Lifestyle

အွန်လိုင်းပေါ် အမဲလိုက်ထွက်သော်မုဆိုးများအကြောင်း - နော်ရာမောင်

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းသုံးစွဲသူ မိန်းမငယ်လေးများအား အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် အစီစဉ်တကျ အကွက်ကျကျ ဖြားယောင်း သွေးဆောင်လာသူများမှာလည်း တစ်နေ့တခြား ပေါများလို့လာနေသည်။

 

အိမ်မက်များကိုချနင်း နစ်ပြီးရင်း နစ်လာတဲ့နွံ - ပိုင်လေး

အခုရက်ပိုင်းမှာ သိသိသာသာ လျော့ကျသွားတဲ့ ၀င်ငွေက ကျွန်မကို ပြန်ပြင်လို့ မရနိုင်တဲ့ လမ်းမှားရောက်ဖို့ ဖိအားဖြစ်စေခဲ့တယ်လို့ပြောရင် လူတွေ ၀ိုင်းလှောင်ပြောင်တာ ခံရဖို့ သေချာသလောက်ပါပဲ...။

ဒါပေမယ့်လည်း အလှောင်ခံရတာက ကျွန်မတို့အတွက် အသေးအမွှား ကိစ္စလေးတစ်ခုမို့ ဒီလိုဖြစ်ရတာ အမှန်ပဲလို့ ပြောချင်ပါတယ်။ လမ်းမှားရောက်ဖို့ အလွန်လွယ်ကူနေတဲ့ ကျွန်မတို့လို အနှိပ်ခန်းက မိန်းကလေးတွေအတွက် အနောက်က မိသားစုရဲ့ ဖိအားနဲ့ အလုပ်ဝင်ငွေကသာ ကျွန်မတို့ရဲ့ စာရိတ္တကို ထိန်းကျောင်းနိုင်တဲ့ အဓိကအရာပါလို့ ဆိုလာသူကတော့ အသက် ၂၀ခန့်သာ ရှိနေသေးတဲ့ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။

ချစ်ခြင်း၏ နောက်ကွယ်မှ ကာမ မုဆိုးများ အန္တရာယ် - နော်ရာမောင်

“မသွားချင်ဘူး...မ၀င်ရဲဘူး...”လို့ အတွင်တွင် ငြင်းနေတဲ့ ကောင်မလေးနဲ့ မျက်နှာထား ခပ်တည်တည်နဲ့ ဆွဲလွဲနေတဲ့ ကောင်လေးတို့ အနားက ဖြတ်လျှောက်မိကာစက သူတို့ဘာတွေ ဖြစ်နေကြမှန်း မရိပ်မိခဲ့ပေမယ့် ကိစ္စတစ်ခုအတွက် အငြင်းအခုန် ဖြစ်နေကြတာလို့တော့ သိနေခဲ့ပါတယ်။

ကြယ်ကိုအမိုးလုပ်... လမ်းမကို ကျောခင်းနေရပေမယ့် အနာဂတ်မှာ ဘော်ဒီရုံပိုင်ရှင် ဖြစ်ချင်တယ်ဆိုတဲ့ ခုံးကျော် တံတားအောက်က ဘ၀တစ်ခု - လျှမ်းလူ

“သား သူတို့တွေကို အရမ်း ကြောက်တယ်။ အဲဒီ အထဲမှာတုန်းက အရမ်း ရိုက်ခံရတယ်။ ထမင်းလုံး တစ်စေ့ ကျတာနဲ့ ၁၀ ချက် အရိုက်ခံရတယ်။ ပြီးတော့ သူတို့ရဲ့ အ၀တ်အစား တွေကိုလည်း လျှော်ပေးရတယ်။ အ၀တ်တွေ မပြောင်ရင်လည်း အရိုက်ခံရတယ်။ ပထမတစ်ခါ ရောက်သွားတုန်းက သားကို ရိုက်တာ တစ်ကိုယ်လုံးနာပြီး ၃ရက်လောက် ဖျားတယ်။ ဒါပေမဲ့ သူတို့က အလုပ်တွေ ဆက်ခိုင်းတယ်။ အဲဒီမှာရှိတဲ့ သူတွေကို သားအရမ်း ကြောက်တယ်။ သား နောက်တစ်ခါ ပြန်မသွားချင်ဘူး”ဟု ပြောရင်း  တစ်လိမ့်လိမ့် ကျလာသော မျက်ရည်များကို ပေရေနေသော လက်ခုံဖြင့် ပွတ်ချရင်း ပြောပြခဲ့သူက လှည်းတန်း ခုံးကျော်တံတား အောက်တွင် ကြုံသလို နေနေရသော အသက် ၁၀နှစ်အရွယ်ရှိ ဖိုးတေဟုခေါ်သော ကလေးငယ် တစ်

Gender ခွဲခြားမှု... တာဝန်... လူ့အခွင့်အရေးနဲ့ အိမ်ထောင်ရှင်မများရဲ့ အနာဂတ် - နော်ရာမောင်

"နေမကောင်းလည်း မတတ်နိုင်ဘူးလေ ကလေးတွေ ကိစ္စဆိုရင် ငါပဲလုပ်ရမှာပဲ၊ သူကသူ့နားရက် တစ်ရက်ပဲ ရတာဆိုပြီး မိသားစု ကိစ္စတွေကို ဘာမှကူညီပေးချင်တာ မဟုတ်ဘူး၊သူ့ကိုစိတ်ပျက်လို့ ဘာမှထပ်မပြောချင်တော့ဘူး၊ သူကသူ တစ်ယောက်ပဲ ဒီမိသားစုကို ဦးဆောင်ရှာကျွေး နေရတယ်ဆိုပြီး ငါ့ကိုကျွန်လို့ပဲ သတ်မှတ်ထားပုံပဲ ငါအရမ်း ရုန်းထွက်ချင်နေပြီ သူငယ်ချင်း"လို့ ဆိုလာသူက ကလေးနှစ်ယောက် မိခင် အသက် ၂၉နှစ်အရွယ် အိမ်ရှင်မ ဝေေ၀။

ကမ်းလင့်လက်များဆီသို့ တစ်ခေါက်.... ဆန်တစ်အိတ်... မကုန်ခင် ပြန်လည်ထူထောင်နိုင်ကြပါစေ... - နော်ရာမောင်

 

 

ဝတ်လစ်စလစ် sexyပုံများနဲ့ မြန်မာ အမျိုးသမီးငယ်တို့ရဲ့ အနာဂတ် - နော်ရာမောင်

ယခုတလော လူမှု့ကွန်ယက် စာမျက်နှာထက်မှာ မြင်တွေ့နေရတဲ့ ပုံတွေမှာ မြန်မာနိုင်ငံရဲ့ sexy model တစ်ယောက်ရဲ့ ပုံတွေက လူတွေအတော်များများကို ဆွဲဆောင်ထားသလို မြန်မာနိုင်ငံရဲ့ ပွင့်လင်း မြင်သာလာတဲ့ ပုံရိပ်တစ်ချို့ကိုလည်း ထင်ဟပ်ပြသထားသလိုမျိုး ထင်သာမြင်သာ ရှိလွန်းလှပါတယ်။

သွေးနဲ့ရင်းတဲ့ ၀မ်းရေး - နော်ရာမောင်

သူ့ရဲ့လက်ကို ခဲတံချွန်တဲ့ ဓါးနဲ့လှီးပစ်လိုက်တဲ့ အခါမှာ လူတွေအကုန်လုံး ရုတ်တရတ် လန့်ဖြန့်သွားခဲ့ ရပါတယ်။ သူကတော့ ခပ်တည်တည်ပါပဲ၊ သွေးတွေ ဖြာခနဲကျလာနေတဲ့ သူရဲ့ လက်ခလယ်ကို ဆေးမြစ်တစ်ခုက ဆေးနဲ့ သိပ်ပြီး သွေးတိတ်အောင် လုပ်လိုက်ပြီး ဒဏ်ရာနဲ့ လက်ကို ပါတ်တီးကို သေချာပတ်ရင်းက ပါးစပ်ကနေလည်း

“ဟော့ဒီလို သွေးတွေ ဖြာခနဲကျချိန်မှာ ဟောဒီအမြစ်ရဲ့ ဆေးလေးကို လိမ်းလိုက်တာနဲ့ ဒီလိုပဲ ချက်ချင်း သွေးတိတ်သွားပါတယ် ခင်ဗျာ”လို့ ပြောကြားကာ သူ့လက်ထဲက ဆေးမြစ် တစ်ချို့ကို ခရီးသည်တွေ မြင်သာအောင် ပြလိုက်ပါတယ်။

အောင်စာရင်း နှစ်ကြိမ် ထွက်ခဲ့လေသလား - အိမ့်ယွန်း

မြန်မာ့နိုင်ငံ၏ အနာဂတ်ကို ပုံဖော်မည့် လူငယ်များကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်မည့် အဓိက လက်တံတစ်ခုမှာ မြန်မာပညာရေးပင် ဖြစ်သည်ကို အားလုံးသိထားပြီး ဖြစ်သည်။ ပညာရေး အဆင့်မြင့်မှသာ အသိဥာဏ်ပညာအရာ အဆင့်မြင့်နိုင်မှာ ဖြစ်ပြီး သူများထက် မနိမ့်ကျသော နိုင်ငံ တစ်ခုကို ထူထောင်နိုင်လိမ့်မည် ဖြစ်သည်။

မီဒီယာဆိုတာ စတုတ္တမဏ္ဍိုင်လား.. အသုံးချခံလား - နော်ရာမောင်

“You know the media power”ဆိုတဲ့ စကားနဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ခြိမ်းခြောက်လာပါတယ်လို့ အသိမိတ်ဆွေ တစ်ယောက်က ပြောပြခဲ့တော့ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်၊ ဘာ့ကြောင့် ဒီစကားနဲ့ ခြိမ်းခြောက်တာလဲ၊ ဘာ့ကြောင့် မီဒီယာကို ထည့်ပြောတာလဲလို့ တွေးကြည့်တဲ့ အခါမှာတော့ စတုတ္တမဏ္ဍိုင်ဆိုတာ တစ်ဖြည်းဖြည်းနဲ့ အသုံးချခံ မီဒီယာ အသွင်ကို ပြောင်းလဲလာနေတယ်ဆိုတဲ့ အချက်ကို စိတ်မကောင်းစွာ သိရှိခဲ့ရပါတယ်။

Pages

Subscribe to RSS - Lifestyle