တက္ကစီတွေကို ယုံကြည်မူကင်းမဲ့လာသည့် ရန်ကုန်မြို့သူမြို့သားများ - ပိုင်လေး

FDAက ဒုဦးစီးအဆင့်ရှိ အမျိုးသမီးတစ်ဦး တက္ကစီငှားစီးရာမှ ယာဉ်မောင်းက သားမယားပြုကျင့်ကာ  သတ်ဖြတ်ပြီး  ပစ္စည်းယူသည့်  သတင်းသည် ရန်ကုန်မြို့သူမြို့သားများအတွက် ထိတ်လန့်တုန်လှုပ်စရာ  သတင်းတစ်ပုဒ်  ဖြစ်ခဲ့သည်။  ထိုဖြစ်စဉ်သည် တက္ကစီကို  အားထားသည့်  သူများအတွက်သာမက တက္ကစီ ယာဉ်မောင်းလုပ်ကိုင်ကြသူများနှင့် ယာဉ်အုံန များကိုပါ ၀င်ငွေထိခိုက်သည့် အကျိုးသက်ရောက်ခဲ့သော သတင်းတစ်ပုဒ်လည်း ဖြစ်စေခဲ့သည်။ 

ဘ၀ပျက်စပြုလာသည့် တက္ကစီယာဉ်မောင်းများ

အဘယ့်ကြောင့်ဆိုသော် အ ဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ပြရှိ တက္ကစီမောင်း၍ ၀မ်းစာရှာဖွေနေသည့် တက္ကစီ ယာဉ်မောင်းများအပေါ် ခရီးသည်များ၏ ယုံကြည်မှု ပျက်ယွင်းသွားခဲ့၍ တက္ကစီပြေးဆွဲ ခြင်း ခေတ်္တမျှတန့် သွားခဲ့ သည်ဟုဆိုလျှင် ငြင်းဖွယ်ရာမရှိပေ။ တဖြည်း ဖြည်းတက်လာသော ကုန်ဈေးနှုန်း နှင့်အညီမိသားစု၏၀မ်းရေး အတွက်၎င်းတို့နေ့စဉ် ဖြေရှင်းဆောင်ရွက် နေရစဉ် အထက်ပါသတင်း၏ရိုက်ခတ်မှုဒဏ်ကြောင့်ဝင်ငွေကျဆင်း မှုများ ကြုံနေရသည့်အပေါ်ခရီး သည်၏ ယုံကြည်မှုကို မည်သို့ပြန် လည်ယူရမည်လဲ ဆိုသည်ကိုလည်း အဖြေ ရှာမရသေးကြောင်း တက္ကစီ ယာဉ်မောင်းသမားများ၏ ပြောပြချက်အရ သိရသည်။

FDA ဒုဦးစီး အဆင့်ရှိ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရမှု သည် ဇန်န၀ါရီ ၂၁ ရက်တွင် အလောင်းတွေ့ရှိရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး သူမသည် လွန်ခဲ့သည့်လေး ရက်ခန့်က လူပျောက်တိုင်ကြား ထားသည့်  FDA  မှ ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။ ထိုလူသတ်မှုနှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့က အလောင်းတွေ့ပြီး ရက်ပိုင်းအတွင်း တရားခံအား ရှာ ဖွေဖော်ထုတ်နိုင်ခဲ့ကာ ကျူးလွန်သူ သည် တက္ကစီယာဉ် မောင်းတစ်ဦး ဖြစ် ကြောင်း၊ ကားခပိုတောင်းသည့် ကိစ္စဖြင့် စကားများရာကလူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသတင်းများ ပေါ်ထွက်ခဲ့သော်လည်း နောက်ပိုင်းတွင်အမျိုးသမီးအလောင်းစစ် ဆေးမှုအရ သားမယားပြုကျင့်ထားသည့်လက္ခဏာများ၊ သေဆုံးသူ၏ပစ္စည်းများနှင့်အတူ ကျူးလွန်သူ အား ဖမ်းဆီးမိခြင်း   ကြောင့် ၄င်း အမှုသည် သား မယားပြုကျင့်ကာ သတ်ဖြတ်ပြီး ပစ်္စည်းယူသည့် ဖြစ် စဉ်အဖြစ် ထိတ်လန့်စရာ ပြောင်း လဲသွားခဲ့တော့သည်။

ယင်းသတင်းသည် တက္ကစီ ပြေးဆွဲနေသည့် လုပ်ငန်းအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက် နိုင်သော်လည်း တက္ကစီနှင့် ပတ်သက်သည့်မှုခင်းများ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍  တက္ကစီယာဉ် မောင်းတစ်ဦးက လေ ဆိပ်နားတွင် ကလေး   ငယ်တစ်ဦး အပေါ့သွားနေစဉ် ကားပေါ်တွင်ကျန်သည့် အမျိုး သမီးထံမှ ငွေနှင့် ပစ္စည်းများ လုယက်ခြင်း၊ ကျောင်းဆရာမတစ်ဦး က တက်္ကစီငှားရမ်းစီးလာစဉ် လမ်း တွင် ယာဉ်မောင်း၏ အဖော်ပါသူ တစ်ဦးနှင့်ယာဉ်မောင်းက ပူးပေါင်း ၍ ပစ္စည်းလုယက်ခြင်းများအပြင် ယခု FDA က အမျိုးသမီးကိစ္စပါ ထပ်မံ ဖြစ်ပွားလာတော့ တက္ကစီ ယာဉ်မောင်းများအပေါ် ပိုမိုဆိုး ရွားစေသည့်အချက်ပင်ဖြစ်သည်။

“ တက္ကစီ မောင်းတဲ့သူတစ်ဦး တစ်ယောက်ကြောင့် အားလုံးဒုက္ခရောက်ကြရတာပါ။ အရင်တုန်းကတော့ ခရီးသည်တွေက တက္ကစီ စီးတဲ့အခါမှာ သူတို့ဘ၀လုံခြုံမှုရှိ တယ်။ သက်သောင့်သက်သာလည်း စီးရတယ်ဆိုပြီး စီးနင်းသူများကြ တယ်။ ၂၀၁၆ ခုနှစ်ကနေစပြီး တက္ကစီ သမားတွေကိုစီးနင်းတဲ့ ခရီး သည်တွေက ဓား ထောက် လုတာ တွေ များလာလို့ တက္ကစီ ယာဉ် မောင်းတွေရဲ့ဘ၀ မလုံခြုံတော့တဲ့ အတွက် တချို့ဆိုရင် ရင်းနှီးတဲ့ မိတ်ဆွေတွေကိုစရိတ်ပေးပြီး ကား ခေါင်းထဲမှာ   ထိုင်ခိုင်းပြီး သွားလို ရာခေါ်သွားရတယ်။ အဲဒီအတွက် တက္ကစီ ယာဉ်မောင်းတွေရဲ့ ၀င်ငွေ က သူတို့ကို ကိုယ်ရမယ့်အထဲကခွဲ ပေးလိုက်ရတဲ့အတွက် ၀င်ငွေလျော့ နည်းသွား တယ်။ ဒါပေမဲ့ တက္ကစီ  စီးနင်းတဲ့ ခရီးသည်တွေကတော့ လျော့နည်းသွားခြင်း မရှိပါဘူး။ အဲဒီကနေ တဖြည်း ဖြည်း လုယက် တဲ့ကိစ္စတွေ ပျောက်ကွယ်သွားခဲ့ရာ မှ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စပြီး တက္ကစီ ယာဉ်မောင်း တွေက ခရီးသည်တွေထံမှ ပစ္စည်းလုတာ တွေ ဖြစ်လာပြန်တယ်။ အဲဒီမှာ ခရီးသည်တွေက   တက္ကစီ သမားတွေ ဆိုရင် စီးရမှာ နည်းနည်းလန့်လာကြ တယ်။ အခု FDA က အမျိုးသမီး ကိစ္စနဲ့ ပတ်သက်ပြီးတော့ဖြစ်တဲ့ ပြဿ နာက အဆိုးဆုံးပါပဲ။ မ ကောင်းတဲ့ တက္ကစီ ယာဉ်မောင်း တချို့ကြောင့် ကောင်းတဲ့လူတွေရဲ့ စားဝတ်နေ ရေးတွေပါ ဒုက္ခရောက် ခဲ့ရပါတယ်” ဟု တက္ကစီ မောင်းသက် ခုနစ်နှစ်ကျော်ရှိသူ ယာဉ်မောင်း တစ်ဦးက ပြောသည်။

တက္ကစီ ယာဉ်မောင်းဘ၀ စွန့်ခွာပြီ

ယခုအခါ တက္ကစီ ယာဉ်ငှား ရမ်း စီးနင်းမှုနှုန်း ထက်ဝက်ခန့် လျော့နည်းလာပြီး ထိုကျဆင်းမှု ကြောင့် တက္ကစီ ယာဉ်မောင်းတချို့ သည် အုံနာကြေးမပြည့်၍ မိမိငွေ ဖြင့် စိုက်ပေးရသည့်နေ့များလည်း ရှိနေသည်ဟုသိရသည်။ ထို့ကြောင့် တက္ကစီ   ယာဉ်မောင်း တချို့သည် မိမိတို့မောင်းနေသော တက္ကစီ ကို ပြန်အပ်ကာ  YBS ယာဉ်မောင်း အဖြစ် လုပ်ကိုင်ရန် ကြိုးပမ်းနေ သလို အဝေပြေးယာဉ်လိုင်းများသို့ သွားရောက် လုပ်ကိုင်သူများနှင့် ကုမ္ပဏီ ယာဉ် မောင်းအဖြစ် သွား ရောက်လုပ်ကိုင်သူများပင်ရှိကြောင်း သိရသည်။

တက္ကစီ အုံနာများအတွက် သတင်းဆိုး

အလားတူ တက္ကစီ အုံနာများ အနေဖြင့် ယခင်က တက္ကစီ ကား တစ်စီးဝယ်လျှင် မောင်းနှင်မည့်သူ က အဆင် သင့်ရှိနေပြီး မောင်းမည့် သူများကလည်း စပေါ်ငွေ မည်မျှ ဖြစ်ပါစေ ကားရဖို့အတွက် အပြိုင်အဆိုင် ငှားရသည့် အခြေအနေ  တစ်ရပ်ကို တက္ကစီ အုံနာများ ကြုံ တွေ့ဖူးခဲ့ကြသည်။  သို့သော် ၄င်းအုံနာတို့ ကံကြမ္မာ သည် ၂၀၁၂  ခုနှစ် နောက်ပိုင်းတွင် ယာဉ်အို ယာဉ်ဟောင်း များ အပ်ပြီး ကားအသစ်တစ်စီး တင်သွင်းခွင့်ရသည့်စနစ် ဖြစ်လာသည့်နောက် ပြောင်းလဲသွားခဲ့ သည်။ ထိုအချိန်မှစ၍ သူလည်း တက္ကစီ အုံနာ၊ ငါလည်း တက္ကစီ အုံနာ ဟူ၍ ဖြစ်သွားပြီး ရန်ကုန်မြို့ တွင် တက္ကစီ ပြေးဆွဲသူ များပြား လာခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့်  တက္ကစီ ယာဉ်ပိုင်ရှင်များအနေဖြင့် တက္ကစီယာဉ်မောင်းများ ရှားပါး လာခြင်းကို ၂၀၁၂ ခုနှစ် နောက် ပိုင်းတွင် ကြုံတွေ့လာရပြီး ကား တစ်စီးဝယ်လျှင် မောင်းမည့်သူကို မနည်းရှာရသည့် အဖြစ်မျိုးပင်ရှိ ကြောင်း ကားအုံနာတချို့ကဖွင့်ဟ ခဲ့သည်။တစ်ခါတစ်ရံတွင် မောင်းမည့် သူ မရှိသည့်အတွက် အိမ်တွင် ၀ှိုက်ဘုတ်ဖြင့် ယာဉ်မောင်းအလို ရှိကြောင်း ကြေညာထားရသည့် အဖြစ်မျိုးလည်းရှိကြောင်း ၄င်းတို့ ၏ ပြောပြချက်အရ သိရသည်။ ထိုအခြေအနေတွင် FDA က အမျိုးသမီး သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တက္ကစီ စီးနင်း သူ ကျဆင်းကာ ကားပြန်အပ်သူ တချို့ကြောင့် ကားအုံနာများအ တွက် ပိုပြီးဆိုးရွားသည့် အခြေ အနေကို ကြုံတွေ့နေရကြောင်း တက္ကစီ အုံနာတစ်ဦးက သုံးသပ် ပြောကြားသည်။

စည်းစနစ်မကျတဲ့ တက္ကစီ တွေ

ရန်ကုန်မြို့တွင် လက်ရှိ တက္ကစီ ယာဉ်အစီးရေ ခုနစ်သောင်းခန့်ရှိ ပြီး ၄င်းအရေအတွက်သည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မှန်းထားသည့်အရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။ ထို့ကြောင့် တက္ကစီများကို စနစ် တကျပြန် လည်စစ်ဆေးပြီး လျှော့ ချသွားမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဇူလိုင် ၂၆ ရက်က ရန်ကုန် မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ် သော  GRAB  တက္ကစီ မိတ်ဆက်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ထိုသို့ ပြောကြားချက်အပေါ် တက္ကစီ ယာဉ် မောင်း တချို့က ဝေ ဖန်ခဲ့ကြပြီး ယခုလို တက္ကစီ နှင့်ပတ် သက်သည့်အမှုများ ဖြစ်လာပြီးသည့် နောက်တွင် အသံများ တိုးတိတ် သွားခဲ့ကြသည်မှာလည်း လူတို့၏ ဓမ္မတာဟုပင် ထင်မှတ်မိသည်။

တက္ကစီ စီးသူတွေရဲ့ သောက

ယခုအခါ ရန်ကုန်မြို့တွင် တက္ကစီ မောင်းသူတချို့နှင့် အုံနာ တချို့ စားဝတ်နေရေးထိခိုက်လာ သည့်နည်းတူ မဖြစ်မနေ တက္ကစီ စီးနင်းရသည့် ခရီးသည်များအနေ ဖြင့် တက္ကစီ စီးရာတွင် သောကများ ရင်ဝယ်ပိုက်၍ စီးနင်းနေရခြင်း ဖြစ်သည်။

“ ကျွန်တော်က ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ တစ်ခါတလေ အလုပ် များပြီး အိမ်ပြန်နောက်ကျတတ်ပါ တယ်။ အဲဒီအခါ တက္ကစီ နဲ့ပြန်ရ တော့ ကားခေါင်းခန်းထဲမှာ အမြဲ တမ်း ခရီးသည်လားမသိ၊ ယာဉ်မောင်း၏ မိတ် ဆွေလား၊ အပေါင်း အသင်းလား၊ မိသားစုဝင်လားဆို တာမသိ၊ အမြဲတမ်းတစ်ယောက်ပါ လာတာတော့ သတိ ထားမိပါတယ်။ အဲဒီလို ကားပေါ်မှာ လူပိုပါလာတဲ့ အတွက် ယာဉ်မောင်းနဲ့လည်းစကား ပြောနေတယ်ဆိုတော့ လမ်းမှာ ကားရပ်ပြီး ကိုယ့်ဆီက ပါလာတဲ့ ပစ်္စည်း တွေ လုမလားဆိုတဲ့ စိတ် တွေကလည်း ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယောက်ျားလေး ဆိုတော့ ဘာမှပြဿနာမရှိဘူး။ ကျွန်တော့်နေရာမှာ အမျိုးသမီး တွေဆိုရင် ဘယ်လိုသောကတွေ ရောက်မလဲဆိုတာ ကျွန်တော်ခံစား ကြည့်လို့ရပါ တယ်။ အခုလက်ရှိဖြစ် ပျက်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက် ပြီးတော့လည်း ဆက်စပ်ကြည့်မယ် ဆိုရင်တော့ ကျွန်တော်အပါအ၀င် တက္ကစီ စီးနင်း တဲ့သူတွေရဲ့ဘ၀က လုံခြုံမှုမရှိတော့ဘူးလို့ ယူဆရပါ တယ်။ ဒါကြောင့် ကျွန်တော်က တော့ အရင်အလုပ်ကနေ နောက် ကျရင် တက္ကစီ စီးပြီးပြန်တာကိုဖျက် ပြီး အခု YBS နဲ့ ပြန်ပါတော့ တယ်”  ဟု ခရီးသွားပြည်သူတစ်ဦး က ပြောသည်။

တက္ကစီ စီးနင်းမှုနဲ့ ပတ်သက်၍ စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦး ကလည်း အိမ်နှင့်စက်ရုံသည် သိပ် မဝေးသည့် အကွာအဝေးကြောင့် ဆိုင်ကယ်  ကယ်ရီဖြင့်  သွား၍ရ ကြောင်း၊ သို့သော်စက်ရုံနှင့်အိမ်ကို ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀၀၀ ပေးရ     သော်လည်း မိမိဘ၀ လုံခြုံ ရေးအတွက် ကျပ် ၂၀၀၀ ပေးရ သည့် တက္ကစီ ကိုသာ စီးခဲ့ ကြောင်း ၊ ယခုအခါ တက္ကစီ ကပါ မလုံခြုံသည့် အနေအထား တစ်ရပ်ကြောင့် ဖခင်ဖြစ်သူက နေ့စဉ် စက်ဘီးဖြင့် အကြိုအပို့ လုပ်ပေးနေရကြောင်း ပြောသည်။

တက္ကစီ ယာဉ်မောင်းများကို တင်းကျပ်ပေးပါ

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တက္ကစီ များ မှတ်ပုံတင်ခြင်းကို ပြု လုပ်နေပြီဖြစ်ပြီး ယင်းသို့ပြုလုပ်နေ သည့် ကာလအတွင်းမှာပင် FDA က ဒုဦးစီးအဆင့်ရှိ အမျိုးသမီး တစ်ဦးကို  ယာဉ်မောင်းက သတ် ဖြတ်သည့် တက္ကစီ မှုခင်းတစ်ခု ဖြစ် လာခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့်City Taxi  မှတ်ပုံ တင်ခိုင်းသည့်နည်းတူ တက္ကစီ ယာဉ် မောင်းများအတွက် သီးသန့်လိုင်စင် တစ်ခု ထုတ်ပေးသင့်ကြောင်း ခရီး သည်တချို့ကသုံးသပ်ပြော ကြားမှု များလည်း ရှိနေသည်။လက်ရှိတွင် တက္ကစီ ယာဉ် မောင်းတချို့သည် မူးယစ်သောက် စားထားပြီး ယာဉ်မောင်းနေစဉ် ပတ်ဝန်းကျင်မှ ကားများကို ခရီး သည် နားမခံသာသည့်  စကားများ ဖြင့် ပြောဆိုမှုများလည်း ရှိနေ ကြောင်း၊ ထို့အတွက် သက် ဆိုင်ရာ တာဝန်ရှိသူများက ၄င်းတို့ကို ထိ ရောက်သည့်စစ်ဆေးမှုများ ပြုလုပ် ပြီးမှ တက္ကစီ မောင်းနှင်ခွင့်ပေးသင့် သည်ဟု ခရီးသည်တချို့က သုံး သပ်ပြောကြားသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက မြို့တွင်း တက္ကစီ များတွင် စတေကာကပ်ခြင်း၊ လေစုပ်ခွက်ကပ်ခြင်း၊ ကြော်ငြာများ တပ်ဆင်ခြင်း၊ လိုက်ကာများ ကာရံ ခြင်းများ ကို ဖေဖော်ဝါရီ ၁ ရက် နေ့မှစ၍ အားလုံး ဖျက်သိမ်းရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ယင်း ညွှန်ကြားချက်အား လိုက်နာမှုမရှိ ပါက ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဟု ဆိုသည်။

 “ ကျွန်တော်တို့က တက်္ကစီ ယာဉ်နဲ့ပတ်သက်ပြီး ဒုစရိုက်မှုတွေ မကျူးလွန်နိုင်အောင် ဒါတွေကို ဖြုတ်သိမ်းခိုင်း ရတာပါ။ နို့မို့ဆိုရင် ဒါတွေက အကာအကွယ်ဖြစ်ရပါ တယ်။ ဒါကြောင့် ဒီညွှန်ကြားချက် ကို ထုတ်ပြန်ရခြင်းဖြစ် ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

စတေကာကပ်တယ်ဆိုတာ

အဆိုပါ ထုတ်ပြန်ချက်အပေါ် လုပ်သက်ရင့် တက္ကစီ ယာဉ်မောင်း တစ်ဦးက “ တကယ်တော့ ဒုစရိုက် မှုလုပ် သွားတဲ့သူက တစ်ယောက်၊ ခံရတဲ့သူတွေက အများ ဖြစ်နေ တယ်။ ကားမှန်တွေကို စတေကာ ကပ်တယ် ဆိုတာ ခရီးသည်နေပူမှာ စိုးလို့၊ ပြီးတော့ အထဲမှာလည်း အဲ ယားကွန်းဖွင့် မောင်းတာဖြစ်တဲ့ အတွက် အခုလို ကပ် ထားရတာပါ။ အဲဒီလိုမှမဟုတ်ရင် ခရီးသည်တွေ အတွက် အဆင်မပြေမှုတွေ ဖြစ်လာလိမ့်မယ်” ဟုပြော ကြား ခဲ့သည်။ ထို့ကြောင့် ယခုပြေးဆွဲနေ သော တက္ကစီ ယာဉ်များကို  YBS နည်းတူ အများပိုင် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် တွင်ကျယ်စွာပေး၍ အစိုးရက ထိန်းချုပ်ပေးပါက ခရီး သွားပြည်သူများ၏လုံခြုံရေး ယခု ထက်ပိုမို အဆင်ပြေနိုင်ကြောင်း တက္ကစီ စီးနင်းနေသူတချို့က သုံးသပ်ပြောကြားသည်။

“ကုမ္ပဏီ တစ်ခုခု၊ ဒါမှမဟုတ် အစိုးရက ထိန်းချုပ်မယ်ဆိုရင် ကောင်းတဲ့စနစ်ပါ။ အခု ရန်ကုန် မြို့မှာ တက္ကစီ တွေက အရမ်းများ တယ်။ စည်းကမ်းလည်းမရှိကြဘူး။ ရပ်ချင်တဲ့နေရာမှာရပ်တယ်။ တစ် ခါတလေ သွားနေရင်း နဲ့ ခရီးသည် က လှမ်းတားလို့ ရှေ့ကဖြတ်ဝင်လို့ တိုက်မိတာမျိုးတွေလည်း မကြာ ခဏတွေ့ရတယ်။ ဒါကြောင့် ခရီး သည်တွေကလည်း တက္ကစီ စီးတော့ မယ်ဆိုရင် ကုမ္ပဏီကိုဖုန်းဆက်ခေါ် တဲ့စနစ် လုပ်သင့်တယ်။ ကုမ္ပဏီ အနေနဲ့ကလည်း အဲဒီ တက္ကစီ ဘယ် ရောက်နေလဲဆိုတာကိုGPS စနစ် နဲ့ အသုံးပြုမယ်ဆိုရင် တက္ကစီ နဲ့ ပတ် သက်တဲ့ မှုခင်းတွေ၊ ပြဿနာ တွေ ဖြစ်လာနိုင်တော့မှာ မဟုတ် ဘူး။ ဒါကြောင့် တက္ကစီ  တွေကို ဒီ အတိုင်းလွှတ်ထားမယ့်အစားထိန်း ချုပ်လို့ရမယ့် စနစ်လေးတစ်ခုနဲ့ ကိုင်တွယ်လိုက်မယ် ဆိုရင်တော့ အားလုံး အဆင်ပြေသွားနိုင်ပါတယ်” ဟု တက္ကစီ ယာဉ်မောင်း ဦးအေးမင်းက ပြောသည်။

စနစ်တစ်ခုအလျင်အမြန်လို

အထက်ပါ မှုခင်းဖြစ်စဉ်ကြောင့် မြို့တွင်း တက္ကစီများ ထိခိုက်သည်ဆိုသော်လည်း မထိခိုက်သည့် တက္ကစီ ပြေးဆွဲမှုများ လည်း ရှိနေ ကြောင်း သိရသည်။ Oway Ride ၊ Grab ၊ Hello ၊ Uber စသည့် ဖုန်းအပလီကေးရှင်းဖြင့် ချိတ်ဆက်ပြေး ဆွဲနေ    သောတက်္ကစီများသည် ယင်း အမှုဖြစ်ပွားပြီးနောက် စီးနင်းသူ ပိုမိုများလာသည် ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ မြို့နေ ပြည် သူများ စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေး အတွက် မြို့ပြသယ်ယူပို့ဆောင် ရေးတွင် အရေးပါ  နေသည့် တက္ကစီ ပြေးဆွဲခြင်းများ လုံခြုံမှုမရှိသည့် အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ များက တင်းကျပ်စွာ ထိန်းချုပ် ကိုင်တွယ်ရေး လိုအပ်နေပြီး တစ် ဖက်တွင်လည်း စားဝတ်နေရေး အတွက် ရိုးသားစွာရှာဖွေနေသည့် တက္ကစီ ယာဉ်မောင်းများဘ၀ မထိ ခိုက်စေရေး စည်ကမ်း ကျန သည့် စနစ်တစ်ခု အလျင်အမြန်အကောင် အထည် ဖော်ဆောင်ရန် လိုအပ် နေပြီဖြစ်ကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။

 

Category: 

Share