အသက်(၇)နှစ်အရွယ် ကလေးငယ် သားမယားပြုကျင့်ရန် ကြံစည်ခြင်းခံရ

အသက်(၄၀)နှစ်အရွယ်ရှိ သူမှ တစ်ရွာတည်းနေ အသက်(၇) နှစ်အရွယ်ရှိ ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှု့တစ်ခု ယခုလ(၂၂)ရက်နေ့တွင်   လှိုင်သာယာမြို့နယ်၊ သောင်ကြီးလေးကျေးရွာ၌ ဖြစ်ပွားခဲ့ရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ သောင်ကြီးလေးကျေးရွာ၊ အောင်ချမ်းသာလမ်းတွင် နေထိုင်နေသူ ကျပန်းအလုပ်လုပ်ကိုင်သည့်   မ၀င်းထိုက် အသက်(၃၀)နှစ်မှာ နေအိမ်မှ အောင်ချမ်းသာလမ်းသို့ ဈေး ၀ယ်သွားစဉ် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် အသက်(၇)နှစ်အရွယ် မ---------မှ နေအိမ်တွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ယင်းအချိန်တွင် တစ်ရွာ တည်းနေထိုင်သူ မ၀င်းထိုက်၏ ခဲအိုသိန်းဦး (၄၀) နှစ်မှာ အိမ်သို့ ရောက်ရှိလာပြီး တစ်ဦးတည်းရှိနေ သည့် မ……. အသက်(၇)နှစ်အား  သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားနေစဉ် မ၀င်းထိုက်ဈေးမှ ပြန်လာသည့်အတွက် ကံကောင်းစွာ ဖြင့် အထမမြောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရကာ သမီးဖြစ်သူ၏ပြန်လည်ပြောပြခြင်းကြောင့် သားမယားအဖြစ် ပြုကျင့်ရန်အားထုတ်သူ သိန်းဦးအား အရေးယူပေးရန် မ၀င်းထိုက်မှ တရားလိုပြုလုပ်ပြီး တိုင်ကြားသည့်အတွက် လှိုင်သာယာ မစစ(ပ) ၂၂၀/၁၄ ၊ပြစ်ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ဖေဖော်ဝါရီလ(၂၂)နေ့တွင် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ်စိုး နိုင်မှတရားခံကို ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်းသိရသည်။

 

Category: 

Share