Local

သင်္ကြန်ကာလ အများပြည်သူသွားလာရေးအဆင်ပြေစေရန် YBS ယာဉ်လိုင်းပေါင်း ၃၀ ပြေးဆွဲမည်

မြန်မာနှစ်သစ်ကူး သင်္ကြန် ကာလ၌ ရန်ကုန်မြို့တွင်း အများပြည်သူများ သွားလာရေး အဆင် ပြေစေရန်အတွက် YBS ယာဉ် လိုင်းပေါင်း ၃၀ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

“သင်္ကြန်ကာလအတွင်း လိုင်း ပေါင်း ၃၀ လောက်တော့ ထွက်ကိုထွက်မှာပါ။ ဘယ်မြို့နယ်တွေ ထွက်ဖြစ်မလဲဆိုတာ လောလောဆယ်တော့ မသိရသေးဘူး။ သင်္ကြန်နားနီးရင်တော့ သေချာသိမှာပါ” ဟု ၄င်းက ပြောသည်။

အာမခံလျော်ကြေးအား ဧပြီမှစ၍နှစ်ဆနီးပါးတိုးမြှင့်ပေးမည်

မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံစနစ်ထားသူများအားလုံးအား လာမည့်ဧပြီလမှစ၍ ခံစားခွင့်နှစ်ဆနီးပါး တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ယင်းနှင့်စပ်လျဉ်း၍  မြန်မာ့အာမခံလုပ်ငန်းမှ မန်နေဂျာတစ်ဦးက “အာမခံထားတဲ့သူတွေအားလုံးကို လျော်ကြေး နှစ်ဆနီးပါးတိုးပေးမှာပါ။ ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီး အရင်က မတော်တဆမှုနဲ့ သေဆုံးသွားတဲ့သူကို ၁၀ သိန်းပေးခဲ့ပေမယ့် ဧပြီလကစပြီး မတော်တဆသေဆုံးသွားတဲ့သူကို သိန်း ၂၀ ပေးမယ်။ အခုလို တိုးတာက အသက်အာမခံတစ်ခုတည်း မဟုတ်ပါဘူး”ဟု ပြောသည်။

နိုင်ငံသားကတ်ပေါင်နှံသူများနှင့် အပေါင်ခံသူများအား အမျိုးသားမှတ်ပုံတင်ဥပဒေဖြင့် အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမှတ်ပုံတင်များအား ပေါင်နှံခြင်းပြုလုပ်နေမှုကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ အမျိုးသားမှတ်ပုံတင်ဥပဒေနှင့် အရေးယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

“မိမိရဲ့မှတ်ပုံတင်ကို အခြားသူတစ်ယောက်က ကိုင်တယ်ဆိုတာနဲ့တင် အမှုဖြစ်နေပြီ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ အမျိုးသားမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ကို လွှဲပြောင်းပေးအပ်အသုံးပြုတာတွေ လုပ်လို့မရပါဘူးလို့ ပြဋ္ဌာန်းထားပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆင့်မြင့်လယ်ယာဖော်ထုတ်မှုများ နှစ်လအတွင်း အပြီးသတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ မြို့နယ်ရှစ်မြို့နယ်ရှိ လယ်ယာမြေဧက ၃၈၀၀ ကျော်တွင် အဆင့်မြင့်လယ်ယာ ဖော်ထုတ်မှုများ စတင်ဆောင်ရွက်နေပြီး မတ်၊ ဧပြီလများအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားခများ တရားဝင်ပြန်လည်ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားခများ တရားဝင် ပြန်လည်ကောက်ခံနိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်တိုးမြှင့်ရေးအတွက် ယာဉ်ရပ်နားခတွေကို တရားဝင်ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေပါတယ်။ တရားဝင်ကောက်ခံဖို့ အစီအစဉ်ကိုလည်း ဒီနှစ်ထဲမှာ ပြုလုပ်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေရှားဒေသများသို့ ရေဖြန့်ဝေပေးနိုင်ရန် စက်သုံးဆီကုန်ကျစရိတ် ငွေကျပ်သန်း ၂၀၀ ကျော်လျာထား

ယခုနှစ် နွေရာသီကာလဖြစ်သော မတ်လနှင့် ဧပြီလအတွင်း ရေရှားပါးပြတ်လပ်မှု ဖြစ်နိုင်ခြေစာရင်းများအရ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့နယ်ပေါင်း ၁၈၈ မြို့နယ်မှ ကျေးရွာပေါင်း ၁၁၈၉ ရွာသို့ လတ်တလော ရေဖြန့်ဝေပေးနိုင်ရန် စက်သုံးဆီ ကုန်ကျစရိတ် ငွေကျပ် ၂၀၁.၆၁၃ သန်းခန့် လျာထားပြီး မတ်လ စတုတ္ထပတ် အထိ ကျပ်ငွေ ၁၃ သန်းကျော်ကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မိုဘိုင်းဖုန်းနှင့် ငွေလွှဲခြင်းတွင် ၀န်ဆောင်ခများပြားစွာ ကောက်ခံနေမှုအား ငွေလွှဲသူများ ဝေဖန်

ငွေလွှဲနှုန်းကို ကြိုတင်သိရှိပြီးမှ ငွေလွှဲသင့်ကြောင်း ဗဟိုဘဏ်အကြံပြု

ပုဂ္ဂလိကဘဏ်များက ၀န်ဆောင်မှုပေးနေသည့် မိုဘိုင်းဖုန်းနှင့် ငွေလွှဲခြင်းနှုန်းထားများကို တပြေးညီ သတ်မှတ်ထားခြင်းမရှိသောကြောင့် အများပြည်သူများအနေဖြင့် ငွေလွှဲနှုန်းထားကို ကြိုတင်သိရှိပြီးမှသာ ငွေလွှဲသင့်ကြောင်း ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက ပြောသည်။

ပုဂ္ဂလိကဘဏ်များသည် မိုဘိုင်းဖုန်းနှင့် ငွေလွှဲခြင်းနှုန်းထားကို များပြားစွာ ကောက်ယူနေသဖြင့် ပြည်သူများ နစ်နာနေကြောင်း ငွေလွှဲသူတချို့၏ ဝေဖန်မှုနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါက အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။

Water Taxi များအား လုံခြုံစိတ်ချရမှုနှင့် အများပြည်သူ တတ်နိုင်သည့် နှုန်းထားဖြစ်ရန် အဓိကထား စာချုပ်ချုပ်ဆိုထားဟုဆို

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း Water Taxi ပြေးဆွဲရာတွင် လုံခြုံမှု အဓိကဖြစ်ပြီး အများပြည်သူများ တတ်နိုင်သည့်နှုန်းထားဖြစ်ရန် အဓိကထား စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

Water Taxi သယ်ယူပို့ဆောင်ရန် Tint Tint Myanmar ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ရာ ၂၀၁၇ မေလတွင် လုပ်ငန်းများ စတင်မည်ဟု သိရသည်။

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်နေသည့် Camusat ကုမ္ပဏီငွေကြေးအရှုပ်အရှင်း ပြဿနာ ဖြစ်ပေါ်နေ

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလာရောက်လုပ်ကိုင်နေသည့် Camusat ကုမ္ပဏီ၏ ငွေကြေးအရှုပ်အရှင်း ပြဿနာကြောင့် မြန်မာကုမ္ပဏီတချို့ နစ်နာလျက်ရှိကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ၏ ငွေကြေးအရှုပ်အရှင်းအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ရှိ “ဟိန်းရနံ့”ကုမ္ပဏီအား ဆက်သွယ်ရေးတယ်လီနောတာဝါတိုင် တည်ဆောက်ခငွေပေးချေရန်ရှိနေပြီး ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရ ကြောင်း ဟိန်းရနံ့ကုမ္ပဏီ၏ ဒါရိုက်တာဦးမျိုးအောင်က ပြောသည်။

အစိုးရက တရားဝင် ကျပ် ၅၀၀ သတ်မှတ်ထားသော်လည်း ရေနံချောင်းတွင် ထီတစ်စောင်ကျပ် ၇၀၀ ပေး၍ ၀ယ်ယူနေရ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မတ်လ ၁ ရက်နေ့က စတင်ရောင်းချခဲ့သောကျပ် ၅၀၀ တန် ထီလက်မှတ်များအား ကျပ် ၇၀၀ ကျပ်ခန့်ထိ ပေးဝယ်နေရကြောင်း သိရှိရသည်။

Pages

Subscribe to RSS - Local