News

သက်တမ်း နှစ်တစ်ရာရှိ ချင်းချောင်း နန်းတော်အား ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ်

သက်တမ်း နှစ်တစ်ရာရှိ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)အား ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ် လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ အနုပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ်နေသည့်  ချင်းချောင်းနန်းတော်သည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် တည်ရှိပြီး အဆိုပါနန်းတော်၏ မြေညီထပ်နှင့် ပထမထပ်အပါအ၀င် နန်းတော်ရှိ အလျား ၃၀ပေ၊အနံ ၃၀ပေရှိ ပန်းပုဆောင်ဟောင်း မြေနေရာအား ပုဂ္ဂလိကသို့ ဌာရမ်းရန်စီ        စဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နန်းတော်သည် အရှေ့တိုင်းနှင့် အနောက်တိုင်းလက်ရာများဖြင့် တည်ဆောက်ထားသည့် ငါးထပ် အဆောက်အဦဖြစ်ကာ လင်ချင်းချောင်းဆိုသည့် တရုတ်လုပ်ငန်းရှင်တစ်

အင်္ဂလန်သံအမတ်ကြီး အင်ဒရူးပက်ထရစ် မြန်မာအမျိုးသမီးနှင့် စေ့စပ်ကြောင်းလမ်း

              မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန် သံအမတ်ကြီး အင်ဒရူးပက်ထရစ်သည် ၂၀၁၈ ဇန်န၀ါရီ ၂၀ ရက်က ပြုလုပ်သော သံအမတ်ကြီး နေအိမ်ပါတီပွဲ၌ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ နိုင်ငံတကာသံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များရှေ့မှောက်တွင် မြန်မာအမျိုးသမီး ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ မစန္ဒာဝင်းနှင့် စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့ရာ ဧည့်သည်တော်များ အနေဖြင့် အံ့အားသင့်ခဲ့ရသည်။

၈၈၈၈ သမိုင်းပြတိုက် ယူနက်စကို အသိအမှတ်ပြုစာရင်းဝင်ရေး ကူညီရန် တောင်ကိုရီးယားလူမျိုးနှစ်ဦး ရောက်ရှိ

၂၀၁၃ ခုနှစ် ရှစ်လေးလုံး ငွေရတု ပွဲအပြီး ပေါ်ထွက်လာသည့် ရှစ်လေးလုံးသမိုင်း ပြတိုက် ကို ၂၀၁၅ ခု သြဂုတ်လ ၈ ရက် နှစ်ပတ်လည်နေ့တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၌ စတင် ဖွင့်လှစ်ပြသခဲ့သည်။

ယင်းပြတိုက်တွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ အတွင်း ကျဆုံးသွားသော ကျောင်းသား၊ ရဟန်း၊ ပြည်သူများ၏ ဓာတ်ပုံများ၊ ဒီမိုကရေစီ ဆန္ဒပြပွဲ သမိုင်းမှတ်တမ်းများ၊ ထိုကာလအတွင်းက ရိုက်နှိပ်ထုတ် ဝေခဲ့သော သတင်းစာ၊ ဂျာနယ်များ၊ အလံအမျိုးမျိုး၊ လက်ပတ်အမျိုးမျိုးနှင့် နဖူးစည်းများ၊ အာဏာရှင်အစိုးရ လက်ထက်တွင်တိတ်တဆိတ် ဖြန့်ဝေ ခဲ့သော စာရွက်စာတမ်းများအား ရိုက်နှိပ်သည့် လက်နှိပ်စက်၊ ဂတ်စတာနာများကို ပြသထားသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို MPTမှ သုံးနှစ် စပွန်ဆာ ပေးအပ်သွားမည်

ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုး တက်ရေးကိုမြှင့်တင်နိုင်ရန်နှင့် အားပေးကူညီထောက်ပံ့ပေးနိုင်ရန် အတွက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော MPTက မြန်မာ နေရှင်နယ်လိဂ်ကို ၂ဝ၁၈ မှ ၂ဝ၂ဝ အထိ သုံးနှစ်စာ စပွန်ဆာပေး အပ်သွားမည်ဖြစ်ကြောင်း သဘောတူစာချုပ်ချုပ်ဆိုပွဲကို နိုဝင်ဘာ ၂၅ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

လာမည့်နှစ် ဘောလုံးရာသီမှစ၍ မြန်မာနေရှင်လိဂ်ပြိုင်ပွဲဝင် မည့်အသင်းများအနေဖြင့် တစ်သင်းလျှင်ထောက်ပံ့ငွေသိန်း ၁၁ဝဝ စီရရှိမည်ဖြစ်ပြီး လိဂ်တူးအသင်းများအနေဖြင့် တစ်သင်းလျှင် ထောက်ပံ့ငွေ သိန်း ၃ဝဝ စီရရှိမည်ဖြစ်ကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်၏ နိုင်ငံခြားသားဝင်ကြေးအား ဒီဇင်ဘာလမှစ၍ကျပ် ၁ဝဝဝဝ နှုန်းသတ်မှတ်

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များ ပေးဆောင်ရသည့်ဧည့်ဝင်ကြေးကို ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး နှုန်းထားအသစ် ကျပ်တစ်သောင်းနှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ကျောင်ကဒယ်ဒုံးယိမ်းအဖွဲ့ အား ကရင်ပြည်နယ်အစိုးရမှ ကပြခွင့်ပိတ်ပင်သည်ဆိုခြင်းမှာ မဟုတ်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆို

Photo-ကရင်အမျိုးသားမီဒီယာ

ကရင်ပြည်နယ်နေ့တွင် ပြိုင်ပွဲဝင်မည့် ကျောင်ကဒယ်ဒုံးယိမ်း အဖွဲ့အား ကရင်ပြည်နယ်အစိုးရမှ ကပြခွင့် ပိတ်ပင်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဘားအံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောကြား လိုက်သည်။

လက်သန်းဖြတ်မည့်အစား လက်ကောက်ဝတ်ကနေဖြတ်လိုက်ပါဟု ပြောခြင်းအပေါ် တိုင်ကြားပါက ဖြေရှင်းရန်အသင့်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆို

မဲပေးခဲ့သည့်လက်သန်းအား ဖြတ်မည်ဟုဆိုသော ပြောကြားမှုနှင့်ပတ်သက်၍ လက်သန်းဖြတ်မည့်အစား လက်ကောက်ဝတ်က နေ ဖြတ်လိုက်ပါဟု ပြောကြားခဲ့ခြင်း အပေါ် တိုင်ကြားပါက ဖြေရှင်း ရန်အသင့်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့်က ပြောသည်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တိုင်မယ်ဆိုရင်လည်းတိုင်ပါ။ ကျွန်တော်ဘက်က သဘောရိုးနဲ့ ပြောတာဖြစ်တဲ့အတွက် ဖြေရှင်းဖို့ အသင့်ပါပဲ။ ပါတီကလည်း အခုလို ပြောကြားခဲ့တဲ့ အပေါ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ရင်လည်း အဲ့ဒီ အပြစ်ကိုခံယူဖို့ အသင့်ရှိပါတယ်”ဟု ဒေါက်တာဇော်ဝင်းမြင့်က ပြောသည်။

အပြီးသတ်ဆွေးနွေးချက်ရလဒ်များကို ခေါင်းဆောင်များထံ တင်ပြပြီးပါကNCA ရေးထိုး နိုင်မည်ဟုယုံကြည်ကြောင်း DPNအဖွဲ့မှ ဦးခူဦးရယ်ဆို

ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့၏ သတ္တမအကြိမ် အစည်းဝေး မှ ရရှိသော ရလဒ်ကောင်းများနှင့် နောက်ဆုံးဆွေးနွေးမှုအား နှစ် ဖက်ခေါင်းဆောင်များထံ ပြန်လည် တင်ပြပြီးပါကNCA လက်မှတ် ရေးထိုးနိုင်မည်ဟု ယုံကြည် ကြောင်း DPNအဖွဲ့မှ ခေါင်းဆောင် ဦးခူဦးရယ်က နိုဝင်ဘာ ၉ ရက်က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဘာသာရေးအရနှင့် အသက်အ္တရာယ် လုံခြုံရေးအရ ပုဂံဘုရားများပေါ် တက်သူများကို ထိရောက်စွာ တားမြစ်သင့်

နိုင်ငံခြားနှင့် ပြည်တွင်းခရီးသွားများကို ပုဂံရှိရှေးဟောင်း ဘုရားများအပေါ်မတက်ရန် ရှေးဟောင်း သုတေသနဦးစီးဌာနက တားမြစ်ထားသော်လည်း မလိုက်နာဘဲ ဘုရားပေါ်တက်နေသူများ ရှိဆဲဖြစ်သည်။ ထိုအထဲမှ နိုင်ငံခြားခရီးသွားတစ်ဦး အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူမှာ ၇-၁၁-၂ဝ၁၇ ရက် ညနေ ၄း၃ဝ နာရီခန့် ဝတ္တနတော ဘုရားစုရှိ စေတီအမှတ် ၃၅၂ပေါ်မှ ပြုတ်ကျခဲ့ပြီး ညောင်ဦးဆေးရုံသို့ ပို့ခဲ့ပြီး ညနေ ၅း၃ဝ နာရီတွင် မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ညနေ ၆း၂၈ နာရီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘုရားတွေပေါ်မတက်သင့်တဲ့ အကြောင်းနှစ်ခုရှိပါတယ်။ ပထမ အချက်က ဘာသာရေးပါ။ ကျွန်တော်တု

ကျေးရွာ ၁၂ ရွာ ရွာလုံးကျွတ်နီးပါး ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ရောက်လာဟု ဒေါက်တာနန္ဒာလှမြင့် ပြော

ရှမ်းပြည်နယ် ရပ်စောက်မြို့ နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကျေးရွာခြောက်ရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ပြည်ခိုင်ဖြိုးပါတီသို့ ရွာလုံးကျွတ်နီးပါး ဝင်ရောက်လာသည့်အတွက် ပါတီဥက္ကဋ္ဌကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အောက်တိုဘာ ၃ဝ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Pages

Subscribe to RSS - News