ကလေးတွေ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီဆိုရင် ၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ

ကလေးများ ၀မ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်၍ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာယုဇနစောမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရောဂါနှင့် ပတ်သက်သည်များအား ဆရာဝန်ကြီးမှ အောက်ပါအတိုင်းအသိပေး ပြောကြားခဲ့သည်။

တစ်ချို့က ၀မ်းပျက်ဝမ်းလျှော ရောဂါကိုအထက်လှန်အောက်လျှော ရောဂါလို့လဲခေါ်တယ်။ နောက်တစ် မျိုးက အစာအဆိပ်သင့်တဲ့ရောဂါ လို့လဲ ခေါ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါက အူလမ်းကြောင်း မသန့်လို့ဖြစ်တဲ့ ရောဂါပါ။ အူလမ်းကြောင်းအဓိက မသန့်ရတဲ့အကြောင်းအရင်းက တစ် ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့လည်း ဆိုင်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းမှု မရှိတဲ့နေရာတွေမှာ ကလေးများအတွက် ၀မ်းပျက်ဝမ်း လျှောရောဂါပိုပြီးဖြစ်ပွားနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင်

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ် အောင် ကလေးများအစာမစားခင် (သို့) ကလေးငယ်များကို အစား မကျွေးခင်မှာလက်ကိုစင်ကြယ်အောင် ဆေးသင့်သလိုကလေးကို အစာခွံ့ ကျွေးကာနီး အချိန်မှာတော့ လက်ကို အသန့်ရှင်းဆုံးဖြစ်အောင် ဆောင် ရွက်ထားသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် နိုင်ဖို့အတွက် ကလေးတွေကို လက်နဲ့ အစာခွံ့ကျွေးခြင်းထက်ဇွန်းနဲ့ အစာ ခွံ့ကျွေးခြင်းကရောဂါအန္တရာယ် ဖြစ်ပွားနိုင်ချေကို အဓိကကာကွယ် ပြီးသားဖြစ်ပါတယ်။ ကလေးငယ် တွေကိုလတ်ဆတ်ပြီး ပူနွေးသည့် အစားအစာများကို ကျွေးသင့်ပါ တယ်။ ရေအေးကရောဂါပိုးကိုဝင် စေနိုင်လို့ ရေကိုကျိုချက်ပြီးတိုက်ပါ။ ကလေးကိုအစာကျွေးတဲ့အခါ ပိတ် စိမ်းပါးနဲ့ တိုက်ပြီးမကျွေးသင့်သလို ၀ါးပြီးတော့လည်း မကျွေးသင့်ပါဘူး။ ၀မ်းမသွားစေဖို့ ဘယ်လိုအစားအစာ ကို ရှောင်ကြဉ်သင့်သလဲ

အဓိကရောဂါဖြစ်ရတဲ့အကြောင်း အရင်းကမသန့်တဲ့ အစာကြောင့်ဖြစ် သလို မလတ်ဆတ်တဲ့အစာ၊ မသန့် တဲ့ရေ၊အချဉ်နဲ့စားရတဲ့အကင်ချောင်း၊ အကြော်၊ဒုတ်ထိုး၊အသုပ်စုံတွေကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။

နို့စို့ကလေးဝမ်းပျက်ရင်

နို့ဘူးနှင့်နို့သီးခေါင်း သန့်ရှင်းမှု မရှိခြင်း၊ ကလေးကို ခွံ့ကျွေးသည့် လူကြီးလက်သန့်ရှင်းမှု မရှိခြင်း ကြောင့် အဓိကဖြစ်တတ်လို့  နို့ဘူး၊ နို့သီးခေါင်းနဲ့ ထမင်းကျွေးတဲ့ လူကြီး ရဲ့လက်သန့်ရှင်းဖို့ အရေးကြီးပါ တယ်။

ရောဂါဘယ်လိုဖြစ်သလဲ

မသန့်တဲ့အစာကိုကလေးကစား မိရင် အဲဒီအစာက အူလမ်းကြောင်း ကို ရောက်သွားပြီဆိုရင် အူနံရံတွေ ကို အဆိပ်အတောက် ဖြစ်စေပါ တယ်။အူနံရံကိုပျက်စီးစေတဲ့အတွက် ကလေးအနေနဲ့မစားချင် မသောက် ချင်တွေဖြစ်လာပါမယ်။

ဝမ်းပျက်ရခြင်းရောဂါလက္ခဏာများ

ပျို့မယ်၊ အန်မယ်၊ ပိုးအရှိန် ကြောင့်မို့လို့ ကလေးအနေနဲ့ ကိုယ်ပူ မယ်၊ ဗိုက်ရစ်မယ်၊ ဗိုက်နာမယ်၊ ၀မ်း သွားရင်အရည်သွားမယ်၊ အရည် ရော အဖတ်ရောသွားမယ်၊ ချွဲပါမယ်၊ သွေးပါမယ်၊ ၀မ်းခဏခဏသွားမယ်။

ရောဂါအဖြစ်ပွားဆုံးအချိန်

မိုးတွင်းနဲ့ ဆောင်းတွင်းပါ။အဖြစ်များဆုံးကာလကမိုးတွင်းပါ။ ဒုတိယ အဖြစ်များဆုံးကာလက ဆောင်းတွင်းပါ။ ကျန်တဲ့အချိန်တွေ မှာလည်းဖြစ်တတ်ပါတယ်။ အဓိက က ချိုတဲ့အသီးပေါ်တဲ့ အချိန်မျိုးမှာ ပိုပြီးဖြစ်ပွားတတ်ပါတယ်။

ရောဂါပြင်းထန်ပြီဆိုရင် နောက်ဆက် တွဲဆိုးကျိုးများ

ဝမ်းပျက်ဝမ်းလျှောရောဂါက နေ ၀မ်းကိုက်ရောဂါ အသွင်ကိုပါ ကူးပြောင်းသွားနိုင်ပြီး ကလေးရဲ့ အသည်းကိုပါ ထိခိုက်နိုင်ပါတယ်။ အသည်းမှာ ပြည်တည်မယ်။

ဓါတ်ဆားချို့တဲ့ပြီဆိုရင်၊ ဆီးမသွား တော့ရင်အရေးကြီးပြီ

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် နေတဲ့အတွက်အန်တဲ့ အချိန်မှာရော ၀မ်းသွားတဲ့အချိန်မှာပါ ဓါတ်ဆား ဓါတ်တွေပါသွားတတ်ပါတယ်။ အဲ အတွက်ကြောင့်ဓါတ်ဆားတွေဆုံးရှုံး သွားတယ်။ အဲလိုပါသွားတဲ့ ဓါတ်ဆားတွေအချိန်မီ ပြန်မဖြည့်နိုင် ရင်အသက် အန္တရာယ်ကိုပါ ဆုံးရှုံး သွားနိုင်ပါတယ်။ ဓါတ်ဆားချို့တဲ့ သွားပြီဆိုရင် ကျောက်ကပ်ကိုပါ ထိ ခိုက်သွားစေနိုင်ပါတယ်။ ကျောက် ကပ်ကို ထိခိုက်သွားပြီဆိုရင် ဆီး မသွားတော့ပါဘူး။ ဆီးမသွားတော့ ဘူးဆိုရင် ကလေးအသက်အန္တရာယ် ဆုံးရှုံးရနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ အရေးပေါ် အခြေအနေများနှင့် သိထားသင့်သည့် အချက်များ

ဓါတ်ဆားရေ၊ စွပ်ပြုတ်ရေ၊ နို့ တိုက်လက်စဆိုရင်လည်း ၀မ်းပျက် လို့ဆိုပြီး ဆက်မရပ်လိုက်ပါနဲ့။ ဆက် တိုက်ပါ။ မရပ်လိုက်ပါနဲ့။ ကုသနေ တဲ့ကြားက မျက်တွင်းတွေကျလာပြီ၊ အရမ်းကိုပျော့ခွေလာပြီ လိုတာထက် ပိုပြီးမှိန်းနေရင်၊ ပုံမှန်ထက်ပိုပြီး ရေ တောင်းနေရင်၊ ကလေးဗိုက်ကိုစမ်း ကြည့်လို့ ပျော့ရဲရဲကြီးဖြစ်နေရင် နီး စပ်ရာဆေးခန်းကို အမြန်ဆုံးသွား ရောက်ကုသသင့်ပါတယ်။ ၀မ်းပျက် ၀မ်းလျှော ရောဂါကို မကုသဘူးဆို ရင် နာတာရှည် ၀မ်းပျက်ရောဂါဖြစ် ပွားနိုင်သလို၊ ကူးစက်ဝမ်းရောဂါပါ ဖြစ်ပွားနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ် အောင် ၀က်သက်ရောဂါကာကွယ် ဆေးထိုးပေးတဲ့အချိန်ကျရင် ကလေး ကိုသူအချိန်နဲ့ သူကာကွယ်ဆေးကို မှန်မှန်ထိုးပေးပါ။ ၀က်သက်ရောဂါရဲ့ နောက်ဆက်တွဲရောဂါက ၀မ်းပျက် ၀မ်းလျှောရောဂါပါပဲ။ ၀မ်းပျက်ဝမ်း လျှောလို့ဆေးသောက်မယ်ဆိုကလေး ကို မိမိသဘောနဲ့ကိုယ် မတိုက်ပါနဲ့။ မလိုအပ်ပဲကိုယ်သဘောနဲ့ကိုယ်တိုက် ခြင်းအားဖြင့် ကလေးအနေနဲ့ဆေး ယဉ်ပါးပြီး ကလေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကို ပိုပြီးခံစားရစေနိုင် ပါတယ်။ ၀က်သက်ရောဂါကာကွယ် ဆေးထိုးထားတဲ့ ကလေးက ဆေး မထိုးတဲ့ ကလေးထပ်ပိုပြီးရောဂါဖြစ် ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ မိခင်နို့ တိုက်တဲ့ကလေးထက်မိခင်နို့သောက် တဲ့ ကလေးက ၀မ်းပျက်ဝမ်းလျှော ရောဂါပိုဖြစ်ပွားနိုင်ပါတယ်။

Category: 

Share