Health

မြန်မာနိုင်ငံတွင် ကလေးအရှင် ၁၀၀၀ မွေးတိုင်း တစ်နှစ်အောက် ၄၀ ဦးနှင့် ငါးနှစ်အောက် ၅၀ ဦး သေဆုံး

မြန်မာနိုင်ငံတွင် ကလေးအရှင် ၁၀၀၀ မွေးတိုင်း တစ်နှစ်အောက် ၄၀ နှင့် ငါးနှစ်အောက် ၅၀ သေဆုံးမှု ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူက ပြောသည်။

“အခုကောက်တဲ့စစ်တမ်းအရ အရှင်မွေး ၁၀၀၀ မှာ တစ်နှစ်အောက် ကလေး ၄၀ နဲ့ ငါးနှစ်အောက်ကလေး ၅၀ သေဆုံးနေပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်အောက်ကလေး အယောက် ၂၀ မှာ တစ်နှစ်အောက် သေဆုံးမှု တစ်ယောက်နဲ့ ငါးနှစ်အောက် ကလေး ၂၅ ယောက်မှာ တစ်ယောက်သေဆုံးမှုရှိနေတာကို တွေ့ရပါတယ်”ဟု ဒေါက်တာဒေါ်သက်သက်မူက ပြောသည်။

နာဂဒေသတွင် ဖြစ်ပွားသော ရောဂါသည် ၀က်သက်ရောဂါ မဖြစ်နိုင်ဟု စစ်ကိုင်း ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ပြောကြား

''၀က်သက်ဆိုတာ ဆရာလည်း ဆေးကုလာတာ။ ၀က်သက်လောက်မှ မမြင်ဘူးရင်တော့ ဆေးမကုနဲ့လေ'' - ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လက်ရှိဖြစ်ပွားနေသော ရောဂါသည် ၀က်သက်ရောဂါ မဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သြဂုတ် ၆ ရက်တွင် အတည်ပြု ပြောကြားသည်။

ရန်ကုန် ဆေးရုံကြီးဝင်းမှ ဆေးဆိုင်များ ဖယ်ရှားလိုက်၍ လူနာများ ဒုက္ခကြုံ

ရန်ကုန် ဆေးရုံကြီးတွင် လူနာများအား ဆေးများ လုံလောက်စွာ ထောက်ပံ့ပေးခြင်း မရှိသေးသော်လည်း ဆေးရုံကြီးဝင်း အတွင်းရှိ ဆေးဆိုင်များအား ယခုလတွင် စတင်ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ဆေးဆိုင်တွေ မရှိတော့ ဆေးတွေဝယ်ရတာ အရမ်းခက်ခဲသွားပါတယ်၊ တစ်ခါတစ်လေ အချိန်အခါ မဟုတ် သွားဝယ်ရတာတွေဆို ဆေးရုံအပြင်ထိ ထွက်ရတော့ အဆင်မပြေဘူးပေါ့၊ နယ်ဘက်ကလာလို့ လမ်းမကျွမ်းတော့ ပိုဆိုးနေတယ်”ဟု ရန်ကုန်ဆေးရုံကြီး အဆောင် ၁၁၊၁၂ ဖျားနာဆောင်တွင် လာရောက် ဆေးကုသနေသူ တစ်ဦးက ပြောကြားခဲ့သည်။

Adoxy ဖြည့်စွက်စာ(ဓာတ်စာ)ကို ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက ရောင်းချခွင့် ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံ ဈေးကွက်တွင် ဆီးချိုနှင့် သွေးတိုးရောဂါများ ပျောက်ကင်းစေနိုင်သည်ဟု ကြော်ငြာ ရောင်းချနေသော Adoxy ဖြည့်စွက်စာကို ထိုင်း အစားအစာ နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA)က ၂၀၀၇ ခုနှစ်တွင် ရောင်းချခွင့် ပိတ်ပင်ခဲ့သည်။

Siam Biotech and Pharmacology Industryမှ ထုတ်လုပ်သော Adoxy ဖြည့်စွက်စာကို အင်တာနက်ပေါ်တွင် ယင်းကဲ့သို့ ကြော်ငြာနေကြောင်း FDAမှ အ ရာရှိများက တွေ့ရှိခဲ့ပြီး ၁၉၇၉ ခုနှစ် အစားအစာ ထိန်းချုပ်မှု အက်ဥပဒေ အရ ရောင်းချခွင့်နှင့် ကြော်ငြာခွင့် နှစ်ခုစလုံးကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း FDA အထွေထွေ အတွင်းအရေးမှူး ဆီရီဝပ်သစ် တာရာဒိုက ပြောကြားခဲ့သည်။

ခရမ်းလွန်ရောင်ခြည် ပြင်းထန်အဆင့်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် UV နဲ့ ကျန်းမာရေး

အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV Radiation) ကျရောက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း တနင်္လာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီး၌ မတ်လ အတွင်း ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကို ကျော်လွန်ရောက်ရှိပြီး အပြင်းထန်ဆုံး ခရမ်းလွန် ရောင်ခြည် အဆင့်ကို ခံစားနေရသည်။

ဆေးထိုးမှား၍ လမ်းမလျှောက်နိုင်သောကလေး ကောင်းမွန်အောင် ပြန်ကုသပေးမည်ဟုဆို

သင်္ဃန်းကျွန်းမြို့နယ်၊   စံပြရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဆရာဝန်နှင့် ကလေးမိဘများ အကြား အငြင်းပွားဖွယ် ကိစ္စရပ်နှင့် ပတ်သက်၍ နှစ်ဦး နှစ်ဘက် ပြေလည်မှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် ကလေးငယ်အား အကောင်းပကတိ ဖြစ်သည် အထိပြန်လည် ကုသပေးသွားမည် ဖြစ်ကြောင်း ကာယကံရှင် ကလေးငယ်၏ မိခင်ဖြစ်သူမှ Tomorrow ဂျာနယ်သို့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ပြောပြခဲ့သည်။

ဓါတ်ဆားများ အလွန်ကျွံ သောက်သောအခါ

ယခုရာသီမှာ ကလေးများ အတွက် ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားမှုများ နေတဲ့ အချိန် ကာလပါပဲ..။ ၀မ်းပျက်ပြီ.. ၀မ်းသွားပြီဟေ့ ဆိုတာနဲ့ ဓါတ်ဆား တိုက်ရမယ် ဆိုတာကို မိခင်တိုင်း သိထား ကြပါတယ်၊ အဲ့ဒီမှာ ဓါတ်ဆားကို ဘယ်လို စနစ်တကျ တိုက်ကျွေး ရမယ်ဆိုတဲ့ အသိကိုတော့ မိခင်တိုင်းက သိထားပါမှ တန်ဆေး လွန်ဘေး အဖြစ်တွေကနေ ကင်းဝေးနိုင်မှာမို့ ဖော်ပြလိုက်ပါတယ်။

အလှပျက်စေတဲ့ ၀က်ခြံ . . . ဘယ်လို ဖြေရှင်းမလဲ . . . .

ဝက်ခြံ ပေါက်ခြင်းနှင့် ပတ်သက်၍ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနှင့် တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ရာ မျက်နှာ အရေပြားနှင့် ပတ်သတ် သည်များကို       အောက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ပါသည်။

ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်
ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်က (၁၀)ကျော်သက် အရွယ်နဲ့ အသက်(၂၀)ကျော် အရွယ်၊ ကြီးကောင်ဝင်တဲ့ အရွယ်လူကြီး ဖြစ်တဲ့ အရွယ်၊ ဟော်မုန်းဓာတ်များ ပြီး ကြီးထွားတဲ့ အရွယ်မှာ အများဆုံး ပေါက်တယ်။ အသက်(၃၀)ကျော် (၄၀)အထိလည်း ပေါက်တတ်တဲ့သူ ရှိတယ်။

အာရုံကြော အားနည်းရောဂါ ပြင်းထန်နေသော ကလေးတစ်ဦး၏ သွေးနှင့်အသားစ အင်္ဂလန် ဆေးသုတေသန အဖွဲ့မှ ယူဆောင် စစ်ဆေးမည်

(၁၀) တန်း စာမေးပွဲ ဖြေဆိုရန် အတွက် စာအပြင်းအထန် ကျက်ရာမှ ဦးနှောက်နှင့် အာရုံကြော အားနည်းရောဂါ ခံစားလာရသည့် (၁၀)တန်း ကျောင်းသူ လှကေသွယ်ခိုင်၏ သွေး နှင့်အသားစ နမူနာများအား အင်္ဂလန် ဆေးသုတေသနအဖွဲ့ တစ်ခုမှ ယူဆောင် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် (ပွင့်လင်း လူ့အဖွဲ့အစည်းမှ) ကိုမာကီက ပြောကြားခဲ့သည်။

ကလေးတွေ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီဆိုရင် ၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ

ကလေးများ ၀မ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်၍ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာယုဇနစောမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရောဂါနှင့် ပတ်သက်သည်များအား ဆရာဝန်ကြီးမှ အောက်ပါအတိုင်းအသိပေး ပြောကြားခဲ့သည်။

တစ်ချို့က ၀မ်းပျက်ဝမ်းလျှော ရောဂါကိုအထက်လှန်အောက်လျှော ရောဂါလို့လဲခေါ်တယ်။ နောက်တစ် မျိုးက အစာအဆိပ်သင့်တဲ့ရောဂါ လို့လဲ ခေါ်ပါတယ်။

Pages

Subscribe to RSS - Health