Local

ANP ပါတီဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အင်တာဗျူး

“လက်ရှိ အစိုးရအုပ်ချုပ်တဲ့ တစ်နှစ်ခွဲကျော်ကာလမှာ အစိုးရနဲ့ သိပ်အဆင်မပြေပါဘူး။ သူကရွေးကောက်ပွဲမတိုင်ခင်တုန်းက အပြောကတော့ သိပ်ကြီးတာ”

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရခိုင်အမျိုးသားပါတီ ANP မှ လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ် ၉ ရက် ညနေ ၃ နာရီတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများအပေါ် ဒေသခံများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ANP ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့သည်။

မောင်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးနှင့် အင်တာဗျူး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ယာလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ မြိုလူမျိုး ခြောက်ဦးအား သတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ဒေသခံလူမျိုးများ ဆက်လက်နေထိုင်ရန် စိုးရိမ်မှုများရှိလာသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ယင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များကို သိရှိစေရန် မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးအား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်နှင့် အင်တာဗျူး

“အကြမ်းဖက်ဝါဒီတွေနဲ့ ချိတ်ဆက်ပြီးတော့ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာကို တွေ့ရှိချက်တွေ၊ ဗီဒီယိုဖိုင်တွေ ကျွန်တော်တို့မှာ အကုန်ရှိပါတယ်”

မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် အကြမ်းဖက်သမားများက ရခိုင်မျိုးနွယ်ဝင် သက်လူမျိုးများကို အကြမ်းဖက်စီးနင်းပြီး စေတီပုထိုးများကို မီးရှို့ခြင်းများ ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအကြမ်းဖက်မှုကြောင့် မြန်မာတိုင်းရင်းသားတို့ မည်မျှနစ်နာခဲ့သည်။ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုကို သုံးသပ်သိရှိနိုင်စေရန် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်၊ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီးစိုင်းငင်နှင့် အင်တာဗျူး

“အစိုးရသစ်ရဲ့ ကျန်တဲ့လေးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်။ မလာသေးတဲ့အဖွဲ့တွေရော တခြားတိုင်းရင်းသားတွေလည်း ဒီအဖွဲ့ထဲကို ပါလာနိုင်လိမ့်မယ်”

တိုင်းရင်းသားများအဖွဲ့တချို့က တောင်းဆိုသည့်ခွဲရေးနှင့်ပတ်သက်၍ တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းအား မီဒီယာများက တွေ့ဆုံမေးမြန်းခြင်း

တိုင်းရင်းသားများအဖွဲ့အချို့က ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရရေးဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းကိစ္စအပေါ် တပ်မတော်၏သဘောထားအပါအ၀င် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးမှုအခြေအနေများကို သိရှိစေရန် တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းအား မီဒီယာများက တွေ့ဆုံမေးမြန်းမှုများထဲမှအချို့အား ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ခန္တီးရတနာနယ်မြေ၊ နောင်စီဘွန်မကျန်ခကျောက်စိမ်းလုပ်ကွက်ပဋိပက္ခတွင် ပါဝင်သူကိုလင်းကိုထက်နှင့် အင်တာဗျူး

“ဦးပိုင်ရဲ့လုပ်ကွက်မှာ ရေမဆေးကျောက်ရှာလို့ရပြီဆိုတဲ့ သတင်းထွက်လာတယ်။ အခုလိုမျိုး ပဋိပက္ခဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။ သူတို့နဲ့ ဆန့်ကျင်ပြီး အဲဒီလုပ်ကွက်ထဲကို ၀င်ရှာမယ်ဆိုတဲ့စိတ်နဲ့ သွားခဲ့တာမဟုတ်ပါဘူး”

ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

“ငွေစာရင်းတွေကို စာရင်းစစ်ချုပ်ရုံးက စစ်လိုက်တော့မှ ငွေတွေကို ပြန်သွင်းရတယ်ဆိုတာဟာ လုပ်ထုံး လုပ်နည်းအရဆိုရင် လွဲမှားနေပါတယ်”

ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဌာနအချို့မှ ၀န်ထမ်းအချို့သည် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေမှုများ ရှိနေကြောင်းနှင့် ပတ်သက်၍  ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်ဆွေးနွေးခဲ့သည့် ပန်းဘဲ တန်းမြို့နယ် မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးအား  Tomorrow သတင်းဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် အင်တာဗျူး

““မထသကလူတွေပဲ YBS မှာ ဦးဆောင်နေဦးမယ်ဆိုရင်တော့
 YBS မဖြစ်ဘဲ မထသပဲ ဖြစ်နေဦးမှာပါပဲ”

ကျည်ဆန်ထိမှန်သေဆုံးခဲ့သော ဆိုင်ကယ်ကယ်ရီသမား၏ဖြစ်စဉ်တွင် သေနတ်သံကြားခဲ့ရသည်ဆိုသော ဦးဆန်းအောင်နှင့် အင်တာဗျူး

“အုတ်တံတိုင်း အနောက်ကနေ သေနတ်သံသုံးချက် ကြားရပါတယ်။
တစ်ချက်ချင်းပစ်တဲ့ အသံပါ။ ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သုံးချက်ကြားရပါတယ်”

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ ငါးနှစ်သက်တမ်းအတွင်း လူထုလက်ခံနိုင်သော လုပ်ဆောင်ချက်များနှင့် လူထုဝေဖန်ခဲ့သော လုပ်ဆောင်ချက်များ

သမ္မတဦးသိန်းစိန်  ဦးဆောင်သော အစိုးရအဖွဲ့ လက်ထက်တွင် လူထုထောက်ခံမှု ရရှိခဲ့သည့် လုပ်ဆောင်ချက်များနှင့်  လူထုဝေဖန်ခဲ့သော လုပ်ဆောင်ချက်များ တချို့ကို စုစည်း ဖော်ပြလိုက်ရပါသည်။

လူထုထောက်ခံခဲ့သော အချက်များ

Pages

Subscribe to RSS - Local