ဖမ်းဆီးထားသော မီဒီယာလောကသားအတွက် ဆန္ဒဖော်ထုတ်ရန်စီစဉ်

မကွေးတိုင် ဒေသကြီးအတွင်း၌ သတင်းထောက်များအား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့အတွက် မကွေးတိုင်း အတွင်းရှိ သတင်း ထောက်များ၊ မကွေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြေလတ် ၈၈ မျိုးဆက် ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ဒီမိုကရေစီ ချစ်မြတ်နိုး သူများ အပါအ၀င် လူ့အဖွဲ့အစည်း ပေါင်းစုံမှ စုပေါင်းကာ ဆန္ဒပြ တောင်းဆိုသွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးမှာ သတင်းထောက်တွေကို ဖမ်းတာ၊ တရားစွဲပြီး ထောင်ချတာတွေ အထိ ဖြစ်လာတယ်။ သတင်းသမားတွေနဲ့ ပြဿနာဖြစ်ရင် သက် ဆိုင်ရာတွေက စာနယ်ဇင်း ကောင်စီ(ယာယီ)နဲ့ ညှိနှိုင်းရမယ်။ အဆင်မပြေမှ တရားစွဲတာ၊ ဖမ်းတာတွေ လုပ်မယ်လို့ သိထားတာ။ အခုမကွေးတိုင်း ဒေသကြီးမှာ သတင်းမီ ဒီယာ သမားတွေကို ဖမ်းဆီးချုပ် နှောင် ထားတာရယ်၊ တရားစွဲထား တာရယ်၊ ထောင်ချတာနဲ့ဆို ၈ ဦး ရှိနေပြီ။ စာနယ်ဇင်း ကောင်စီ(ယာယီ)နဲ့ မညှိနှိုင်းဘဲ အခုလိုပြုမူတာ မကွေး တိုင်းဒေသကြီး အစိုးရဟာ မီဒီယာတွေကို ဖိနှိပ်ထားတယ်ဆို တာ ပေါ်လွင်နေပါတယ်။ သတင်း ထောက်ဆိုတာ အများပြည်သူ သိချင်တာကို ဌာနဆိုင်ရာတွေ၊ အ များပြည်သူနဲ့ သက်ဆိုင်ရာတွေ ၀င်ထွက်နေကြတာ။ အဲဒါကို တာဝန် ၀တ္တရား နှောက်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှုဆိုပြီး တရားစွဲဆိုနေ မယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့် ပိတ်ပင် ဖိနှိပ်တာလို့ ယူဆတဲ့ အတွက် ဆန္ဒပြဖို့ ဆောင်ရွက်နေ တာပါ”ဟု တင်ရွှေ(မင်းဘူး)က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မကွေးတိုင်းဒေသကြီး) အတွင်းရေးမှူး ကိုနေမျိုးကျော်က “ပေါက်မြို့မှာ ယူနတီဂျာနယ် စီအီးအိုနဲ့ သတင်းထောက် လေးဦးကို ဖမ်းတယ်။ တရားစွဲထားတယ်။ အခု DVB သတင်းထောက် ကိုဇော်ဖေနဲ့ ကျောင်းသား မိဘကို ထောင်(၁) နှစ်စီ ချတယ်ဆိုတော့ ဒါဟာ စတုတ္ထ မဏ္ဍိုင်ကို စော်ကားတာပဲလို့ ကျွန်တော်မြင်ပါတယ်။ စတုတ္ထ မဏ္ဍိုင်ကို စော်ကားတာဟာ ဒီမိုက ရေစီ နိုင်ငံရေး စနစ်ကို ပစ်ပယ်တာ နဲ့ အတူတူပါပဲ။ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီကို ဖျက်ဆီးတာနဲ့ တူတူပါပဲ။ မကွေးတိုင်းက သတင်း ထောက်တွေကို ဖမ်းတာ၊ တရား စွဲတာ၊ ထောင်ချနေတာဟာ မီဒီယာတွေကို ဖိနှိပ်ထားတယ်လို့ ကျွန်တော် ယူဆတယ်။ ဖမ်းဆီး တရားစွဲဆို ထောင်ချထားတဲ့ သတင်းသမားတွေ အားလုံး လွှတ်ပေးစေချင်ပါတယ်။ DVB သတင်းထောက် ကိုဇော်ဖေကို ထောင်ချသူဟာ တရားစီရင်ရေး မဏ္ဍိုင်က ဆိုရင်လည်း ကျွန်တော်တို့ ကန့်ကွက် ပါတယ်။ အဲဒီလို မဟုတ်ဘဲ တရားစီရင်ရေးကို မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက စွက်ဖက် ဖိအားပေး ထောင်ချတယ်ဆိုရင်လည်း အဲဒီဝန်ကြီးချုပ်ကို အလိုမရှိလို့ ပြောချင်ပါတယ်။ ဒါကြောင့် DVB သတင်းထောက် အပါအ၀င် တရားစွဲဆို ဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေ အားလုံး လွတ်မြောက်ရေး အတွက် ကျွန်တော်တို့ အဖွဲ့ချုပ်ရယ်၊ မြေလတ် ၈၈ မျိုးဆက် ခေါင်းဆောင်တွေရယ်၊ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေရယ်၊ မကွေးတိုင်း အခြေပြု သတင်း လောကသားတွေရယ် ပူးပေါင်းပြီး မကွေးမြို့ပေါ်မှာ မကြာခင် ဆန္ဒထုတ်ဖော်ကြမယ်လို့ သဘောတူထားပြီး နိုင်ငံတစ်ဝန်းရှိ သတင်းမီဒီယာတွေ လာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

 

Category: 

Share