တီကရစ်မြို့ရှိ သူပုန်များအား လေကြောင်းမှ တိုက်ခိုက်

အီရတ်မြောက်ပိုင်းရှိ တီကရစ်မြို့အား ဟယ်လီကော်ပတာများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောသည်။

အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ထိန်းချုပ်ထားသော ဆွန်နီစစ်သွေးကြွများ ဦးဆောင်သည့် ISISအဖွဲ့က တီကရစ်မြို့ကို ပြန်လည်ရရှိရေး အဓိက ထိုးစစ်ဆင်မှု တစ်ခုတွင် သတင်းများ အကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန် စစ်ရေး အကြံပေးများကို ကာကွယ်ရန် အီရတ် နိုင်ငံထဲတွင် မောင်းသူမဲ့ ဒရုန်း လေယာဉ်များ ပျံသန်းနေသည်ဟု အမေရိကန် အစိုးရက နာရီပိုင်းအကြာ သတင်းများ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အီရတ်၏ သြဇာကြီးမားသော ရှီယိုက် ဘာသာရေးခေါင်းဆောင်က အင်္ဂါနေ့တွင် ၀န်ကြီးချုပ်တစ်ဦးအား တာဝန်ပေး ခန့်အပ်ရန် တောင်းဆိုခဲ့သည်။

အန္တရာယ်ရှိနေသော နိုင်ငံရေး အကြပ်အတည်းကို တားဆီးရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် အယာတိုလာစစ် စတန်နီက အင်္ဂါနေ့ ပါလီမန်အသစ် မခေါ်မီ အရေးကြီးသော နေရာများကို သဘောတူ လက်ခံသင့်သည်ဟု အကြံပြု ပြောဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရတစ်ရပ် အတွက် ဖိအားများကို တည်ဆောက်ပြီးဖြစ်သည်။ အီရတ်ရှိ ဆွန်နီလူနည်းစုကို ISIS အစွန်းရောက်များလက်သို့ အတင်းအကြပ် တွန်းပို့သည် မူဝါဒများကို မြင်တွေ့နေရသည့်တိုင်  လက်ရှိဝန်ကြီးချုပ် နူယီမာလီကီကတော့ တတိယသက်တမ်း အတွက် ဆန္ဒ ရှိနေဆဲဖြစ်သည်။

တီကရစ်မြို့ မြောက်ပိုင်း တက္ကသိုလ်နယ်မြေ တစ်ခုအတွင်း အခိုင်အမာ တပ်စွဲထားသော ဆွန်နီသူပုန်များကို လေကြောင်း တိုက်ခိုက်မှုက ဦးတည်ပစ်မှတ်ထားသည်။ “ထွက်ပြေးရင်ပြေး၊ မပြေးရင် အသတ်ခံရမှာပဲ”ဟု စစ်တပ်ပြောရေး ဆိုခွင့်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ကာစင်အယ်လ်မူ ဆာဝီကို အေပီ သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။

အီရတ် ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်၏ မွေးရပ်မြေဖြစ်သော တီကရစ်မြို့သည် စစ်သွေးကြွများ လက်အောက်သို့ ကျရောက်နေသော အဓိက မြို့တစ်မြို့ဖြစ်သည်။ မကြာသေးခင် သီတင်းပတ်များက အဆိုပါ သူပုန်များကို ISILအဖွဲ့က ဦးဆောင်နေသည်။ မခိုင်လုံသော သတင်း တစ်ရပ်အရ စစ်သည် ထောင်ပေါင်းများစွာသည် လေယာဉ်ပျံများ၊ တင့်ကားများ၊ ဗုံးများကို အားပြု၍ ဆာမာရာမြို့ အနီးမှ မြို့တစ်မြို့သို့ ချဉ်းကပ်လာပြီဖြစ်သည်။

ISIS သူပုန်များ အနေဖြင့် ထွက်ပြေးရင်ပြေး၊ မပြေးရင် အသတ်ခံရမယ်ဆိုတဲ့ ရွေးချယ်မှု နှစ်ခု ရှိနေတယ်လို့ ဒု-ဗိုလ်ချုပ်ကြီး ဆာဗက်ခ်ျဖက်လာဗီက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား လိုက်သည်။

ဖယ်ရှားခံရသူများသည် အီရတ်နိုင်ငံရှိ ကာဒစ်စတန် ဒေသတွင် ဒုက္ခသည်အဖြစ် နေထိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြသည်။

 

Category: 

Share