Local Business

မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေး ထုတ်ပြန်ချက် စာအုပ် (၁၀၃)ပေါင်ဖြင့် ရောင်းချမည်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါဝင် မြန်မာ တစ်နိုင်ငံလုံးမှ ဆက်သွယ်ရေး၊ စီးပွားရေး ဆိုင်ရာ အကြောင်းအရာများ ပါဝင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေး ထုတ်ပြန်ချက် စာအုပ်အား အုပ်ရေတစ်သိန်း နီးပါးအထိ ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ စီးပွားရေး ထုတ်ပြန်ချက် စာအုပ်ကို ၁၀၃ ပေါင်ဖြင့် ရောင်းချသွား မည် ဖြစ်ကာ အုပ်ရေ (၇) သောင်း မှ တစ်သိန်း အထိ ထုတ်ဝေသွားမည် ဖြစ်ကြောင်းနှင့် ယင်းစာအုပ်အား Oxford Business Group မှ ထုတ်ဝေမည်ဖြစ်သည်။

ပုဂံသို့ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု ပိုများလား

ပုဂံဒေသသို့ နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားသည့် အတွက် ဟိုတယ်ဇုံ(၅)ကို တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ယခုအခါ ပုဂံဒေသတွင် ဟိုတယ်ဇုံ (၄) အထိ အကောင်အထည် ဖော်ဆောင်လျက်ရှိပြီး နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှု တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာသည့် အတွက် ဟိုတယ်ခန်းများ ထပ်မံ လိုအပ်နိုင် သောကြောင့် ဟိုတယ်ဇုံ(၅)အား ထပ်မံ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လန်ဒန် စီးကရက်ကို ဘယ်လို အရေးယူကြမလဲ

မြန်မာနိုင်ငံတွင် ထုတ်လုပ် ဖြန့်ချီနေသော လန်ဒန် စီးကရက်မှ ထွက်ရှိသည့် စီးကရက် (၉၀)ရာခိုင်နှုန်းမှာ ပြည်ပသို့ တင်ပို့ရမည့် အရေအတွက် ဖြစ်သော်လည်း ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်ကုန်ဆုံးတော့မည့် နောက်ဆုံးလ ဖြစ်သော မတ်လ ပထမပတ် အထိ လန်ဒန် စီးကရက်သည် ပြည်ပသို့ တင်ပို့ ရောင်းချမှု လုံးဝမရှိကြောင်း စောင့်ကြည့် လေ့လာ သူများ၏ ပြောကြားချက် အရ သိရသည်။

ဈေးကွက်ရေးရာ အဖြေရှာ

မန္တလေး အက်ဖ်အမ်တွင် မြန်မာနိုင်ငံ ဈေးကွက်ပညာရှင်များ အသင်းက အပတ်စဉ် ဖြေကြားနေသော ဈေးကွက်ရေးရာ အဖြေရှာ ကဏ္ဍမှ မေးခွန်းနှင့် အဖြေများကို ဈေးကွက်ဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများ လေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ (အယ်ဒီတာအဖွဲ့)

 

Pages