တက္ကဆက်မော်ဒယ် ဂျယ်ရီဟောက မစ်ဂျက်ကာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်

ကမ္ဘာပေါ်တွင် နာမည် အကြီးဆုံး ရော့ခ်အဆိုတော် ဖြစ်သည့် Rollind Stone အဖွဲ့မှ မစ်ဂျက်ကာသည် တက္ကဆက် စူပါမော်ဒယ် တစ်ဦးဖြစ်သည့် ဂျယ်ရီဟောနှင့် ဟိုတယ်တစ်ခုတွင် အချိန်ဖြုန်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။

ဂျယ်ရီဟောက မစ်ဂျက်ကာ နှင့် သူမ၏ကြားတွင် ၂၃နှစ်ကြာ လျှို့ဝှက် ဆက်ဆံရေး ရှိကြောင်းကို သူမ၏ အထ္တုပ္ပတ္တိ စာအုပ်တွင် ဖွင့်ချခဲ့သည်။ သူမက ၁၉၉၀ နှစ်အတွင်း အဆိုတော် မစ်ဂျက်ကာသည် ပြင်သစ် သမ္မတဟောင်း နီးကိုလပ် ဆွာကိုဇီ၏ ဇနီးဖြစ်သူ ကာလာဘရူနီနှင့် ချစ်သူဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ကာလာဘရူနီသည် မစ်ဂျက်ကာနှင့် တွဲခဲ့သလို အဆိုတော် အဲရစ် ကလစ်တန်နှင့်လည်း ပတ်သက်ခဲ့ဖူးသူ ဖြစ်သည်ဟုလည်း သူ၏ အထ္တုပ္ပတ္တိစာအုပ်တွင် ဖွင့်ချခဲ့သည်။

 

Category: 

Share