HUAWEI ကုမ္ပဏီဝန်ထမ်း၊တရုတ်လူမျိုး သတိမေ့ရာမှသေဆုံးလျှက်ရှိ

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ ရေ၀တီမိုတယ်တွင် တည်းခိုနေသော အသက်(၂၈)နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား အမျိုးသား တစ်ဦး သတိမေ့နေသည်ဆိုသည့် သတင်းကြောင့် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးကာ ၀ိတိုရိယဆေးရုံသို့ တင်ပို့ခဲ့ရာ သေဆုံးနေကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှစကာ တည်းခိုနေထိုင်နေသူ ဖြစ်ကြောင်းနှင့် အမည်မှာ  LIUXU (၂၈)နှစ် ဖြစ်ပြီး၊ HUAWEI ကုမ္ပဏီ ၀န်ထမ်းဖြစ်ကာ ချန်ကူပြည်နယ်၊ တရုတ်နိုင်ငံနေသူ ဖြစ်ကြောင်း ၊ယင်းမှာ ဧပြီလ (၂၆)ရက်နေ့ နံနက်(၉)နာရီ (၄၅)မိနစ် အချိန်အထိ အိပ်ယာမှ မထသောကြောင့် ဟိုတယ်ဝန်ထမ်းများမှ သွားရောက် ကြည့်ရှု့ခဲ့ရာမှ သတိလစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ တရုတ်နိုင်ငံသား သေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန်မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Category: 

Share