Education

လူငယ်ဘက်စုံ ဖွံ့ ဖြိုးရေးပွဲတော် ရန်ကုန်မြို့ ၌ ကျင်းပ

Photo - Zin Min

ရန်ကုန်တက္ကသိုလ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့  နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် "လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်" ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လူငယ်များနှင့်အတူတကွ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး မေဂျာပေါင်းစုံ ဘက်စုံအသီးသီးမှ ပြုလုပ်ထားသည့်အကြောင်းအရာများကို လှည့်လည်ကြည့်ရှူ့ ခဲ့ကြောင်း သိရသည်။

သတင်း-ဓာတ်ပုံ ဇင်မင်း

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်းအများဆုံးဖြစ်နေ ကျောင်းထွက်နှုန်းလျော့ကျစေရန် ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း ပညာရေးဝန်ကြီးတိုက်တွန်း

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်း အများဆုံးနိုင်ငံဖြစ်သောကြောင့် ကျောင်းထွက်နှုန်း လျော့ကျစေရန် ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ပညာရေးတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၇-၁၈ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်းစိန် GTI ကျောင်း ၂၀၁၇ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ရန်ကုန်မြို့ အင်းစိန် GTI စက်မှုလက်မှုသိပ္ပံကျောင်းကို ဇွန်လမှစ၍ အကြီးစားပြင်ဆင်မှု စတင်မည်ဖြစ်ရာ ၂၀၁၇ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် သင်တန်းသားများ လျှောက်ထားနိုင်ကြောင်း ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

“ဇွန်လအတွင်းမှာ အကြီးစား မွမ်းမံသွားမယ်။ အဆောက်အအုံကို ဒီဇင်ဘာအမီ ဖွင့်လှစ်သွားမယ်။ သင်တန်းကာလ သုံးနှစ်နဲ့ GTI အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ပေးမယ်။ ဆယ်တန်းအောင်တဲ့ သိပ္ပံဘာသာတွဲ မည်သူမဆို တစ်နိုင်ငံလုံးလျှောက်ထားလို့ရတယ်”ဟု စက်မှုလက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း အပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသားများကို ရက်တိုးလက်ခံသွားမည်

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကျော်သည့်အထိ လာရောက်အပ်နှံခြင်းမရှိသော ကလေးငယ်များကို ဇွန်လဒုတိယပတ်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မေ ၂၅ ရက်ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တော၊ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စားဝန်ကြီးဦးဟံထွန်းက တက်ရောက်ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

အဋ္ဌမတန်းမှ န၀မတန်းတက်ရောက်မည့် ကျောင်းသားများကို ပထ၀ီ၊ သမိုင်းဘာသာရပ် နှစ်ပတ်ခန့် သင်ကြားစေပြီးမှ ဘာသာတွဲရွေးချယ်ခွင့်ပေးမည် ကျောင်းအုပ်ကြီးများကို ရေလိုအေးသော အပြုံးလေးပြုံးထားပေးရန် မှာကြားထားဟုဆို

အဋ္ဌမတန်းမှ န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသားများကို ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်တွင် ဘာသာတွဲ မခွဲသေးဘဲ ပထ၀ီ၊ သမိုင်းအတွဲ (၂) ကို သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်ပြဆရာများက နှစ်ပတ်တိတိ သင်ကြားပြီးမှသာ ကျောင်းသားစိတ်ကြိုက်ဘာသာတွဲကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ရောက်ရှိလာသောတိုင်စာများတွင် ရာထူးတိုးပြောင်းရွှေ့ ပြဿနာများ အများစုဖြစ်နေ

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ၂၀၁၇ ခုနှစ်တွင် ရောက်ရှိလာသော တိုင်စာ ၁၅ စောင်တွင် ရာထူးတိုးပြောင်းရွှေ့ပြဿနာများ အများစုဖြစ်နေကြောင်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက် နိုင်ဦးက ပြောသည်။
“များသောအားဖြင့် ရာထူးတိုးပြောင်းရွှေ့ကိစ္စတွေမှာ ဆရာဆရာမတွေက သူတို့ မတရားခံရတယ်ဆိုတာ တင်ပြကြတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ကျွန်တော်တို့လည်း ပညာရေးဝန်ကြီးဌာနနဲ့ ဒီကိစ္စတွေကို ညှိနှိုင်းနေပါတယ်” ဟု ဒေါက်တာသက်နိုင်ဦးက ပြောသည်။

ပုဂ္ဂလိကပညာရေးဥပဒေနှင့် ပတ်သက်၍ အကြံပြုချက်များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြမည်

ပုဂ္ဂလိပညာရေးဥပဒေနှင့် ပတ်သက်၍ အကြံပြုထားချက်များအား မကြာမီအချိန်အတွင်း ပညာရေးဝန်ကြီး ဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဦးမျိုးမြင့်က မေလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ဆရာတို့ကော်မရှင်က အရေးတကြီး ဆောင်ရွက်နေတဲ့ဥပဒေ၊ အခြေခံပညာရေးဥပဒေ၊ တိဘက်လို့ခေါ်တဲ့ အသက်မွေးဥပဒေ၊ အဆင့်မြင့်ပညာဥပဒေတွေ ၀န်ကြီးဌာနကို တင်ပြပြီးပြီ။ အခုပုဂ္ဂလိကပညာရေးဥပဒေ လုပ်နေတယ်။ ဆရာတို့က ဥပဒေရေးဆွဲတာမဟုတ်ဘဲ အကြံပေးတာပါ။ တကယ့်ပိုင်ရှင်က လွှတ်တော်နဲ့ ၀န်ကြီးဌာနဖြစ်ပါတယ်။ အခုပုဂ္ဂလိကပညာရေးဥပဒေကို အကြံပြုသုံးသပ်ဖို့ လုပ်နေတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ကျောင်းအပ်နှံရန် အသက် ၃ လလိုသေးသည့် ကျောင်းနေရွယ် ကလေးများကို မျက်မြင်ကြည့်ရှုကာ ခွင့်ပြုမည်

ကျောင်းအပ်နှံရန် အသက် ၃ လလိုသေးသည့် ကျောင်းနေအရွယ် ကလေးများကို မျက်မြင်ကြည့်ရှုကာ သက်သေအထောက်အထားများဖြင့် ကျောင်းအပ်နှံခွင့် ခွင့်ပြု မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ သိရသည်။

“အသက်တစ်လလိုသေးရင် မွေးစာရင်း၊ သန်းခေါင်စာရင်း အထောက်အထားတွေ ကျောင်း အုပ်ကြီး မျက်မြင်ကျောင်းအပ်နှံခွင့် ခွင့်ပြုလို့ရတယ်။ နှစ်လလိုရင်တော့ မြို့နယ်ပညာရေးမှူး ခွင့်ပြုမယ်။ သုံးလလိုသေးရင်တော့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ခွင့်ပြုပေးရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောသည်။

ကိုယ်ပိုင်ကျောင်းများ၌ တာဝန်ထမ်းဆောင်ရန် လျှောက်လွှာတင်သည့် ကျောင်းဆရာများကို ဧပြီလအတွင်း လူတွေ့စစ်ဆေးမည်

ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးထားသည့် ကိုယ်ပိုင်ကျောင်းများ၌ လျှောက်လွှာတင် ထားသည့် ကျောင်းဆရာများကို ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်များချထားပေးရန် ဧပြီလအတွင်း လူတွေ့ စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

သင်ရိုးညွန်းတမ်းအတွက် ကျူရှင်ယူနေရသည့်အပေါ် ပြောင်းလဲလိုကြောင်း ပညာရေးဝန်ကြီးမှ ပြောကြား

မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် အဓိက အခန်းကဏ္ဍမှ နေရာယူလာသော ကျူရှင်သင်ကြားသည့် စနစ်ရှိနေခြင်းအား ပြောင်းလဲလိုကြောင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပညာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဒေါ်ခင် စန်းရီက ပြောကြားခဲ့သည်။

Pages

Subscribe to RSS - Education