အစိုးရ၏ ဥပဒေနားရွက်ကို တံတွေးစွတ်လာသော ရာဇ၀တ်မူများ - ဇော်သက်ထွေး

 

ပြီးခဲ့တဲ့သီတင်းတစ်ပတ် အတွင်းထဲမှာပဲ မြန်မာနိုင်ငံမှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရာဇ၀တ် မှုကြီး သုံးခုဖြစ်ခဲ့ပါတယ်။ ပထမအမှုကတော့ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေပြည်တော်မှာ တာ ၀န်ထမ်း ဆောင်နေတဲ့ FDA ၀န်ထမ်း မရွှေရည်ဝင်းဟာ နေအိမ်ကိုပြန်ဖို့ လှည်းတန်းလမ်းဆုံအနီးက တက္ကစီ ငှားစီးပြီး အပြန်မှာ ယာဉ်မောင်း ရဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါ တယ်။ဒုတိယ ရာဇ ၀တ်မှုကြီးကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက်ကို ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနှင့် ယိုးငူကျေးရွာအကြား ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ ဓားနဲ့   ၁၉ ချက်ထိုးပြီး သတ်သွားတာဖြစ်ပါ တယ်။ တတိယ ရာဇ၀တ်မှုကြီးက တော့ မြန်မာနိုင်ငံရဲ့ အရေး ကြီးဆုံး ပုဂိ္ဂုလ်အစိုးရအဖွဲ့ကို အဓိက မောင်းနှင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိ္ဂုလ် ဒေါ် အောင် ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့က နေအိမ် ခြံနံပါတ် ၅၄ မှာ ဓာတ်ဆီပုလင်းမီးရှို့ပြီးပစ်သွင်း ခဲ့တာပဲ ဖြစ် ပါတယ်။

ပထမရာဇ၀တ်မှုကို ကြည့်ရင် မြန်မာ့လူ့အသိုင်းအ၀ိုင်းမှာ အတော်ထိတ်လန့် တုန်လှုပ်စရာ ကောင်းပါ တယ်။ အသတ်ခံရတဲ့ အမျိုးသမီးလေး ငှားစီးတဲ့အချိန်ဟာ ရန်ကုန်မြို့မှာ လူအများစု အလုပ်ပြီးလို့ အိမ်ပြန်နေတဲ့အချိန်ဖြစ်ပါတယ်။ ညဘက် လူပြတ် တဲ့အချိန်မျိုး ၉ နာရီ ၁၀ နာရီ မဟုတ်ပါဘူး။ ပြီးaတာ့သူမရဲ့ အိမ်ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေ ဖုံးအလှမ်းဝေးတဲ့နေရာမျိုးလည်း မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပစ္စည်းယူတဲ့ လုပ်ရပ်မျိုးက ရန်ကုန်မြို့မှာညဘက် တစ်ဦး တည်း အိမ်ပြန်တဲ့ အမျိုးသမီးတွေအတွက် အန္တရာယ် အချက်ပေး ခေါင်းလောင်းတီးလိုက်တာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်မှာ လုံခြုံမှု မရှိဘူးဆို တာကို မီးမောင်းထိုးပြလိုက်တာ ပဲ ဖြစ်ပါတယ်။ နိုင်ငံ တကာက မြို့တော်တိုင်းနီးနီး အငှားတက္ကစီယာဉ်တွေ ရှိကြပါတယ်။ ဒီအငှား တက္ကစီယာဉ်တွေဟာ ပုံစံတူ ၊ အရောင်တူ၊ အရည်အသွေးတူ ဖြစ်ပြီး အငှားယာဉ်တွေကို ဗဟိုကနေ ထိန်းချုပ်ကွပ်ကဲနေတဲ့ Central Control System တွေ ရှိကြပါတယ်။ GPS  စနစ်ကိုလည်း ထားရှိတဲ့အတွက် ဘယ်တက္ကစီ တွေဟာ ဘယ်လမ်းကြောင်းမှာ မောင်းနှင်အသုံးပြုသွားသလဲဆို တာ မှတ်တမ်းတွေလည်း ရှိပါ တယ်။ အထူးသဖြင့် တက္ကစီတိုင်းဟာ မီတာ တပ်ဆင်ထားပြီး ကားမှန်များဟာလည်း စတေကာ တပ်ခွင့်မရှိဘဲ ကားထဲကို ရှင်း ရှင်းလင်းလင်း မြင်နိုင်ပါတယ်။ တချို့ မြို့တော်တွေမှာ ကား မောင်းသူ ကိုယ်တိုင်ဟာ သတ်မှတ်ထားတဲ့ ယူနီဖောင်းကို ၀တ် ဆင်ထားလေ့ရှိပါတယ်။

မြန်မာနိုင်ငံက တက္ကစီတွေ ကတော့ ဗဟို ထိန်းချုပ်မှုကင်းမဲ့ ပြီး ကားအဆင်ဒီဇိုင်းကိုလည်း မိမိကြိုက် သလို ခြယ်သကြပါတယ်။ စီးပွားရေးကုမ္ပဏီများစွာရဲ့ အမှတ်တံဆိပ်တွေကိုလည်း ကပ်ချင်သလို ကပ်ကြပါတယ်။ ကားထဲ မှာ နိုင်ငံတကာမှာလို မီတာ တပ် ဆင်ခြင်းမရှိတဲ့အပြင် ကားမှန် တွေကို လည်း စတေကာ အမဲတွေ ကပ်ထားလေ့ရှိပါတယ်။ ယာဉ် မောင်းတွေဆိုရင် ကြိုက်သလို ၀တ်စား ကြပြီး တချို့ဆိုရင် စွပ်ကျယ် ချိုင်းပြတ်နဲ့ ပုဆိုးကို ပေါင် လယ်လောက် လှန်တင်ပြီးမောင်းတာတောင် တွေ့ခဲ့ဖူးပါတယ်။ ဒီလို စနစ်မကောင်းမှုရဲ့ အကျိုး ရလဒ်ကတော့ တက္ကစီကို အသုံး ပြုပြီး ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေ ပေါများလာတာပဲ ဖြစ်ပါ တယ်။ ဒဂုံမြောက်ပိုင်းမှာ နေ ထိုင်တဲ့ အသက် ၂၆ နှစ် အရွယ် မရွှေရည်ဝင်း အသတ်ခံရတာကြောင့် အခုဆိုရင် ရန်ကုန်မြို့ မှာ ညဘက် ပြေးဆွဲတဲ့ တက္ကစီ တွေကို အမျိုးသမီးတစ်ဦးချင်း ငှားရမ်းစီးနင်းမှု လျော့ကျသွားပါ တယ်။ ဒါဟာ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံး ပုပ်ဆိုသလို၊ နေ့စဉ်ဝင်ငွေရမှ မိသားစု စား ၀တ်နေရေးပြေလည်မယ့် တက္ကစီ သမားတွေအတွက် ၀င်ငွေ ထိခိုက်သွားပြီ ဖြစ်ပါတယ်။ ဒါ ကြောင့် တက္ကစီသမားတွေရဲ့ အပြုအမူကို ပြုပြင်ဖို့ အရေးယူခြင်းထက် မြို့တော် တက္ကစီ ပြေးဆွဲ ရေးစနစ်ကို ဗဟိုကထိန်းချုပ် ကွပ်ကဲတဲ့ ခေတ်မီ သော စနစ် တစ်ခုကို အစားထိုးဖို့ အထူးလို အပ်နေပါတယ်။ ဒီစနစ်မှာလဲ မြို့တော်နဲ့ စည်ပင်သာယာ ရဲတပ် ဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း အလွန် အရေးကြီးနေပါတယ်။

နောက်ရာဇ၀တ်မှုတစ်ခုက တော့ ရခိုင်ပြည်နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးက အ သက် ၃၇ နှစ်အရွယ် လက်ထောက်ညွှန်ကြားရေးမှူးတစ်ယောက်ဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့က ရက်ရက် စက်စက် အ သတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဒီမှုခင်းရဲ့ နောက်ကွယ်မှာ မည်သည့် ဇာတ်လမ်းပဲ ရှိနေသည် ဖြစ်စေ၊ ပြည်ထဲရေးဝန်ကြီးဌာနက ရာထူးကြီးတဲ့ ၀န်ထမ်းတစ်ဦးဟာ အလွယ်တကူပဲ အသတ်ခံလိုက်ရတာဟာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းပါတယ်။ ပိုပြီးဆိုးရွားတဲ့ အချက်ကတော့ ပုဏ္ဏားကျွန်းမြို့ နယ် သရက်ချိုနှင့် ယိုးငူကျေးရွာ အကြား ရန်ကုန်-စစ်တွေ ကား လမ်းဘေးမှာ လမ်း ဘေးထိုးကျနေတဲ့ ကားအတွင်းက သေဆုံး နေတဲ့ ထွေ/အုပ် လက်-ညွှန် ကို ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူ တချို့က ပြည်သူ့ဆေးရုံကို သယ်ဆောင် သွားပြီး လမ်းဘေးထားရစ်ခဲ့တဲ့ ကားကို ည ၈ နာရီကျော်မှာ မီးရှို့ ဖျက်ဆီးခံလိုက်ရတာပဲ ဖြစ် ပါတယ်။ ဒီအပြုအမူဟာ ကျူး လွန်သူတွေ အနေနဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံ ရေးတာဝန်ရှိသူတွေကို ကြောက်ရွံ့မှု မရှိဘဲ ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပာယ်တောင် ပေါ်လွင် နေပါ တယ်။ ဒီလို အပြုအမူမျိုး မကြာခဏ ဖြစ်ပွားနေရင်တော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကို ကာ ကွယ်စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့အပေါ် လေးစားမှု ကင်းမဲ့တာမျိုးတွေ၊ ယုံကြည်မှု မရှိတာတွေ ပေါ်လာ တော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါ ရီလ ၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်ကတော့ မြန်မာနိုင်ငံအတွက် လက်ရှိ အခြေအနေ မှာ အရေးကြီးဆုံးပုဂိ္ဂုလ်ဖြစ်တဲ့ နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့က နေ အိမ်ကို ဓာတ် ဆီပုလင်း မီးရှို့ပြီး ပစ်သွင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဓာတ်ဆီပု လင်း ပစ်သွင်းသူဟာ နေ အိမ် အုတ်တံတိုင်းကို ကျော်ပြီးမှ အိမ်ထဲကို ပစ်ပေါက်ခဲ့တာဖြစ်ပါ တယ်။ ကျူးလွန်သူက ဒီလိုမျိုး လုပ် တဲ့အချိန်မှာ ခြံဝင်းပြင်ပမှာ လုံခြုံရေး ရဲကင်းရှိနေသလို၊ ခြံ ထဲမှာလည်း လုံခြုံရေးတွေ ရှိနေပါတယ်။ ဓာတ်ဆီပုလင်းဗုံး ကြောင့် ကြီးကြီးကျယ်ကျယ် မပျက်စီးခဲ့ပေမယ့် ခြံစောင့်တဲ အနီး ရေပိုက်တစ် ချောင်း မီး လောင်ပျက်စီးခဲ့ပါတယ်။ ဒီဖြစ် ရပ်မှာလည်း ထုံးစံအတိုင်း ကျူးလွန်သူကို ချက်ချင်း မဖမ်းမိသလို ခြံကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း CCTV  မှတ် တမ်းလို ဒါမှမဟုတ် ကျူးလွန်သူ ကို ဧရိယာအလိုက် ပိတ်ဖမ်းနိုင် တဲ့ စနစ်မျိုး ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့ ကတော့ လုပ်နေကျ ထုံးစံအတိုင်း ကျူး လွန်သူကို ဖမ်းဆီးရရှိဖို့ ပြည်သူတွေ အနေနဲ့ သတင်းပေးတိုင်ကြားပါဆိုပြီး ဖုန်းနံပါတ်တွေထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ခြံဝင်းနဲ့ အနီးဆုံးလမ်းမပေါ်မှာရှိနေတဲ့ တာဝန်သိ ပြည်သူတစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံaကြာင့်သာ တရားခံကို ဖမ်းဆီးမိခဲ့တာပါ။ ပြဿနာ ဖြစ်ပြီးတော့မှပဲ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခြံနားမှာ လမ်းသွားလမ်းလာတွေ အနီးကပ် ကပ်လို့မရအောင် ဆောင်ရွက်တာတို့၊ CCTV တပ် တာတို့၊ လုံခြုံရေးအစီအမံ ပြုလုပ်တာတို့ကိုကမန်းကတန်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်ပြီးမှ လုံခြုံရေး စီမံ ချက် ဆောင်ရွက် တယ် ဆိုတာက လည်း ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းစေတာပါပဲ။

NLD အစိုးရ ရွေးချယ်တင် မြှောက်ခြင်းခံရပြီးတဲ့နောက်မှာ တရားဥပဒေ စိုးမိုးရေးကို ဆောင် ရွက်မယ်ဆိုတဲ့ ရည်မှန်းချက် လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရသက်တမ်းနှစ်နှစ်အ တွင်း ဒီရည်မှန်း ချက်ဟာ မအောင်မြင်ခဲ့ ပါဘူး။ မြန်မာနိုင်ငံ တစ်ဝန်းမှာ ရာဇ၀တ်မှုတွေဟာ ယခင်ကထက် တိုးတက် လာတဲ့ မှတ်တမ်းတွေကို တွေ့နေရပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာလို လူစည်ကားတဲ့ နေရာ တွေ၊ လမ်းတွေမှာ အရည် အသွေးကောင်းတဲ့ CCTV ကင်မရာတွေ တပ်ဆင်ထားနိုင်ခြင်း မရှိတာပါပဲ။ လက်ရှိ မြန်မာနိုင်ငံ မှာ တပ်ဆင်ထား CCTV  ကင်မ ရာတွေကလည်း Pixel နည်းလွန်း လို့ ကောင်း မွန်တဲ့ ပုံရိပ်မထွက် ဘူးလို့လည်း သိရပါတယ်။ အခုဆိုရင် ရန်ကုန်မှာ လူတွေကို တိုက်မိပြီး ရင် ၈၀ ရာခိုင်နှုန်းသော ကားသမားတွေက ထွက်ပြေးကြ တာပါပဲ။ ဒီလိုထွက်ပြေးတတ်မှန်း သိပေမယ့်လည်း ရဲတပ်ဖွဲ့က ချက်ချင်း မဖမ်းနိုင်ပါဘူး။ မြန်မာ ပလာဇာလို အလွန်စည်တဲ့နေရာ မှာ မလေးရှားနိုင်ငံသား ကို တိုက် ပြီး ထွက်ပြေးသွားတဲ့ ဖြစ်ရပ်မျိုး တောင်ရှိနေပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ တရားခံကို ဖမ်း မိသံ မကြားသေးပါဘူး။ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့မှာ လည်း ရာဇ၀တ်မှုတွေ လျော့ပါး ဖို့ လမ်းပေါ်မှာ လုံခြုံရေး ကင်မရာတပ်ဆင်ပေးပါရန် လုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့က အကူအညီ တောင်းခံနေတာမျိုးလည်း တွေ့နေရပါတယ်။ ကချင်ပြည် နယ် မြစ်ကြီးနားမြို့က ကမ္ဘောဇ ဘဏ်ကို ဓားပြ တိုက်ပြီး ငွေတွေ လုသွားတဲ့အမှုမှာလည်း လုံခြုံရေး လိုအပ်ချက်တွေ ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲ တပ်ဖွဲ့က ၀န်ခံခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ဟာ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်သူ အဖြစ် ခံယူခြင်းမရှိဘဲ အတိုက် အခံ စိတ်ကဲလွန်းတာကြောင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းစဉ် ကာလက ကြောက်ရွံ့ခဲ့ရတဲ့ ဧည့်စာရင်း တိုင်ရတဲ့စနစ်ကို ဖျက် သိမ်းခဲ့ပါတယ်။ ဒါ့အပြင် နောက် ယောင်ခံ ဥပဒေဆိုတာလည်း မရှိတော့ပါဘူး။ ပုဒ်မ ၅၄ ၊ ၈(စ)၊ ပုဒ်မ ၆၆ (ဃ) စသဖြင့် လည်း ရှိနေပါ တယ်။

တစ်ချိန်က စစ်ထောက် လှမ်းရေးတွေဟာ ဒီဥပဒေတွေနဲ့ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ခဲ့ လို့ ဖျက် သိမ်းလိုက်ပေမယ့် ဒီ ဥပဒေတွေ မရှိတော့တဲ့ အခြေ အနေမှာ နိုင်ငံနဲ့ လူမျိုးကို ဒုက္ခပေးလိုတဲ့ အဖျက် အမှောင့် သမားတွေအတွက် အခွင့်အရေး ကောင်းတွေ ရရှိနေပြီ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဟာ ၀ိရောဓိဖြစ်နေပေမယ့် ဒီမိုကရေစီစနစ် နုနယ်သေးချိန်မှာ မြန်မာ့လူ့အသိုင်းအ၀ိုင်းဟာ လုံခြုံအေးချမ်းတဲ့ နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့က ပကတိလိုအပ်ချက် ဖြစ်  နေကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

Category: 

Share