ဓာတ်ကြိုးက ဓာတ်လိုက်တာ မသိလေရော့သလား

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အသက်(၄၄)နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးမှာ နေအိမ် ခြေရင်းတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးပေါ်သို့ ရေစိုလုံခြည်လှန်းရာ ဓာတ်လိုက် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ဧပြီ(၂၆)ရက်နေ့ ည(၆)နာရီခွဲခန့်က ရွှေပြည်သာ မြို့နယ်တွင် နေထိုင်သူ  ဒေါ်ခင်အေးမူမှာ ရေချိုးပြီးနောက် လျှပ်စစ်မီးကြိုး အဆက်ပေါ်သို့ ရေစိုလုံချည် လှန်းမိခဲ့ရာမှ  ဓာတ်လိုက်ခဲ့ရာ ဒဏ်ရာများ ရရှိပြီး သတိလစ်သွားသဖြင့် အင်းစိန် ဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း ည(၇)နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ (၁၀/၃၄)ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ်နေသူ ဖြစ်ကာ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ရွှေပြည်သာမြို့မ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၁၇/၂၀၁၄)ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Category: 

Share