယ်။ NLDလက်ထက်မှာ မြန် မာ့စီးပွားရေးဟာ ကြွက်ကင် အစွမ်းနဲ့ ဂျက်လေယာဉ်လို ပျံသန်းတော့မှာကို ယုံ ကြည်တယ်” လို့ ချီးကျူးတာလား၊ အစိုးရကို ဖားတာလား၊ ချီးမွမ်း ခြေကျောက်လုပ်တာလား၊ ရွဲ့တာ လား၊ လှောင်တာလား ဘာမှန်း မသိတဲ့ ကွန်မန့်တွေလည်းတွေ့ လိုက်ရတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ပျောက်ဆုံးနေတဲ့  FDA က ၀န်ထမ်း ကောင်မလေးကို တက္ကစီမောင်းတဲ့ ခွေးက မုဒိမ်းကျင့် သတ်ဖြတ်လိုက်တဲ့သတင်းက တစ်နိုင်ငံလုံး ဆူညံသွားတယ်။ တကယ်တမ်း ပြောရရင် လုချင်ရင်လု၊ သတ်ချင် ရင်သတ်၊ မနေနိုင်လို့   မုဒိမ်းကျင့် ချင်လည်း ကျင့်ပေါ့။ ခုတော့ လုတာရော၊ မုဒိမ်းကျင့်တာရော၊ သတ်တာရောက လွန်သွားပြီ။ အထူးသဖြင့် မုဒိမ်းသမားတွေ ဟာ ထောင်မှာလျှော့ရက်တွေ ရပြီး ခဏနဲ့ပြန်လွတ်လာတာတွေ၊ တချို့ တရားရုံးတွေက မုဒိမ်း သမားတွေကို ထောင်ဒဏ်နည်း နည်းပဲချတာတွေကြောင့် မုဒိမ်း သမားတွေ အတင့်ရဲလာတယ် လို့ ထင်တယ်။ ဒီလို အမှုမျိုးကိုတော့ နောင်ကြဉ်အောင် တကယ် သေဒဏ်ပေးဖို့လိုပြီလို့ စဆရက ၀င်လုပ်ပြီး ပြောချင်ပါတယ်။ လေ့လာမိသလောက် မုဒိမ်းမှုနဲ့ ပတ်သက်ရင် ပဲခူးတိုင်း ဒေသကြီး ဟာ အသက်ညှာဆုံးဖြစ်ပြီး သက်ငယ်မုဒိမ်းမှုလိုဟာမျိုးတောင် ထောင်ဒဏ် တစ်နှစ်ခွဲ လောက်နဲ့ ပြီးသွားတာ ဖတ်ဖူးပါတယ်။ ဒီတော့မုဒိမ်းသမားတွေကို ထောင် ဒဏ်အပြင် ဝှေးစေ့ နှစ်လုံးဖြတ်တဲ့ ပြစ်ဒဏ်ပါချရင်   ယောက်ျား စစ်စစ်က ကုန်းကုန်းဖြစ်သွားမှာမို့ မုဒိမ်းမှုတွေကို လုံးဝတားဆီးနိုင် လိမ့်မယ်လို့ ဒီနေရာကနေ အစိုး ရကို အကြံပြုလိုပါတယ်။ အင်တာနက်ပေါ်က လိင်ဝက်ဘ်ဆိုက်တွေကိုလည်း မပိတ်မပင်ဘဲ ကြည့် ချင်သလို ကြည့်ခွင့်ပေးထားတာ ကလည်း မုဒိမ်းမှုတွေ အဖြစ်များရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ် ပါတယ်။ (ဒါက အခုရေးနေတဲ့ ဆောင်းပါးနဲ့ မသက်ဆိုင်သော် လည်း ပြောစရာတစ်ခုအနေနဲ့ ကြား ဖြတ်ပြောလိုက်တာပါ)။

ပြောချင်တာက အခု အချိန်ဟာ ရွေးကောက်ပွဲ ဝေးနေသေးတဲ့ အချိန်ဖြစ်လို့ မဟုတ်တာ လုပ်ချင်သူ တွေက သတင်းအတုတွေနဲ့ တိုင်း သူပြည်သားတွေ အပေါ် ဘယ်လောက် ဆွဲဆောင်နိုင်သလဲဆိုတာ စမ်းသပ်နေတာ ဖြစ်တယ်။ ရွေးကောက်ပွဲနီးတဲ့ အချိန်ဆိုရင် တိုင်းပြည်ကံကြမ္မာကို ပြောင်းပြန်ဇောက်ထိုးဖြစ်စေမယ့် သတင်း အတုတွေ အများကြီးလာ တော့မယ်။ အဲဒီလို သတင်းအတုတွေထဲ မှာ ပြည်သူ လူထု ရဲ့ မျက်ရည်ကို ချူတဲ့ သနားစရာ ရင်နင့် စရာမဟုတ် တရုတ်ဇာတ်လမ်းတွေ လာတော့မယ်။ လူတွေက စီးပွား ရေးကလည်းကျ၊ စိတ်ကလည်း ညစ်နေတော့ အဲဒီသတင်းတွေ ကိုပဲ အလုပ်တစ်ခု လုပ်ပြီး လိုက်ကူးကြ၊ တင်ကြနဲ့ လုပ်ကြလိမ့်မယ်။ အဲဒီသတင်း မှန်မမှန်ထက် ပညာ ရှိယောင် ဆောင်ချင်သူတွေက လည်း အဲဒီသတင်းကို ဥပဒေ ကျင့်ဝတ်တွေ၊ နိုင်ငံတကာစံနှုန်း တွေနဲ့ သုံးသပ်ပြလိမ့်မယ်။ အဲဒီ လိုဆိုရင် ကောက်ရိုးပုံထဲချလိုက် တဲ့ မီးပွားတစ်ခုလို မီးဟုန်းဟုန်း တောက်လိမ့်မယ်။ နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးတွေက တော့တွေးတောင် မတွေးရဲစရာ ပါပဲ။ ဒါကလည်း နိုင်ငံရေး အကွက် တွေထဲကတစ်ခုလေ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် တောင် ဆိုရှယ်မီဒီယာ မှာ သတင်းမှားတွေတင်ပြီး သမ္မတဖြစ်သွား သေးတာ မဟုတ်လား။ အမေရိ ကန်နဲ့ယှဉ်ရင် မြန်မာလူထုရဲ့ ဆို ရှယ်မီဒီယာ အသိပညာက မကြွယ်ဝသေးပါဘူး။ ဟိုမှာ ရင့် ကျက်နေသူ တွေတောင် ဗြောင်းဆန်သွားသေးတာ။ ဒါကြောင့် စင်ကာပူနိုင်ငံကို တည်ထောင်တဲ့ လီကွမ်ယုက ပြောသွားခဲ့တာ။ သူ့အနေနဲ့ နိုင်ငံကို ကောင်း အောင် တည်ဆောက်ဖို့ဆိုရာမှာ ပြည်သူ တစ်ဦး ချင်းစီရဲ့ အသည်း ကြားကမဲတစ်ပြားကို အယုံအကြည် မရှိပါဘူးတဲ့။

ဘာပဲပြောပြော အလုပ်အား နေသူတွေအတွက် ဆိုရှယ်မီဒီယာဟာ သူတို့ဘ၀ တစ်ခုပဲ။ နေ့စဉ် ဖုန်းကိုပွတ်ရင်းဘ၀ကို ပုံဖော် နေသူတွေက မြန်မာနိုင်ငံမှာ အများကြီးဆိုတော့ ထူးဆန်းအံ့ ဖွယ် သတင်းအတုတွေ၊ မျက်ရည်ချူတဲ့ သတင်းအတုတွေကတော့ နေ့စဉ်လိုင်းပေါ်တက်နေဦးမှာ ပဲ။ အစိုးရအနေနဲ့ အမြော်အ မြင်ရှိမယ်ဆိုရင် ဆိုရှယ်မီဒီယာ ကို စနစ်တကျ ထိန်းကျောင်းသင့်ပြီလို့ ထင်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ မီဒီယာသုံးပွင့်ဆိုင်တံခါးပိတ်ဆွေးနွေးပွဲမှာလည်း မာဂျေက ဒါကို    အကြံပြုခဲ့ဖူးပါ တယ်။ လက်ရှိအစိုးရဟာ သူ့ ကိုယ်သူ တိုင်းပြည်အုပ်ချုပ်မင်း လုပ်နေပြီ ဆိုတာ မေ့နေပုံရပြီး သူ့ကိုယ်သူ အတိုက်အခံလို့ပဲ ထင်နေသေးပုံရတယ်။ ဒါကြောင့် ဆိုရှယ် မီဒီယာကို စနစ်တကျ သုံးတတ်အောင် ထိန်းကျောင်း ဖို့ကို စိတ်မ၀င်စားရုံသာမက နောက် ယောင်ခံ ဥပဒေတို့၊ ရဲအက် ၅၄ တို့ကို ဖျက်သိမ်းတဲ့အပြင် ပုဒ်မ ၈(စ) လိုဟာမျိုးကို ပြဋ္ဌာန်း လိုက်တာလို့ ထင်ပါတယ်။ ဒါတွေဟာ လက်ရှိအစိုးရအနေနဲ့ အတိုက်အခံဘ၀က ခံစားထားရလို့ အဲဒီနာကြည်းစိတ်နဲ့ ဖျက်တာမှန်ပေမယ့် အဲဒီအကျိုးဆက်တွေ ကတော့ ပြစ်မှုတစ်ခုကို ကြိုတင် တားဆီးလို့မရတော့ဘဲ ဖြစ်မှ အရေးယူလို့ရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတယ်ဆိုတာ    ရောတိုင်းပြည်အုပ်ချုပ်မင်းလုပ် နေသူများ သိပါစလို့ မေးချင်ပါ တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ချင်တာတင်၊ ရေးချင်တာရေး အကုန်ခွင့်ပြုထားရုံမက အကောင့် အတုတွေကိုပါ ခွင့်ပြုထား ရင် ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာ နဲ့အမျှ မဟုတ်မဟတ် ဇာတ်လမ်းအတုတွေနဲ့ တိုင်းပြည် တုန်လှုပ်အောင် လုပ်မယ့်သူတွေက    အသင့်စောင့် နေတယ်ဆိုတာ နှစ်နှစ်ကြိုပြီး သတိပေး လိုက်ပါ တယ်။ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လက်နက်ကိုင် ပေါင်းစုံနဲ့ ထိလွယ်ရှ လွယ်တဲ့ နိုင်ငံမျိုးမှာ ဆိုရှယ်မီဒီယာကို လက်လွတ်စပယ်လွှတ် ထားတာ ကတော့ မဖြစ်သင့် ဘူးလို့ ထင်မြင်မိကြောင်းပါ။

Category: 

Share