ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ နန်းမြို့တော် တည်းခိုခန်း အခန်းတွင်  တည်းခိုနေသော စစ်ကိုင်းတိုင်း ဒေသကြီး (ကျွန်းတောရေရှင် အုပ်စု၊ အုပ်ချုပ်ရေးမှူး)ထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုးမှာ ဇူလိုင်လ ၂၃ ရက်နေ့ ၁၂နာရီတွင် ရောက်ရှိတည်းခိုနေသော ဟောက်လျှန်ကပ်တန် ၂၇နှစ်၊ နန်းခေါက်ခေါက် ကျေးရွာနေသူ ဖြစ်ကာ ယင်းအား  ချမ်းအေးသာစံ မြို့နယ် တာဝန်ခံ တပ်ကြပ်ကြီး တင်မျိုးဝင်းနှင့် တပ်ဖွဲ့အင်အားများ အမှတ်(၇) ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့က ချမ်းအေးသာစံ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးတို့နှင့်အတူ ၀င်ရောက် ရှာဖွေခဲ့ရာ ဟောက်လျှန်ကပ်ထန်ထံမှ ORKLY တံဆိပ်ပါ အနက်ရောင်အိတ် အတွင်းမှ ကြွပ်ကြွပ်အိတ် အနက်ရောင်ပတ်လျှက် US PROPERTY တံဆိပ်ပါ ဘော်ဒီနံပါတ် WRA 3E Auto Exj--၃၈၅၃၉၄၆ မောင်းတုန်း နံပါတ် Gb ၃၂.၇၆၅၁၁ ကျည်အိမ်နံပါတ် WRA-၃၂-၄၈၅ ၃၉၂၆ အမေရိကန် နိုင်ငံလုပ် ရွှေရောင် ပစ္စတို ကျည်မပါ ၁၁ လက်နှင့် D2 တံဆိပ်ပါ မိုးကာ အင်္ကျီခဲရောင် ၀ဲဘက်လက်ချုပ်ရိုးကြားအတွင်း ကြွပ်ကြွပ်အိတ် အဖြူရောင်ပတ်လျှက် စက္ကူဖြင့် ထုတ်ထားသော အပြာရောင်ကပ်ခွာ အိတ်ဖြင့် ထည့်လျှက် ၈၈ နှင့် စာတန်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပါး တစ်ထုတ်လျှင် ဆေးပြား ၂၀၀ပါ နှစ်ထုတ် စုစုပေါင်း ဆေးပြား ၄၀၀ပြား၊ အလေးချိန် ၄၀ ဂရမ်၊ ကာလတန်ဖိုး တစ်ပြားလျှင် ၅၀၀၀ ကျပ်နှုန်း ဖြင့် သိန်း ၂၀ ဖိုး မြန်မာငွေ ၁၅၇၈၀၀ကျပ်တို့ကို ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

Category: 

Share