Satire

လေလံ - မာဂျေ

ဖေဖော်ဝါရီ ၁၄ ဟာ ကွန်ဒုံးများနေ့ပါ၊ စိတ်မခိုင်တဲ့အတွဲများတည်းခိုခန်းကိုသွား၊ မန်နေဂျာကြီးဦးလှဖေ၊ ဆက်ရှင်များလို့ ပြုံးဖြီးနေ၊ မလှမေရည်းစားများ၊ အဲဒီနေ့မှာ ဒုက္ခပွားဆိုတဲ့ ခေတ်သစ် ဗယ်လင်တိုင်းကဗျာကို ရွတ်လာသူကတော့ တပည့်ကျော် မောင်ကြွက်နီပါပဲ။ အဲလဲ ...

ထူးသထက်ထူးတဲ့ ဝှေးစေ့နှင့် ကြွက် - မာဂျေ

တစ်ပတ်ထက် တစ်ပတ် မရိုး ရအောင် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေ သူ့ ထက်ငါထူး အောင်တင်နေကြတာ အားရစရာကြီး ပြောရမလား။ အမြင်ကတ်စရာကြီး ပြောရမလားပဲ။ တိုင်းပြည်ရဲ့ ထုတ်ကုန်စွမ်းအားသာ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတင်ဖို့ စိုက်ထုတ်တာရဲ့ တစ်ဝက်လောက်သာသုံးခဲ့ရင် မြန်မာ့စီးပွားရေးဟာ ဂျက်လေယာဉ်ထက် သာလွန်ပြီး အာကာ သယာဉ်လို အရှိန်အဟုန်ကောင်းကောင်းကြီးနဲ့ မြေကြီးက ကြွရုံ တင်မဟုတ်ဘူး စကြ၀ဠာအထိ ပျံတက်နိုင်မှာ ဖြစ်ပါတယ်။

ဆုတ်ကပ် - မာဂျေ

မာဂျေစာမရေးဖြစ်တာကြာပါပြီ။ ရေးချင်စိတ်ကို ပေါ်မလာတော့တာပါ။ စာဆိုတာကလည်း စိတ်ရွှင်မှ ရေးလို့ကောင်းတာမျိုးလေ။ အခုတလောကတော့ စိတ်ညစ်စရာသတင်းတွေချည်း ကြားနေရတော့ စိတ်ထဲမှာ စာရေးဖို့ ဘာတစ်ခုမှပေါ်မလာဘူး။ ခေတ်ကြီးကိုက ဆုတ်ကပ်ဖြစ်နေတာကိုးဗျ။ မှန်လည်းမှန်၊ ကောင်းလည်းကောင်းတဲ့ သတင်းရေးတာတောင် ဖုန်းဆက်ပြီး ဒီသတင်း ဘယ်ကရတာလဲ၊ ဘယ်သူ ပေးတာလဲ၊ ခွင့်ပြုချက်ရောရှိလို့လား အမေးခံနေရတဲ့ခေတ်။

ဇာဂနာ မရယ်ရတော့ဘူး (၂၅) - ဇာဂနာ

ဇာဂနာ မရယ်ရတော့ဘူးဆိုတာ ဆက်မရေးချင်တော့ဘူးခင်ဗျ။ ဇမ္ဗူဒိပ်နိမိတ်ဆိုတာကိုး။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းတာကိုးနော့။ ဒီဆောင်းပါးတွေ စပြီးရေးကတည်းက ခုထက်ထိ မရယ်ရတာ ကြာလှပြီပေါ့ခင်ဗျာ။ တစ်ခါတစ်ခါ ရယ်တတ်သေးရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိပါတယ်။ မှန်ကြည့်ကြည့်ပြီး ရယ်ကြည့်ရတာလည်း အမောပါခင်ဗျ။

ဇာဂနာမရယ်ရတော့ဘူး အပိုင်း (၂၄) - ဇာဂနာ

ခုရက်ပိုင်း ဇာဂနာတော်တော်ကို အိမ်မကပ်နိုင်ဘူး ဖြစ်နေပါတယ်ခင်ဗျ။ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဆိုတာကြီးကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ပါတယ်။ တစ်ဆင့်တက်လာပြီး အငြိမ့်ပြိုင်ပွဲရော၊ ပဒေသာက ပွဲရောပါလာတယ် ခင်ဗျ။ သတ်မှတ်ထားတဲ့ရက်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့ဆိုတော့ ဇာဂနာတို့လည်း ပန်ဒါဝက်ဝံကလေးဓာတ်လိုက်သလို ဖြစ်နေတာပေါ့ခင်ဗျာ။

မျိုးချစ်တို့ရဲ့ တိုင်းပြည် - ယင်ကောင်

ယင်ကောင်တို့ တိုင်းပြည်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အင်မတန်ချစ်ကြတဲ့သူတွေချည်း စုနေကြတာခင်ဗျ။ ဘယ်နားကြည့်ကြည့် တကယ့်မျိုးချစ် ပုဂိ္ဂုလ်တွေချည်းပဲ။ ဘယ်နိုင်ငံမှ  မြန်မာလောက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ပုံမရဘူး။ အင်္ဂလိပ်တွေတောင် သီပေါမင်းခေတ်က နယ်ချဲ့ခဲ့လို့ခင်ဗျ။ ၂၁ ရာစုမှာသာ လာနယ်ချဲ့လို့ကတော့ နားကားသွားမှာခင်ဗျ။ နားမကားရင်တောင် ခြေကား၊ လက်ကားတော့ ဖြစ်လောက်တယ်။ မြန်မာပြည်မှာ မျိုးချစ်ဘယ်လောက်ပေါလဲဆိုတာ တခြားသွားမကြည့်နဲ့ လူမှုကွန်ရက်မှာပဲကြည့်။ ရခိုင်အရေး ပစ်မပြေးနဲ့တို့၊ ဗုဒ္ဓဘာသာအရေး အစိုးရက ဒုက္ခလာလာပေးတို့ဆိုတဲ့ စာချိုးလေးတွေနဲ့ ချစ်ပြနေလိုက်ကြတာကို ယင်ကောင်ဖြင့် အနောက်နို

ဇာဂနာမရယ်ရတော့ဘူး (၂၃) - ဇာဂနာ

ဇာဂနာ ကောလိပ်ကျောင်းသားဘ၀တုန်းက လူရွှင်တော်ပြိုင်ပွဲနဲ့ တည့်တည့်တိုးဖူးပါတယ်။ ဇာဂနာဆိုတဲ့ သတ္တ၀ါက ဇာတ်စင်လည်း မကြောက်၊ ပရိသတ်လည်းမကြောက်၊ ရယ်စရာလည်း ပြောတတ်သူဆိုတော့ သူငယ်ချင်းတွေက ၀င်ပြိုင်ခိုင်းကြတာပေါ့လေ။ ဒါပေမဲ့ ဇာဂနာက လက်မခံခဲ့ဘူးခင်ဗျ။ ဇာဂနာဆိုတာ မူနဲ့လူပါ ခင်ဗျာ။ Principle နဲ့ နေတဲ့လူပေါ့လေ။ လူရွှင်တော်ကို ဘယ်လိုပြိုင်ပွဲကြီးလုပ်ပြီး ရွေးမှာတဲ့လဲ။ ဘယ်ပေတံနဲ့ ရွေးမှာတဲ့လဲ။ ဘယ်လိုဆုံးဖြတ်မှာလဲ။ ဘာပေါ်မူတည်ပြီး ဆုံးဖြတ်မှာလဲ။ အရေးကြီးဆုံးကတော့ ဘယ်သူတွေက ဆုံးဖြတ်ကြမှာလဲ။

မကြောက်တတ်နှင့်ဟု ဆိုသော်လည်း အရဲမစွန့်ကြစေလို - မာဂျေ

H1N1 ဆိုတာ ၂၀၀၉ ခုနှစ်ကတည်းက ၀က်တွေကနေ လူတွေကိုကူးတဲ့ တုပ်ကွေးပိုးပါ။ အခုတော့ အဲဒီပိုးကို မြန်မာနိုင်ငံမှာ တွေ့ရုံမက လူ့အသက်တွေတောင် သေနေပါပြီ။ အဲဒီလိုပြောလို့ ၀က်သားမစားဘဲ မနေကြပါနဲ့။ မြန်မာနိုင်ငံမှာတော့ ၀က်တုပ်ကွေးလို့ မခေါ်ပါဘူးတဲ့။ အဲဒါကိုရာသီတုပ်ကွေးလို့ ခေါ်ပါတယ်တဲ့။ ရာသီတုပ်ကွေးဆိုပြီးတော့လည်း မပေါ့ကြပါနဲ့။ အသက်ဆုံးရှုံးတာ ခုနစ်ယောက်တောင် ရှိနေပါပြီ။ မပေါ့ကြနဲ့  ပြောလို့ မကြောက်ကြပါနဲ့။ ကူးစက်ပျံ့နှံ့တဲ့ အခြေအနေ မရောက်သေးပါဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောထားပါတယ်။ အဲဒီလိုပြောလို့လည်း ခပ်ပေါ့ပေါ့ မနေကြပါနဲ့။ တစ်နိုင်ငံလုံး ဟိုပြည်နယ်မှာ တွေ့လိုက်၊ ဒီတိုင်းဒေသကြီးမှာတွေ့လု

လောက်ဋီကာ - မာဂျေ

လောက်ဆိုတဲ့စကားဟာ မြန်မာတွေနဲ့မစိမ်းပါဘူး။ ဒါပေသိ ကောင်းတဲ့အနက်နဲ့တော့ မဟုတ်ပါဘူး။ အသားထဲက လောက်ထွက်၊ ချေးကျရာ လောက်ပျော်ဆိုတဲ့ စကားတွေကိုကြည့်လေ။ တစ်ခုမှ မကောင်းဘူး။ ပြီးတော့ အခုလို ယင်လုံအိမ်သာတွေ ရေလောင်းအိမ်သာတွေ မရှိသေးတဲ့ တွင်းအိမ်သာခေတ်၊ မြေကြီးပေါ် အိမ်သာဆောက်ပြီး ဒီအတိုင်း အီးပါတဲ့ခေတ်မှာ မစင်ပုံထဲက လောက်တွေကို လူအတော်များများ မြင်ဖူးကြပါလိမ့်မယ်။ တချို့တောရွာတွေမှာဆို အဲဒီမစင်ပုံကို ကြက်ကယက်လိုက်၊ ၀က်ကယက် လိုက်နဲ့ နေတာလည်း တွေ့ဖူးကြပါလိမ့်မယ်။ အခုနောက်ပိုင်းတော့ ခေတ်မီလာကြ၊ ကျန်းမာရေး အသိတွေရှိလာကြတာဆိုတော့ လောက်ဆိုတာမြင်ဖို့ အတော်ခဲယဉ်းသွားပြီ။ ဒါပေသိ တလောကတော့ လောက်နဲ့ပတ်သက်ပြီး

ဇာဂနာ မရယ်ရတော့ဘူး (၂၂) - ဇာဂနာ

ဇာဂနာ အရမ်းကြောက်နေပါတယ် ခင်ဗျာ။ ဘယ်တုန်းကမှ မကြောက်တတ်ခဲ့တဲ့ ဇာဂနာ ခုတော့ တအားကြောက်နေပါတယ်ခင်ဗျာ။ သရဲမကြောက်တဲ့ဇာဂနာ ခုတော့အရမ်းကို ကြောက်နေပါတယ်။ မဟားဒယားကို ကြောက်နေပါတယ်။ ပက်ပက်စက်စက် ကြောက်နေပါတယ်။ ၀ရုန်းသုန်းကား ကြောက်နေပါတယ် ခင်ဗျ။
တကယ်ပြောတာပါ။ ဇာဂနာတို့က ရုပ်ရှင်ရိုက်ပွဲက ပြီးခါနာအတွက် ၀ါစာကမာလုပ်နေရသူတွေပါ။ ခုတော့ ဆင်ဆာလည်း မကြောက်ရပါဘူး။ ရုပ်ရှင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ သဘင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ ရဲဌာနလည်း မကြောက်ရပါဘူး။ ထောက်လှမ်းရေးလည်း မကြောက်ရပါဘူး ခင်ဗျ။

Pages

Subscribe to RSS - Satire