မခိုင်သောစည်းရိုးနှင့် အချိုးသန်သော အိမ်နီးချင်းများ - ဇော်သက်ထွေး

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ တရားမ၀င်ကုန်စည်များ တားဆီးထိန်းချုပ် ဆောင်ရွက်နေ တဲ့ ရေပူနဲ့ မရမ်းချောင် စစ်ဆေးရေးစခန်းနှစ်ခုမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ၀န်ထမ်းတွေကို နိုင်ငံတော်က ဆုချီးမြှင့်ခဲ့တဲ့သတင်းကို ဖတ်ရှုလိုက်ရပါတယ်။

နိုင်ငံတော်က ဆုချီးမြှင့်ပေးတဲ့ငွေဟာ သိန်းပေါင်း ၁၁၀၉၀ ကျော် ချီးမြှင့်ခဲ့တာဖြစ်တဲ့အတွက် ပမာဏအားဖြင့် များပြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ထဲကို ကုန်သွယ်ရေး ၀င်ပေါက်ဖြစ်တဲ့ ကုန်သွယ်ရေးစခန်း တွေမှာ ၂၄ နာရီ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ၀န်ထမ်းတွေကို ချီးမြှင့်ခဲ့တာ ဖြစ်တဲ့အတွက် သာဓု ခေါ်ရမှာ ဖြစ်ပါ တယ်။ တကယ်တော့ ဒီကုန်သွယ်ရေးစခန်းတွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေ စီးဆင်းရာ ဂိတ်တွေဖြစ်တဲ့အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကတည်း က တည်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ကာလက မှောင်ခိုကုန်သွယ်ရေးဟာ ခေတ်စားခဲ့ပြီး နိုင်ငံတော်က တရားဝင် အမြတ်ခွန်မရရှိခဲ့ပါဘူး။

ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ အိမ်နီးချင်းတရုတ် နဲ့ ထိုင်းနိုင်ငံက ပြည်တွင်းထဲကိုတင်သွင်းတဲ့ စား သောက်ကုန်တွေ၊ အ၀တ်အထည်တွေ၊ လျှပ်စစ်နဲ့ဖုန်းအပိုပစ္စည်းတွေဟာ များပြားလာပါတယ်။ ပြည်တွင်း ထဲကလည်း သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ တောရိုင်းတိရစ္ဆာန်နဲ့ ဆင်စွယ် တွေ၊ ကျောက်စိမ်းနဲ့ အဖိုးတန်   တွင်းထွက်ပစ္စည်းတွေကိုလည်း ခိုး ထုတ်တာတွေ ပိုများလာပါတယ်။ ကချင်ပြည်နယ်လို သယံဇာတ ပေါများ တဲ့နေရာမှာ ကျောက် စိမ်းနဲ့ ကျောက်သံ ပတ်္တမြားတွေ ရွှေတူးဖော်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ ယန္တရားတွေ၊ ယမ်းနဲ့ ဓာတုဗေဒ ဖောက် ခွဲရေးပစ္စည်း တွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်ဖို့နဲ့ ပြည်တွင်း အစားအသောက်တွေ မှာ အသုံးပြုဖို့ဓာတုဗေဒဆိုးဆေးတွေ တင်သွင်းမှုကလည်း အဆမတန် များပြားလာပါတယ်။ ဒါ ဟာ မြန်မာနိုင်ငံ အရှေ့မြောက် ဖျားမှာရှိတဲ့ ရေပူနဲ့ မရမ်းချောင် ကုန်သွယ်ရေးစခန်း နှစ်ခုကိုသာ အခြေပြုသုံး သပ်နေရခြင်းဖြစ် ပါတယ်။

ရခိုင်ပြည်နယ်လို နေရာမှာလည်း ငါးနဲ့ သစ်တောထွက် ပစ္စည်းတွေ ခိုးထုတ်နေတာမျိုးရှိပါတယ်။ တနင်္သာရီ တိုင်းမှာလည်း အလားတူပါပဲ။ ဒါကြောင့် ယခု ကျင်းပနေတဲ့ အမျိုးသားလွှတ် တော်မှာ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အဖိုးတန်တွင်းထွက် သယံဇာတတွေ၊ မြန်မာ့ပင်လယ်ပြင်မှာ ရှိနေတဲ့ ရေပေါ်ရေအောက် သယံဇာတတွေ၊ အဖိုးတန်သန္တာကျောက်တန်းနဲ့ ရှားပါးငါးမျိုးစိတ်တွေ၊ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ ကို မြန်မာနိုင်ငံနယ်စပ် ဒေသတွေကနေ တစ်ဆင့် နည်းပေါင်းစုံနဲ့ ခိုးယူနေခြင်းကနေ ကာကွယ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်နဲ့ တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးကျော်စိုးဦးတို့က သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေး လုပ်ဆောင်ဖို့ အကြံပြု ဆွေး  နွေး ခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံ မြောက်ဖျားမှာ အဖိုးတန်တွင်းထွက်တွေကို နေ့စဉ်နဲ့အမျှ ခေတ်မီယန္တရားကြီး တွေနဲ့ တန်ချိန် ထောင်ပေါင်းများ စွာ တူး ဖော်နေသလို မြန်မာနိုင်ငံ ရဲ့ တောင်ဘက် မြန်မာ့ရေပြင် ပိုင်နက်ထဲကလည်း ငါးပိဿာချိန် သိန်းထောင်   ပေါင်း များစွာ ခိုးယူခံရလျက်ရှိပါတယ်။ မြန်မာ့ ပင်လယ်ပြင်မှာ လုံခြုံရေးအားနည်း မှုကို အခွင့်အရေးယူပြီး အိမ်နီး ချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား ငါးဖမ်းလှေတွေဟာ နှစ်စဉ်ခိုးဖမ်း လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဥပဒေကို လက် တစ်လုံးခြား     လုပ်ပြီး ဖမ်းပါတယ်။ လုပ်ပုံကတော့ ငါးဖမ်းပိုင်ခွင့်ရှိတဲ့ စက်လှေတစ်စင်းကို ဟန်ပြ၀ယ်ယူပြီး ပုံစံတူ စက်လှေငါးစင်းလောက်နဲ့ ခွင့်ပြု မိန့် စာရွက်စာတမ်းအတုတွေကို ပြုလုပ်ပြီး မြန်မာ့ပင်လယ်ပြင်ထဲမှာ ဖမ်းဆီး ခြင်း ဖြစ်ပါတယ်။ မြန်မာ့ပင်     လယ်ပြင်ထဲက ငါး၊ ပုစွန်နဲ့ ပင်လယ်ထွက်ပစ္စည်း မြောက်မြားစွာဟာ နှစ်စဉ် တိုးရစ် သန်း ၂၀ ကျော် လာနေတဲ့ ထိုင်းနိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ ရောက် ရှိသွားပါတယ်။ မြန်မာ့ငါးတွေကို လက်ခံရယူတဲ့အဓိကနေရာကတော့ ရနောင်း       မြို့ဖြစ်ပြီးငါးဖမ်းဆီးခြင်း၊၀ယ်ယူခြင်း၊ ထိန်းသိမ်း ခြင်း၊ ဖြန့်ဖြူးခြင်း အလုပ်တွေမှာ မြန်မာလူမျိုးအများစုကပဲ လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အကျိုးအမြတ်က တော့ မြန်မာနိုင်ငံအတွက် အနည်းငယ်သာ ရရှိပြီး ထိုင်းနိုင်ငံ  ကတော့ အကျိုးအမြတ်များစွာ ရရှိလျက်ရှိပါတယ်။

မြန်မာပြည်မြောက်ဖျား ဖားကန့်ဒေသက ထွက်ရှိတဲ့ကျောက် စိမ်းဟာ ကမ်္ဘာပေါ်မှာအမျိုးအစား အကောင်းဆုံး ကျောက်စိမ်း ဖြစ် ပါတယ်။ ကချင်ပြည်နယ်ဖားကန့် ဒေသတစ်ခုတည်းမှာပဲ လက်ရှိ ကျောက်စိမ်းတူးနေတဲ့ ဧရိယာ ဟာ ဧက ၃၅၀၀၀  ရှိပြီး  ကျောက် စိမ်းတူးခွင့်လိုင်စင်ပေါင်း ၂၀၀၀၀ ကျော်ချထားပေးခဲ့ပါတယ်။ ဖား ကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေတဲ့ အလုပ်သမားအရေအ တွက်ဟာ သိန်းဂဏန်းရှိပါတယ်။ လက်ရှိ NLD အစိုးရလက်ထက် မှာ ကျောက်စိမ်းတူးဖော်ခွင့်  လိုင်စင်သက်တမ်းကုန်နေတဲ့ လုပ်ကွက်တွေကို သက် တမ်း တိုးမပေး ဘဲ ဆိုင်းငံ့တဲ့နည်းနဲ့ ထိန်းချုပ်ခဲ့ ပေမယ့် လုပ်ပိုင်ခွင့်ရှိနေသေးတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်မူ အင်အားကို နှစ်ဆတိုးပြီး နေ့ရောည ပါ မဟားတရားတူးဖော်ထုတ်ယူ နေတဲ့   အဖြစ်တွေကိုလည်း သိသိ သာသာ တွေ့မြင်နေရပါတယ်။

မြန်မာနိုင်ငံက ကျောက်စိမ်းဟာ တရုတ်လူမျိုးတွေရဲ့ ဘာသာရေး အရ အထွတ် အမြတ်ထားတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။ ဒါ ကြောင့် ဖားကန့်ဒေသထွက် ကျောက်စိမ်း အားလုံးနီးပါးဟာ တရုတ်နိုင်ငံကိုသာ ရောင်းချပါ တယ်။ ဒါပေမဲ့ တရားဝင်အခွန်ဆောင်ပြီး တရုတ်နိုင်ငံကို တင်ပို့တဲ့ ကျောက် စိမ်း ပမာဏ အရေ အတွက်ဟာ လွန်စွာနည်းပါးပြီး မှောင်ခိုလမ်းကြောင်းက ထွက်တဲ့ ကျောက်စိမ်းပမာဏက အလွန် များပါတယ်။ ဥပမာအားဖြင့် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာ တရုတ်နိုင်ငံရဲ့ သွင်းကုန်စာရင်း အရ မြန်မာ နိုင်ငံကနေ တရားဝင် တင်သွင်းတဲ့ကျောက်စိမ်းတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ ရှိခဲ့ပေ မယ့် အဲဒီနှစ်က မြန်မာ့ကျောက်စိမ်း တရုတ်ကို ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံလောက် ရှိ တယ်လို့ သုတေသနစာတမ်း တွေက ဖော်ပြထားပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဖားကန့်ဒေသကနေ ထုတ်လုပ်ခဲ့တဲ့ ကျောက်စိမ်းထုတ် လုပ်မှု ပမာဏဟာ ကီလိုဂရမ် ၃၆၁ သန်း ရှိပေမယ့် တရုတ်နိုင်ငံ ကို တရားဝင်တင်သွင်းခဲ့တဲ့ ကျောက်စိမ်း ပမာဏဟာ ၇၂ သန်း သာ ရှိပါတယ်။     ဒါကြောင့် မှောင်ခိုလမ်းကြောင်းက သွားတဲ့ ကျောက်စိမ်းပမာဏဟာ တရား ၀င်ပမာဏထက် ငါးဆခန့် များ ပြားနေပါတယ်။ ဒါဟာ တိုင်း ပြည်အတွက် ကြီးမားတဲ့ အခွန်အတုပ်ဆုံးရှုံးမှုတွေလည်း ဖြစ်ပါ တယ်။

ပြည်တွင်းထဲကနေ အဖိုးတန် ကုန်ပစ္စည်းတွေ တရားမ၀င် အိမ် နီးချင်းနိုင်ငံတွေကို ထွက်မသွားရေးအတွက် တားဆီးရမှာကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံ ကနေ တရားမ၀င် တင်သွင်းလာတဲ့ လက်နက်ခဲယမ်း တွေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွ ရူးသွပ်ဆေးတွေကိုလည်း တား ဆီးနိုင်ဖို့ အရေးကြီးပါတယ်။ အခု ဆိုရင် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် နဲ့ မောင်တောမှာ နေ့စဉ်ရက်ဆက်ဆိုသလို စိတ်ကြွ ဆေး ဖမ်းဆီးရရှိမှုတွေ တွေ့မြင်နေရပြီး ငွေကြေးပမာဏက လည်း သိန်းပေါင်း သိန်းချီနေပါတယ်။

ဒီမူး ယစ်ဆေးတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ရခိုင်ပြည်နယ်ကို ဘာကြောင့်ရောက်ရှိလာသလဲ၊ ဘာကြောင့် အမြောက်အမြားတင် ပို့နေတာလဲ ဆိုတာကို ဆက်စပ် တွေးကြည့် ရင် အလွယ်တကူ သိ မြင်နိုင်ပါတယ်။ စိတ်ကြွဆေး ထုတ် လုပ်မှု ကျွမ်းကျင်တဲ့ မြန်မာမြောက်ပိုင်းဒေသကနေ ဒီဆေးတွေကို ပြည်တွင်းလမ်းကြောင်းကို အသုံးပြုပြီး ရခိုင်နယ်စပ်ကတစ် ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့အလယ် ပိုင်း ကို တင်ပို့နေတာဖြစ် ပါတယ်။ တကယ်တော့ ရခိုင်ပြည် နယ်မှာရှိတဲ့ လူငယ်အများစုကို လေ့လာကြည့်ရင် စိတ်ကြွဆေး သုံးစွဲနိုင်တာမျိုးမရှိဘဲ ရောင်းဝယ် ဖောက်ကားမှုတွေမှာ ပါဝင်ပတ် သက်တာကိုပဲ တွေ့မြင်နိုင်ပါ တယ်။ ဒါ့အပြင် ဘင်္ဂါလီလူမျိုးတွေကလည်း မူးယစ်ဆေးမှောင်ခိုအလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်  နေ တာပါ။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးစခန်းတွေဟာ အလွန်အရေး ကြီးလှပါတယ်။

ရေပူနဲ့ မရမ်းချောင်စစ်ဆေး ရေးစခန်းနှစ်ခုဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဖြစ်ပြီး သမ္မတဦးသိန်းစိန် လက်ထက်က Mobile Team  အဖြစ် စီးပွားကူးသန်းဝန်ကြီးဌာနက ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ တယ်။ ဒီ Team က တရားမ၀င်တွေ ဖမ်းဆီးမှုတွေ များပြားလွန်းလို့ သြဇာကြီးတဲ့ သမ္မတရုံး ၀န်ကြီး တစ်ပါးက သမ္မတကြီးကို Mobile Team ဖျက်ပေးဖို့ ပြောခဲ့တဲ့အထိ ပါပဲ။ တကယ်လည်း Mobile Team ပျက်သွားပါ တယ်။ ဒီ Team  ပါဝင်ခဲ့တဲ့ ၀န်ထမ်း တွေက    တော့ အစိုးရကချီးမြှင့်ငွေ မရခဲ့တဲ့အပြင် အဆင့်မြင့်အရာရှိ ကြီး တချို့တောင် ပင်စင်ပေးပစ်ခဲ့ တာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် NLD အစိုးရသစ် လက်ထက် ၂၀၁၇ခု၊ ဇန်န၀ါရီလ ၁၆ ရက် နေ့ကမှ ပြန်လည်ဖွင့်လှစ်ပြီး ကုန်ပစ္စည်းတွေကို ထိန်းချုပ်စစ်ဆေး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစခန်းနှစ်ခုမှာ ဌာနဆိုင်ရာ ၀န်ထမ်း အဖြစ် ရေပူမှာ ၈၄ ယောက်၊ မရမ်းချောင်မှာ အယောက် ၈၀ လောက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ဒါပေမဲ့ ၂၀၁၇ တစ်နှစ် လုံးမှာ ရေပူစခန်းက ဖမ်းဆီးမှု ၁၄၁၇ မှုနဲ့ တန်ဖိုးငွေ ကျပ် ၁၃၁၅၉ သန်း ဖမ်းမိခဲ့ပါတယ်။ မရမ်းချောင်မှာ ၁၃၂၄ မှုနဲ့ တန် ဖိုးငွေ ကျပ်သန်း ၆၅၂၉ ထိန်း ချုပ်နိုင်ခဲ့ပါတယ်။ ၀န်ထမ်း ၁၆၀ ကျော်နဲ့ ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ နီးပါးမိသေးရင် ကုန် သွယ်မှုပမာဏ အများဆုံးဖြစ်တဲ့ မူဆယ်-လားရှိုး လမ်းကြောင်းက Check Point ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန္တလေး ၁၆ မိုင် စစ်ဆေးရေးစခန်းမှာလည်း လုပ်နိုင်ဖို့လိုပါတယ်။ ဒါပေမဲ့ ရေပူနဲ့ မရမ်းချောင်မှာလို ရခိုင်ပြည် နယ်မှာလည်းကောင်း၊ အိန်္ဒိယ တမူးနယ်စပ်မှာ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကော့သောင်းမြို့တွေမှာ ဒီလိုစခန်းတွေ ထားရှိဆောင်ရွက်နိုင်မယ်ဆိုရင် မခိုင်သောစည်း ရိုးကို အိမ်နီးချင်းတွေအနေနဲ့ လာ ရောက်ထိပါးခြင်း မှ ကင်းလွတ်နိုင်ကြောင်း တင်ပြလိုက်ပါတယ်။

Category: 

Share