ရန်ကုန် အပူချိန်လွန်ကဲသဖြင့် လိုင်းကားစီးရင်း ဦးနှောက်သွေးကြောပြတ်သေဆုံး

တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ပေါ်၌ လိုက်ပါလာသော အသက်(၆၃)နှစ် အရွယ်ရှိ ခရီးသည် အမျိုးသား တစ်ဦးမှာ လိုင်းကားပေါ်တွင် လိုက်ပါ စီးနင်းရင်းပင် ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ဧပြီလ (၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သေဆုံးသူမှာ မှော်ဘီတွင် နေထိုင်သူဖြစ်ကာ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းရှိ စံပြ ကားမှတ်တိုင်မှ မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာ
အုပ်စု၊ စမ်းချောင်းပေါက် မှတ်တိုင်သို့ စီးနင်း လိုက်ပါလာသူ ဖြစ်ကြောင်း၊ ယင်းစီးနင်း လိုက်ပါလာသော ကားမှာ ဆူးလေမှ တိုက်ကြီးသို့ ပြေးဆွဲ မောင်းနှင်သောယာဉ် ဖြစ်ကြောင်းနှင့် ယင်းမှာ ထိုင်ခုံတွင် ထိုင်လျက် ပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးလျှက် ရှိနေကြောင်းလည်း သိရသည်။

သေဆုံးသူ ဦးကျော်စိန်အား မှော်ဘီမြို့နယ် ဆေးရုံသို့ ပို့အပ် စစ်ဆေးခဲ့ရာ ပဏာမ ထင်မြင် ယူဆချက် အဖြစ် နေပူရှိန် လွန်ကဲပြီး ဦးနှောက် သွေးကြောပြတ် သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးခြင်းနှင့် ပတ်သက်၍ မှော်ဘီမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Category: 

Share