လုံခြုံရေးအယောင်ဆောင် ဓါးပြတိုက်သူဟုယူဆရသူ ဘင်္ဂလီများကို မောင်တောတွင်ဖမ်းဆီး

မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ အယောင်ဆောင်ပြီး ဓါးပြတိုက်နေသူများဟု ယူဆသော အဖွဲ့ဝင်(၅)ဦးကို ယခုလ(၂၁)ရက်နေ့က မောင်တော ရဲတပ်ဖွဲ့က ရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ယခုဖမ်းဆီမိသော ဓါးပြ(၅)ဦးမှာ (၂၀၁၄)ခုနှစ် ဇန်န၀ါရီလ (၄)ရက် နံနက်(၁)နာရီတွင် မောင်တောမြို့နယ် အလယ်သံကျော် အုပ်စု မောင်တူလာ ရွာနေဦးရှော်ဘီအူလာ ၆၂နှစ်၊ (ဘ)နော်ဇီရာမောက်၏ နေအိမ်သို့သွားရောက် ဓါးပြတိုက်သူများဖြစ်ပြီး၊ ယမန်နေ့က ၄င်းနေအိမ်တွင် ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်ထိမ်ဆိုင်တွင် လာရောက်ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း  မောင်တော ဒေသခံများထံမှ သိရသည်။

မောင်တော မြို့နယ်အတွင်း ဘင်္ဂလီကျေးရွာများရှိ ချမ်းသာသော မိသားစုများကို ဓါးပြတိုက်မှုများဖြစ်ပွား နေကြောင်း၊ ဘင်္ဂလီအချင်းချင်း ဓါးပြတိုက်မှုများလဲ ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

၎င်းတို့ထံမှ ဖမ်းဆီးရမိသော ရွှေထည်ပစ္စည်း (၁၆)မျိုး၊ အလေးချိန်အားဖြင့် (၈)ကျပ်သားကျော်၊ တန်းဖိုးငွေးကျပ် သိန်း ၅၀ ဖိုးရှိကြောင်း ၊ ဖမ်းဆီးရမိသူများကို မောင်တော မြို့မရဲစခန်းတွင် (ပ)၂၃ ၂၀၁၄ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Category: 

Share