ဆဌမအကြိမ် ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ ကို ဇူုလိုင်လတွင် ကျင်းပရန်ရှိ ဆုကြေးကျပ်သိန်း ၆၀၀ ချီးမြှင့်မည်

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဖြစ်သော ဒဂုံရွှေအောင်လံရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇူလိုင် ၂၀ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ ဇူလိုင် ၂၇ ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း ကျင်းပသွားမည်ဟု သိရသည်။

ယခင်နှစ်များက နှစ်စဉ်ဒီဇင်ဘာနှင့်ဇန်န၀ါရီလတွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဆီးဂိမ်းနှင့်တိုက်ဆိုင်နေခြင်း၊ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲကို ဇွန်လတွင်ကျင်းပရန်ရှိသဖြင့် ထိုပြိုင်ပွဲမှထွက်ပေါ်လာမည့် ရွှေတံဆိပ်ရှင် မျက်နှာသစ်အားကစားသမားများကို ပါဝင်ယှဉ်ပြိုင်စေလိုခြင်းကြောင့် ပြိုင်ပွဲကိုနောက်ဆုတ်ကျင်း ပရန်စီစဉ်လိုက်ကြောင်း သိရသည်။ ယခုနှစ် ဆဌမအကြိမ် မြောက်ဒဂုံရွှေ အောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အလွတ်တန်း ရွှေအောင်လံ၊ ပထမတန်း ရွှေအောင်လံ၊ ဒုတိယတန်းရွှေ အောင်လံ၊ တတိယတန်း ရွှေအောင်လံဟု အတန်းလေးတန်းခွဲ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း လက်ဝှေ့ကျော်(၂၈)ဦး၊ ရုရှားနှင့်ဂျပန်လက်ဝှေ့ကျော် (၄)ဦးလည်း အလွတ်တန်းနှင့် ပထမတန်း တွင် ပါဝင်ထိုးသတ်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ရုရှားမှ လက်ဝှေ့ကျော် ဆာရီကော့ဗ်သည် ပထမတန်းအောင် လံဆုကို ဆွတ်ခူးသွားပြီး ၊ အာမေနီး ယား လက်ဝှေ့ကျော် ကျော်ဒါဗစ်သည် အလွတ်တန်းတွင် ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့သဖြင့် ၄င်း လက်ဝှေ့ကျော် များ၏ ထိုးသတ်ကွက်များကိုမြန်မာ ပရိသတ်အထူးနှစ်သက်ခဲ့သည်။

ယမန်နှစ်က အတွေ့အကြုံများ အရ သတ်လုံသတ်ကွက်ကျွမ်းကျင်ပြီး ဇွဲသတ္တိအပြည့်ဖြင့် ထိုးသတ်သောရုရှား နှင့် ဂျပန်လက်ဝှေ့ကျော်များကို စရိတ် များစွာ အကုန်ကျခံပြီးခေါ်ယူထိုးသတ် ရန်စီစဉ်ထားကြောင်း၊ ထိုင်းနိုင်ငံတွင် အခြေချပြီး စီးပွားဖြစ်လိုက်လံထိုးသတ် နေသောနိုင်ငံတကာလက်ဝှေ့သမားများ ကို ယခုနှစ်တွင်ခေါ်ယူထိုးသတ်စေမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ မှအဖွဲ့ချုပ်များနှင့်ဆက်သွယ်ပြီးသာ ခေါ်ယူမည်ဖြစ်ကြောင်း၊ ရိုးရာလက်ဝှေ့ အဆင့်အတန်းမြင့်မားရန်နှင့်မျက်နှာသစ် မျိုးဆက်သစ်များကို ပြိုင်ပွဲကြီးအတွေ့ အကြုံရရန် ဒဂုံအဖျော်ယမကာကုမ္ပဏီ လိမိတက်အနေဖြင့် နှစ်စဉ်ဒဂုံရွှေ အောင်လံမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကြီးကို ငွေကြေးများစွာအကုန်ကျခံ စီစဉ်ပေးနေကြောင်း သတင်းရရှိသည်။

 

Category: 

Share