ရန်ကုန်မြို့လည်ခေါင်ကဓားပြမှု

ယခုဖြစ်စဉ်မှာ ရန်ကုန်မြို့လယ်၊ အင်ယားကန်၊ တံတားဖြူအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသော ယာဉ်ပေါ်မှ လူများအား အချွန်နှင့်ထိုးကာ ပါလာသော ရွှေငွေ လက်ဝတ် လက်စားများ လုယက်ပြီး ဒဏ်ရာနှင့် လူများအား ယာဉ်ပေါ်မှ ပစ်ချကာ ယာဉ်ကိုပါ မောင်းနှင် ယူဆောင်သွားသည့် ဖြစ်ရပ်တစ်ခု ယခုလ (၂၅) ရက်နေ့ နံနက်(၄)နာရီ (၃၀)မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ  ကမာရွတ်မြို့နယ်နေ ကိုအောင်ငြိမ်းသန့်မှ ၎င်းသည် သူငယ်ချင်းများ နှင့်အတူ ယာဉ်အမှတ် ၄စ/၃၉၂၄ လင်ခရူဇာ အဖြူရောင် ကိုယ်ပိုင်ယာဉ်ဖြင့် လှိုင်မြို့နယ်၊ ပြည်လမ်းရှိ အင်းယားကန်သို့ သွားရောက်ခဲ့ကြောင်း၊ အင်းကန် အရောက်တွင် ပါလာသည့် သူငယ်ချင်း လေးဦးမှာ ကန်ဘောင်သို့ တတ်သွားခဲ့သဖြင့် ယင်းနှင့်အတူ မမေသဇင်ဦးတို့(၂)ဦးသာ ကျန်နေခဲ့ကြောင်း၊ ယင်းအချိန်တွင် မည်သူမှန်း မသိသော အမျိုးသား(၅)ဦး ရောက်ရှိလာပြီး ၎င်းတို့(၂)ဦးကို ချွန်ထက်သော အရာနှင့် ထိုးခဲ့ကာ ထိုသို့ပြုလုပ်ခဲ့ပြီး မမေသဇင်ဦးထံမှ ရွှေလက်စွပ် (၂)ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ စုစုပေါင်း တန်ဖိုး (၃၅၀၀၀၀)ခန့်နှင့် HUAWEI အမျိုးအစား ဆင်းကတ်ပါ လက်ကိုင်ဖုန်း

(၁)လုံးတို့ကို ယူဆောင်သွားကြောင်း၊ ၎င်းတို့(၂)ဦးကိုလည်း ယာဉ်နှင့်အတူ မောင်းနှင်ခေါ်ဆောင်သွားပြီး ရွာသာကြီး ကျေးရွာ၊ အမှတ်(၂)လမ်းမရှိ သပြေခြံ ကားမှတ်တိုင် အနီးတွင် ယာဉ်ပေါ်မှ ချထားခဲ့ကာ ယာဉ်ကို မောင်းနှင် ယူဆောင်သွားကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ကိုအောင်ငြိမ်းသန့်မှာ  ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာ၊ မမေသဇင်ဦးတွင် ၀ဲလက်မောင်း ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်အား ကမာရွတ်မြို့မ ရဲစခန်း(ပ)၁၉၂/၂၀၁၄ ဖွင့်လှစ်၍ တရားခံများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Category: 

Share