ကျောင်းသားတပ်မတော် (ABSDF) မှ တာဝန်ရှိသူများ ရန်ကုန်သို့ရောက်ရှိ

ကျောင်းသား တပ်မတော် (ABSDF)မှ ဥက္ကဋ္ဌ အပါဝင် ဗဟို ကော်မတီဝင်များနှင့် တာဝန်ရှိသူများ ရန်ကုန်သို့ ရောက်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ လာရောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဘဘ ဦးဝင်းတင်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ရယ်၊ ကျွန်တော်တို့ (ABSDF) သမိုင်းကြောင်း စာအုပ်လေးကို တရားဝင် မိတ်ဆက်မယ့် အခမ်းနားလေး အတွက် လာရောက် ခဲ့တာပါ”ဟု ကျောင်းသား တပ်မတော် (ABSDF) မှတာဝန်ရှိသူ ကိုလွမ်းဏီက ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသား တပ်မတော် (ABSDF) မှ အဖွဲ့သား စုစုပေါင်း (၁၅) ယောက်ခန့် ရန်ကုန်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အချို့ အဖွဲ့သားများမှာ ဧပြီ(၂၂)ရက်နေ့တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Category: 

Share